Chiang Mai Overnight Sleeper Train | ဘန်ကောက် ကနေ ချင်းမိုင် ကို အိပ်စင်ရထားနဲ့ ခရီးသွားကြမလား

ချင်းမိုင်မြို့လေးဟာ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ သွားချင်စိတ်ပြင်းပြတဲ့ သိပ်လှတဲ့မြို့လေးပါ။ ဒီမြို့လေးဆီကို ဘန်ကောက်ကနေ သွားလို့ရတဲ့ နည်းတွေများစွာထဲက အိပ်စင်ပါတဲ့ ရထားလေးနဲ့ သွားရတာကို အတော်များများ နှစ်သက်ကြပါတယ်။ လေယာဉ်ဈေးနဲ့ အတူတူလောက်ဖြစ်ပေမဲ့ ဒီအိပ်စင်ရထားနဲ့ ဘာကြောင့်သွားဖို့စိတ်ဝင်စားနေကြသလဲ သိရဖို့ ကျွန်တော်ကိုယ်တိုင်လည်း ဒီတစ်ခါ ချင်းမိုင်ကို သွားလည်တဲ့အခါ အိပ်စင်ရထားလေး စီးနင်းဖြစ်ပါတယ်။
.
၁၀ ရက်လောက်ကြိုတင်ဘိုကင်ယူတာတောင် လိုချင်တဲ့အိပ်စင်မရတတ်လို့ ဒီလို ရထားနဲ့ ခရီးသွားမယ်ဆို တစ်လလောက်ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။​ 12Go ကနေ အွန်လိုင်း လက်မှတ်ဝယ်လို့ရသလို၊ Bang Sue ဘူတာကြီးမှာလည်း သွားရောက်ဝယ်ယူနိုင်ပါသေးတယ်။
.
အိပ်စင်ရထားတွေထဲမှာမှ ညနေ ၆း၃၀ ဝန်းကျင်ထွက်တဲ့ #9 ရထားကို ရွေးချယ်စီးနင်းမှု အများဆုံး ဖြစ်ပါတယ်။ မနက် ၇း၃၀ ခန့်ဆို ချင်းမိုင်ကို ရောက်ပါတယ်။ ညစာ နဲ့ မနက်စာ ကို ရထားက စားသောက်ဆိုင်​ဝန်ထမ်းတွေ အော်ဒါလာကောက်တဲ့အခါ ဝယ်စားနိုင်ပါတယ်။
.
စိတ်ဝင်စားဖို့ကောင်းတဲ့ ဘန်ကောက် - ချင်းမိုင် အိပ်စင်ရထားအကြောင်းကို ဗီဒီယိုကနေ တဆင့် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ....
.
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာလို့ စိတ်ချမ်းမြေ့ကြပါစေ...
သီဟလုလင် (Thiha, the Traveller)

Пікірлер: 27

  • @thasui9798
    @thasui97986 ай бұрын

    Thank you ပါ

  • @sapal9364
    @sapal936411 ай бұрын

    မဂ်လာပါမောင်လေး အိပ်စင်နဲ့ဇိမ်ကျတာပေါ့ ကျေးဇူးပါရထားလဲစီးရပြီ

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    ရထားနဲ့သွားရတာတော့ အတော် လူသက်သာတာပါ အစ်မရယ် ☺️

  • @khinmgohn6867
    @khinmgohn686710 ай бұрын

    ကျေးဇူးတင်ပါတယ်

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဗျ

  • @laymarkhin7069
    @laymarkhin70697 ай бұрын

    ကောင်းလိုက်တာသန့်ပြန့်နေတာဘဲ ကိုယ့်နိုင်ငံမှာလည်းဖြစ်စေချင်တယ်

  • @ThihaLuLin

    @ThihaLuLin

    7 ай бұрын

    ရထားတော်တော်မိုက်ပဲ ☺️

  • @saikaungkaung5834
    @saikaungkaung583411 ай бұрын

    ကျေးဇူးတင်ပါတယ် အမြဲအားပေးနေပါတယ်ခင်ဗျာ့

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    အမြဲချစ်ခင်အားပေးလို့ ကျေးဇူးအထူးပါဗျား ☺️

