ဟေမာနေဝင်းကို အောင်မြင်အောင်လုပ်ပေးခဲ့သူ လက်ဦးဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော

ဟေမာနေဝင်း ကို စတူဒီယိုလောကမှာ တစ်လတည်း စီးရီး ၂၀ ရရှိတဲ့အထိ အောင်မြင်စေခဲ့သူ လက်ဦးဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော
--------------------
“ဦးက ဘယ်သူ့ကိုမွေးထုတ်ခဲ့လဲဆိုတော့ ဟေမာနေဝင်း ကို မွေးထုတ်ခဲ့တာ။ စတူဒီယိုလိုင်းမှာ ဒီကောင်မလေးက အသံကောင်းတယ်လေ။ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်း ကိုရဲ က ကိုယ့်ဆီကို ဟေမာနေဝင်း လာအပ်တာ။ သူငယ်ချင်းဖြစ်တော့ ဦးမှာ လုပ်ပေးရမယ့်တာဝန် ရှိတယ်လေ။ ဟေမာနေဝင်းကို လုပ်ပေးလိုက်ချိန်မှာ စီးရီးက အောင်မြင်တယ်။ ဟေမာနေဝင်းရဲ့အဲ့ဒီစီးရီးက အရမ်းကိုရောင်းရတဲ့အထိ ဖြစ်သွားတာ။ ဟေမာနေဝင်းက တစ်လတည်းနဲ့ စီးရီး ၂၀ လက်ခံရတဲ့အထိ အောင်မြင်သွားတယ်။ သူ့အိမ်ကိုသွားတော့ သူ့အမေ ဒေါ်ခင်မာလာက ကိုရဲ မိတ်ဆက်ပေးတော့ ဆရာရယ်…ကျေးဇူးတင်လိုက်တာ၊ သမီးက အခုပဲ စီးရီး ၂၀ လက်ခံထားပြီးပြီလို့ ပြောပြခဲ့တာ။ ကိုယ်က ကိုယ်လုပ်ပေးလိုက်တဲ့အဆိုတော် အောင်မြင်သွားတော့ ဝမ်းသာတာပေါ့။ အဲ့တုန်းက ဦးလို လိုက်လုပ်နေတဲ့ ရာမတို့၊ သီတာတို့ ရှိတယ်။ ရာမဆိုရင် ဦးက စီးရီးသွင်းပြီဆိုရင် ဘာသီချင်းတွေလဲဆိုပြီး လာလာ နားထောင်တာ။ ဦးက မေရွက်ဝါအတွက် လုပ်ထားတဲ့သီချင်းကို သူက လာကြည့်ပြီး ဟေမာနေဝင်းနဲ့ လုပ်သွားတာမျိုးတွေတောင် ရှိခဲ့တယ်” - အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော(တေးရေး)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော #တေးရေး #Celebrity #မြန်မာသံ #တေးသံရှင် #စတူဒီယို #တေးစီးရီး #ဟေမာနေဝင်း #HayMarNayWinn #Singer #အဆိုတော် #Lyrics #လက်ဦးဆရာ #Yangon #Myanmar

Пікірлер: 1

  • @user-vl1fb3ow1h
    @user-vl1fb3ow1h Жыл бұрын

    လုပုပ်ပဲ့တော့စကးပြောာတောင်လုံးပထွေးြစ်နေပြလာပတ့လူရှိသေးလို့လား

Келесі