ဂီတလောက အတိုက်အခိုက်များတယ် - အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော်

အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇောရယ်လို့ ဂီတလောကမှာ နာမည်တလုံးနဲ့ရပ်တည်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာ ရေးဖွဲ့ခဲ့သူပါ။ တေးရေးအဖြစ်သာမက စီစဉ်သူအဖြစ်လည်း ရွှေတိုင်ညွန့်ရေးတဲ့ ဇာတိမာန်သီချင်းပါဝင်တဲ့ “ဇာတိမာန်”တေးစီးရီးကို ၁၉၈၈ ကာလမှာ စီစဉ်ခဲ့ရာမှာလည်း ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့ပါတယ်။ မောင်ကျော်ဇောရဲ့ သီချင်းတွေကို ဒီဘက်ခေတ်မှာ အဆိုတော် ခက်ခက်မိုးဦးက ပြန်ဆိုရာကနေ သူ့သီချင်းတွေဟာ တကျော့ပြန်အောင်မြင်မှုရရှိလာပါတယ်။ အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇောအနေနဲ့ ဂီတလောကထဲစတင်ဝင်ရောက်လာပုံ၊ ဖြတ်သန်းမှုနဲ့ အနုပညာလောကအကြောင်း ပြောပြထားပါတယ်။

Пікірлер: 5

  • @konyinyi6742
    @konyinyi674211 ай бұрын

    ကျနော်သိပ်သဘောကျခဲ့ရတဲ့ အဆိုရှင်တွေရဲ့ အကောင်းဆုံးဆိုတဲ့သီချင်းတွေရဲ့ဖန်တီးရှင် မွေးဖခင်ကြီးကို မြင်တွေ့ခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်ခဗျာ

  • @AKTun
    @AKTun11 ай бұрын

    ဆရာ နေကောင်းပါစေ လေးစားလျှက်ပါ

  • @aungsoe2956
    @aungsoe2956Ай бұрын

    လေးစားလျှက်ပါဆရာ ကျန်းမာအသက်ရှည်ပါစေ

  • @user-gc7ju3rt8v
    @user-gc7ju3rt8vАй бұрын

    ဆရာရဲ့ဂီတပညာကိုလေးစားစွာကန်တော့ပါသည်

  • @khinayekhinaye4745
    @khinayekhinaye4745Ай бұрын

    ပါရမီရှင်တစ်ဦးပါပဲ။လက်ဖျားခါလောက်အောင်တော်ပါပေတယ်

Келесі