  • @KhinhninSi-gx9gx
    @KhinhninSi-gx9gx7 ай бұрын

    ကားစီးရင်ကြာချိန်ဘယ်နှစ်နာရီကြာမလဲ၊ရထားကြာချိန်က၁၃နာရီနော်၊အဲ့မှာဘာတွေထူးခြားဝယ်လို့ကောင်းတဲ့အသုံးအဆောင်တွေသိပါရစေ။ကျေးဇူးပါ

  • @ThihaLuLin

    @ThihaLuLin

    7 ай бұрын

    ကားစီးရင်လည်း ၁၁ နာရီလောက်ပါပဲ ချင်းမိုင်ကနေ ဘန်ကောက်အပြန် ကားနဲ့ပြန်ဖြစ်တာ

  • @user-ei7vb2uw5p
    @user-ei7vb2uw5p6 ай бұрын

    👍

  • @myotun3015
    @myotun301510 ай бұрын

    တစ်ခန်းလုံးဝယ်ပြီး သုံးယောက်စီးလို့ရလားဗျ။

  • @poseidon.156
    @poseidon.1565 ай бұрын

    ရန်ကုန် to ဘန်ကောက် လေယာဥ်စရိတ် ထိုင်းမှာ နေတဲ့ ဟိုတယ်စရိတ် ကား,ရထား,လေယာဥ် စရိတ်စုစုပေါင်း ဘယ်လောက်ကုန်လဲဗျ

  • @datamind2993
    @datamind299311 ай бұрын

    အစ်ကိုနဲ့အတူတူ ခရီးသွားခွင့် ရချင်ပါတယ်

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    လာခဲ့လေ သွားကြမယ် ☺️

  • @datamind2993

    @datamind2993

    10 ай бұрын

    @@ThihaLuLin Radio နားထောင်တည်းက အစ်ကိုကြောင့် worldwide သီချင်းတွေနဲ့ ရင်းနှီးလာရတာ အမြဲတမ်းအားပေးနေပါတယ် အစ်ကို u are the best👍

  • @tinoomyatkyithar3769
    @tinoomyatkyithar376911 ай бұрын

    အားလုံးရှင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်လိုရာခရီးကိုဘေးကင်းဖြောင့်ဖြူးစွာရောက်ရှိပါစေ။

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    ကျေးဇူးအထူးပါဗျား အဆင်ပြေပါစေဗျား ☺️

  • @ashinpannalinkara1468
    @ashinpannalinkara14686 ай бұрын

    လက်မှတ်က ဘယ်လောက်လဲ

  • @pwintthetchoo
    @pwintthetchoo11 ай бұрын

    တစ်ယောက်ထဲလား

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    ကိုယ်ဒေကတော့ တစ်ယောက်တည်း လိမ့်တာပဲ

  • @khinmgohn6867
    @khinmgohn686710 ай бұрын

    သူတို့ရထားတွေနဲ့ဘူတာတွေကသပ်ယပ်သန့်ရှင်းတယ်

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    အတော်လေး သပ်ရပ်အဆင့်ရှိတာပါ ☺️

  • @swamyee5198
    @swamyee519811 ай бұрын

    ဒီဇင်ဘာမှာငါတို့လာပီ

  • @ThihaLuLin

    @ThihaLuLin

    10 ай бұрын

    ဒီဇင်ဘာကတော့ လည်လို့ အလှဆုံးချိန်ပါပဲ ☺️

  • @user-PsychoAlpha9900
    @user-PsychoAlpha99004 ай бұрын

    Booking တင်ပြီးရင် ဖုန်းနဲ့ပဲ ပြရတာလား ငွေရှင်းတော့ ဘူတာမှာပဲ ရှင်းရတာလားခင်ဗျာ။

Келесі