Traveling to Northern India & Punjab | နှင်းမှုန်အိန္ဒိယမြောက်ပိုင်းနှင့်ပန်ချာပီမြေဆီ ခရီးနှင် (၁)

အိန္ဒိယမြောက်ပိုင်းဟာ ဟိမဝန္တာတောင်ကြောနဲ့ နီးစပ်လာတာမို့ ရေခဲတောင်တွေနဲ့ ဆောင်းတွင်းကာလဆို သိပ်လှနေတတ်ပါတယ်။ ကျွန်တော်တို့ ခရီးသွားမောင်နှမတွေ အိန္ဒိယမြောက်ပိုင်း ရေခဲတောင်တွေရှိရာ ဆင်းမလား (ရှင်းမလား)၊ မနားလီ မြို့တွေကို ခရီးထွက်ခဲ့ကြသလို၊ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ဖူးတဲ့ ပန်ချာပီလူမျိုးတွေ အများဆုံးနေထိုင်ကြရာ ပန်ဂျပ်ပြည်နယ်ထဲက မြို့တွေကိုပါ သွားရောက်ဖြစ်ခဲ့ကြပါတယ်....
တမူကွဲပြားတဲ့ မြောက်ပိုင်းအိန္ဒိယရဲ့ လူနေမှုပုံစံတွေ၊ အစားအသောက်ချက်ပြုတ်ပုံနဲ့ ဝတ်စားဆင်ယင်ပုံတွေ မျိုးစုံကို သိကျွမ်းရင်းနှီးလေ့လာခွင့်ရသလို၊ ရေခဲမှုန်တွေ၊ နှင်းတွေ၊ ရေခဲတောင်တွေ မြင်တွေ့ရခဲတဲ့ ကျွန်တော်တို့အတွက် ရေခဲတောင်တွေပါ ရောက်ရှိနိုင်ခွင့်ရခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းလွန်းတဲ့ အိန္ဒိယမြောက်ပိုင်း ခရီးစဉ် အကြောင်းကို အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးချင်ပါတယ်။ အခု ဗီဒီယိုမှာတော့ နယူးဒေလီ နဲ့ ဆင်းမလားမြို့တွေ က စိတ်ဝင်စားစရာအကြောင်းအရာတွေကို တင်ဆက်ထားပြီး ဒီဗီဒီယို ဟာ Reality Travel Show ဖြစ်တဲ့အတွက် ဘာမှ ဖြည့်စွတ်ပြင်ဆင်ရိုက်ကူးခြင်းမရှိဘဲ လက်တွေ့ကျကျ ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း ကိုယ်တိုင်လိုက်ပါခရီးထွက်ရတဲ့ ခံစားမှုကို သေချာပေါက်ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ...
အားလုံး အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် (Thiha, the Traveller)

Пікірлер: 22

  • @shwenadibago34
    @shwenadibago34

    အသက်ငယ်တုန်းကျန်းမာတုန်းခရီးသွားကြီးလာရင်သွားဖို့မလွယ်ဘူး။

  • @margaoxygen
    @margaoxygen14 күн бұрын

    Thanks For Sharing

  • @khinekhin6850
    @khinekhin6850

    Thanks so much 💓 for vlog

  • @nyeinwin3425
    @nyeinwin3425

    Good thanks for sharing

  • @soethulwin1986
    @soethulwin1986

    Thank you brother

  • @rjanethi2734
    @rjanethi2734

    Thanks for sharing.

  • @uatdks803
    @uatdks803

    thanks for sharing

  • @kowin9803
    @kowin9803

    Thank🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

  • @kokolwin1900
    @kokolwin1900

    ကျေးဇူးပါဗျ

  • @sapal9364
    @sapal9364

    Thank you so much ♥️

  • @keshavacharya1094
    @keshavacharya1094

    Per had how much pay myanmar ks

  • @chalibean066
    @chalibean066

    အကိုက အရင် ပြည်မြန်မာ ဂျာနယ်မှာ ခရီးသွားကဏ္ဌမှာပါတယ့် တစ်ယောက်လား?? အိန္ဒယမြောက်ပိုင်းကို သဘောကျတယ် ရောက်ဖူးချင်တယ်။

  • @user-yx4xv3bm8y
    @user-yx4xv3bm8y

    ယုသနတာတင် လား

  • @satanhimself1018
    @satanhimself1018

    2:00

  • @ThihaLuLin
    @ThihaLuLin

    ဒီ အိန္ဒိယမြောက်ပိုင်း ခရီးစဉ် စိတ်ဝင်စားရင် ESS Travels & Tours မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ…

Келесі