တွံတေး သာသနာ့ဝေပုလ္လကျောင်းတိုက်ရဲ့ ထူးခြားချက်များ (စ/ဆုံး)

ရှေးဟောင်းပြတိုက်ကြီးတခုကိုရောက်သွားရသလို ခံစားချက်မျိုးရရှိစေတဲ့ ရှေးဟောင်းကျောင်းတိုက်ကြီးတခု တွံတေးမြို့နယ်ထဲမှာရှိနေပါတယ်။
ကျောင်းတိုက်ကြီးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ ကျော်ပြီဖြစ်ပြီး ခေတ်အဆက်ဆက်ကျောင်းထိုင်ခဲ့တဲ့ ဆရာတော်ကြီးတွေ အသုံးပြုစုဆောင်းခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်တွေ၊ ပေစာ၊ ပရပိုက်စာတွေအပြင် ဆရာတော်ကြီးတွေကြွချီရာမှာ အသုံးပြုခဲ့တဲ့ လောင်းလှေတွေလည်းရှိနေပါတယ်။
ကျောင်းတိုက်ကြီးရဲ့ ဘုရားခန်းမှန်ချပ်တွေမှာ ဆိုရင်လည်း အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ရုပ်အလောင်းတွေကိုထားရှိခဲ့တဲ့ မှန်ခေါင်းတလ္လားမှာအသုံးပြုခဲ့တဲ့ မှန်ချပ်တွေနဲ့ ထည့်သွင်းကာရံထားပါတယ်။
ဒါကတော့ ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ မငေးကျေးရွာမှာရှိတဲ့ သာသနာ့ဝေပုလ္လ ရှေးဟောင်းကျောင်းတိုက်ကြီးပဲဖြစ်ပါတယ်။
မငေးရွာနေ ပါလီမန်အတွင်းဝန် ဦးသန်းဆွေဟာ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဈာပနအခမ်းအနား ကျင်းပရေးကော်မတီဝင်တဦးဖြစ်ခဲ့ပါတယ်။ ဈာပနအခမ်းအနားအပြီးမှာ အဆိုပါမှန်ချပ်တွေကိုယူဆောင်လာပြီး သာသနာ့ဝေပုလ္လကျောင်းကို လှူဒါန်းခဲ့တာလို့ သိရပါတယ်။
သာသနာ့ဝေပုလ္လကျောင်းတိုက်ကို အောက်မြန်မာပြည် အင်္ဂလိပ်လက်အောက်မှာရှိစဉ်ကာလက တည်ဆောက်ခဲ့တာဖြစ်ပြီး သိမ်တော်ဆောက်လုပ်ခွင့်ပြုကြောင်း အိန္ဒိယဘုရင်ခံရဲ့ အသိအမှတ်ပြု ဝိသုံဂါမသိမ်အမိန့်စာမူရင်းကိုလည်း ယနေ့ထိတိုင် ကောင်းမွန်စွာထိန်းသိမ်းထားပါတယ်။
မင်းတုန်းမင်းလက်ထက် တောင်ဝံသာသနာပိုင်ဆရာတော်ကြီးမှ သာသနာ့ဝေပုလ္လကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို တွံတေးမြို့နယ်ရဲ့ သံဃအကြီးအကဲအဖြစ်ခန့်အပ်တဲ့ ပေစာ နှစ်စောင်ကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။ ပထမပေစာမှာဆိုရင် မင်းတုန်းမင်းလက်ထက်ကအသုံးပြုခဲ့တဲ့ နိုင်ငံတော်တံဆိပ် ခတ်နှိပ်ထားထာကို တွေ့ရှိရမှာဖြစ်ပါတယ်။
သုံးဘဝကူး နှစ်ထပ်ဆရာတော်လို့ လူသိများတဲ့ လူဝင်စားဆရာတော်ကြီးဟာ သာသနာ့ဝေပုလ္လကျောင်းတိုက်မှာ နှစ်ဘဝတိတိ ဦးစီးပဓာနဆရာတော်အဖြစ် သာသနာ့ဝန်ထမ်းဆောင်ခဲ့ပြီး ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျိန်းစက်ခဲ့တဲ့ ခုတင်နှစ်လုံးကိုလည်း ဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်တုန်းကအတိုင်း ထိန်းသိမ်းထားရှိထားပါတယ်။
အထက်ဖော်ပြပါ အချက်အလက်များအပြင် နောက်ထပ်လည်း စိတ်ဝင်စားစရာ၊ မှတ်သားဖွယ်ရာ၊ ဗဟသုတဖြစ်စရာ အကြောင်းချင်းရာများစွာ ကျောင်းတိုက်ကြီးမှာရှိနေပါသေးတယ်။
သာသနာ့ဝေပုလ္လ ရှေးဟောင်းကျောင်းတိုက်ကြီးအကြောင်း မှတ်တမ်းဗီဒီယိုကို News Watch Facebook page ၊ ရုပ်ရှင်တေးကဗျာ Facebook page များမှာ မကြာမီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Пікірлер: 10

  • @nayayelin-nk4hc
    @nayayelin-nk4hc3 ай бұрын

    ပေစာတွေကို စကင်ဖတ်ဖို့ ဝိုင်းကူညီကြပါ

  • @RelaxZoneChannel
    @RelaxZoneChannel2 күн бұрын

    ဘုန်းကြီးက မုတ်ဆိတ်နဲ့ ဝိနည်းမညီဘူး

  • @kohtoo9520
    @kohtoo952011 сағат бұрын

    ကမ္ဘာသိအောင်ပြဘို့တော့လိုပါတယ် မြန်မာရဲယဥ်ကျေး ကမ္ဘာသိအောင်ပြသဂ့်ပါတယ်

  • @user-hs3yd9yc8f
    @user-hs3yd9yc8fАй бұрын

    တွန်တေးမြို့ရဲ့ဘယ်နေယာမှာရှိတာပါလဲလွန်ခဲ့တဲ့ငါးနှစ်လောက်ကတခါသွားရှာခဲ့ဘူးပါသေးတယ်ရွှေစာရန်ဘုရားနားမှာဆိုလို့လိုက်ရှာတာမတွေ့ခဲ့ပါဘူးခမျာ

  • @KoMgMgShein-cm7cx

    @KoMgMgShein-cm7cx

    Ай бұрын

    လှိုင်သာယာ တွံတေး ကားလမ်းမ ဘေးနားရွာမှာပါ တွံတေး တံတား မရောက်ပါဘူး

  • @user-nc1fh9tr3n

    @user-nc1fh9tr3n

    5 күн бұрын

    တွံတေးမြို့နယ်မငေးထိန်ကုန်းအလယ့်ရွာမာပ

  • @waigyi2982
    @waigyi2982Ай бұрын

    နောက်ခံ တီးလုံးက... ဘာဆာ ဘာဆူဘာကာဘာသူအာရာဟာသူဆာရာဆာဆူ.... 😂😂😂 ဘာကြီးတုန်းဗျ... ဖြူဖြူကျော်သိန်းလား😂😂

  • @Pupggamming

    @Pupggamming

    8 күн бұрын

    ထိုင်းဘာသာစကားပါ

  • @UKyiSwe-oi5jl
    @UKyiSwe-oi5jl3 күн бұрын

    ရွှေ 1.ကျပ်သား 300.ကျပ်

  • @user-nc1fh9tr3n
    @user-nc1fh9tr3n5 күн бұрын

    ရှင်းပြာတဲ့ဘုန်ကြီးကသိပ်နားမလည်ဘူးထင်တယ်

Келесі