ဆရာဖြစ်သူ တေးရေး မောင်ကျော်ဇော မျက်ရည်ကျရတဲ့ ဖျော်ဖြေပွဲကို ပုံဖော်လိုက်သူ ခက်ခက်မိုးဦး

ဆရာဖြစ်သူ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော မျက်ရည်ကျတဲ့အထိ ဖြစ်သွားခဲ့ရတဲ့ ဖျော်ဖြေပွဲကို ပုံဖော်ဖန်တီးလိုက်သူ မြန်မာသံ အဆိုရှင် ခက်ခက်မိုးဦး
-------------------------
“ဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော ကို ဦးတည်ပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဆရာ အရမ်းဝမ်းသာသွားတယ်။ သူ့မိသားစုလည်း အရမ်းဝမ်းသာပြီးတော့ ဆရာဆို ငိုတောင် ငိုတာ။ တေးရေးဆရာတွေအတွက် တွေးတဲ့အဆိုတော်ဆိုတာ မရှိခဲ့ဘူးပေါ့။ တေးစီးရီးတွေထဲမှာ ဒီတစ်ခွေစာ မောင်ကျော်ဇောအတွက်ဆိုပြီး မောင်ကျော်ဇောသီချင်းတွေချည်းစုပြီးတော့ ထုတ်တဲ့အခွေတို့ ဘာတို့ပဲ ရှိခဲ့တယ်လေ။ အဲ့ဒီလို ဖျော်ဖြေပွဲတွေက မရှိခဲ့တော့ သူ့ဘဝမှာရော တေးရေးလောကမှာရော ပထမဦးဆုံးအတွေ့အကြုံနဲ့ ပထမဦးဆုံးပွဲဖြစ်တဲ့အတွက် သူ အရမ်းဝမ်းသာပြီးတော့ ဆရာ ငိုတယ်။ ငိုပြီးတော့ လှိုက်လှိုက်လှဲလှဲနဲ့ကို လက်ခံတယ်ပေါ့နော်။ အဲ့ဒီပွဲ လုပ်ခွင့်ကိုရော သူကိုယ်တိုင် ပါဝင်ဖို့ကိုရောပေါ့နော်။ ရိုက်ကူးရေးတွေ လုပ်တဲ့အချိန်မှာလည်း နေမကောင်းဘူး၊ လေဖြတ်ထားတဲ့ကြားကနေ ဆရာက စိတ်အားထက်သန်လာတယ်၊ ပိုပြီးတော့ သန်သန်မာမာ ဖြစ်လာတယ်။ သူ့ပုံစံက ချက်ချင်း မျက်နှာတွေဝင်းပြီးတော့ ပျော်လာတယ်” - ခက်ခက်မိုးဦး (မြန်မာသံ အဆိုရှင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #KhetKhetMoeOo #ခက်ခက်မိုးဦး #Celebrity #မြန်မာသံ #တေးသံရှင် #အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော #တေးရေး #ဖျော်ဖြေပွဲ #Singer #Song #Lyrics #Yangon #Myanmar

Пікірлер: 13

  • @winmyint-lo9th
    @winmyint-lo9th9 ай бұрын

    ရည်ရွယ်ချက်ကိုသဘောကျတယ်၊အသံကိုလည်းနှစ်သက်ပါတယ်၊အားပေးပါတယ်။

  • @kyawhtay9404
    @kyawhtay94043 ай бұрын

    A brave and bright very Burmese style Lady singer in Burma. Congratulations, Thank you.

  • @theinhlaing-ft3qv
    @theinhlaing-ft3qv2 ай бұрын

    သီချင်းတော်တော်များနားထောင် ကြည့်တယ်အားလုံးကောင်းတယ် ကြိုးစားပါအားပေးနေပါတယ်

  • @RedmiNote-jr4or
    @RedmiNote-jr4or9 ай бұрын

    ❤❤❤❤

  • @umyint2601
    @umyint2601Ай бұрын

    အာပေတယ်သမီး

  • @NyiNyi-kl9hl
    @NyiNyi-kl9hl3 ай бұрын

    အဲပွဲမှာသမီးဆိုခဲ့တဲ့မောင်ကျောဇောသီချင်းတွေနားထောင်ခွင့်ရချင်ပါတယ်

  • @minnlwin007
    @minnlwin00710 күн бұрын

    ဆန်းသစ်တဲ့စိတ်ကူးနဲ့ရဲရဲဝံ့ဝံ့ထိုးဖောက်နိုင်ပါပေတယ်။ ‌နောင်ကိုနိုင်ငံတကာအဆင့်မီသံစုံတီးဝိုင်းကြီးနဲ့ ကောင်းသထက်ပိုကောင်းတင်ဆက်နိုင်ပါစေ။

  • @KoKhinWin-sk3ye
    @KoKhinWin-sk3ye8 ай бұрын

    🎉🎉🎉

  • @aungkahtay3824
    @aungkahtay38247 ай бұрын

    စိတ်ကူးအရမ်းကောင်းပါတယ်အားပေးပါတယ်

  • @thantzinkhant1604
    @thantzinkhant16043 ай бұрын

    အထူးပွဲ။ သိချင်းတွေပြန်လွင့်ပေးပါလာ

  • @user-ol5ub7tu6n
    @user-ol5ub7tu6n5 ай бұрын

    စိတ်ကူးလေးရော စိတ်စေတနာလေးရော အသံလေးရောအရမ်းကြိုက်နှစ်သက်တယ်

  • @user-wz4ur7hd8h
    @user-wz4ur7hd8h6 ай бұрын

    ရည်မှန်းချက်အအတိုင်းအောင်မြင်ပါစေ❤❤❤❤❤❤❤

Келесі