သူဌေးဖြစ်ချင်သူတိုင်း သိထားရမယ့် စီးပွါးရှာနည်း

"စီးပွားရှာတယ်"(တနည်းအားဖြင့်) "ငွေရဖို့ အလုပ်လုပ်တယ်" ဆိုတာ
ကိုယ့်ကိုယ်ကို စိတ်ပိုင်းရော ၊ ရုပ်ပိုင်းရော ပြောင်းပြန်လှန်ပစ်ရတာပါ။
ပြောင်းပြန်လှန်ပစ်တယ်ဆိုတာ
ကိုယ်ဖြစ်ချင်တာ
ကိုယ်လုပ်ချင်တာ
ကိုယ်ကြိုက်တာ
ကိုယ်မှန်တယ်ထင်တာ
ကိုယ့်အတွက်လိုအပ်တာ
...
အဲဒါတွေအားလုံး (ကိုယ့်အတွက်)ဆိုတဲ့နေရာမှာ (သူ့အတွက်/သူတို့အတွက်)လို့ ပြောင်းပြန်လှန် တွေးရတာ။
ကိုယ်က ဒီအရသာကို ကြိုက်ပေမယ့် စားသုံးသူကြိုက်ချင်မှကြိုက်မယ်။
ဒီပစ္စည်းကို ကိုယ်ကြိုက်ပေမယ့် ၀ယ်သူကအဲဒါကို လိုချင်မှလိုချင်လိမ့်မယ်။
နောက်ကွယ်မှာ ကိုယ် ဘယ်လောက်ရုန်းကန်ရုန်းကန် ၀ယ်သူရှေ့မှာတော့ ပြုံးနေရမယ်။
တစ်ဘက်လူကို ကိုယ့်အခက်အခဲ၊ ကိုယ့်အကြိုက်၊ ကိုယ့်အမှန်တရားတွေ သွားပြောလို့ ဘာအကျိုးမှမရှိဘူး။
ကိုယ့်အကြိုက်ဟာ သူ့အကြိုက်မှ မဟုတ်တာ။ သူ့အမြင်မှာ မှန်ချင်မှ မှန်မယ်။
သူလိုချင်တာ သူ့အကြိုက်၊ သူ့အတွက်အသုံး၀င်မယ့်အရာ ပဲ။
အဲဒီအချက်ကို သိရင် ငွေရှာလို့ ရပါပြီ။
ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်
၀န်ထမ်းဖြစ်ဖြစ်
ငွေရဖို့အလုပ်မှန်သမျှ "တဘက်လူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လေ ငွေရလေ" ပဲ။
လုပ်ငန်းရှင်ဆိုရင် ကပ်စတန်မာရဲ့လိုအပ်ချက်ကို များများဖြည့်နိုင်လေ ၀င်ငွေတိုးလေလေ။
ဒါကြောင့် ကပ်စတန်မာ လိုအပ်ချက်ကိုသိဖို့ မားကတ်တင်း တွေ လုပ်ကြတာ။
(မားကတ်တင်းဆိုတာ သုံးစွဲမယ့်သူတွေ ဘာကြိုက်မလဲ ဆိုတာ တိတိကျကျသိအောင်လုပ်တာ)
မြန်မာမှာ သီးခြားလူတန်းစားလောက်သာ စီးနိုင်တဲ့ ဂျပန် Yamaha ( ယာမဟာ) ဆိုင်ကယ်တွေပဲ
ရှိချိန်မှာ လူတိုင်းစီးနိုင်တဲ့ ဆိုင်ကယ်တွေ တရုတ်က ရောင်းတယ်။ (၀က်၀က်ကွဲ အောင်မြင်တယ်)
လူတိုင်းနီးပါးတတ်နိုင်တဲ့ပမာဏနဲ့ မြန်မာကြိုက် Touch screen( တပ်ချ်စခရင်) ဖုန်းတွေ ရောင်းတယ်။ (သောက်သောက်လဲရောင်းရတယ်)
အဲဒီဖုန်းမျိုး၊ အဲဒီဆိုင်ကယ်မျိုး သူတို့တရုတ်ပြည်မှာ ဘယ်သူမှမသုံးဘူး။
"ငွေရှာနည်းဆိုတာ .. တဘက်လူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း" ပါပဲ။
အရောင်းဆိုင်ဖွင့်မယ်ဆိုရင် ကိုယ်ကြိုက်တာတွေချည်း ဆိုင်မှာရောင်းလို့ မရပါဘူး။
ကိုယ် ၀ယ်ဖို့မဟုတ်ဘူး။ တခြားသူတွေ၀ယ်မှာဖြစ်တဲ့အတွက်
ကိုယ့်နေရာကမစဉ်းစားပဲ
တဘက်လူနေရာက စဉ်းစားရတယ်။
ရောင်းရင်လည်း တဘက်လူနေရာက ကြည့်ရတယ်။
အဲဒီလို ကြည့်တတ်ပြီဆိုရင် ငွေရဖို့အလုပ်လုပ်တတ်ပြီ ။
၀န်ထမ်းဆိုရင်လည်း
လုပ်ငန်းရှင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လေ ၀င်ငွေတိုးလေ။
အလုပ်ရှင် ဘာလိုအပ်မလဲ
ရောင်းအားတက်ဖို့ ၊ ၀င်ငွေတိုးဖို့လား။
ကုန်ကျစရိတ်သက်သာစေချင်တာလား။
လုပ်ငန်းနာမည် ကောင်းစေချင်တာလား
၀န်ထမ်းတွေကို ယုံကြည်စိတ်ချချင်တာလား။
လုပ်ရည်ကိုင်ရည် ကျွမ်းကျင်ပိုင်နိုင်တာလား။
....
အဲဒီလို အလုပ်ရှင်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လေ ငွေရလေပဲ။
စီးပွားရေးပညာ(ငွေရှာနည်း)ဆိုတာ
ကျောင်းမှာလည်း မသင်ခဲ့ရဘူး။
မွေးရာကနေအသက်ကြီးလာတဲ့တလျောက် ကြုံလာတဲ့အတွေ့အကြုံတွေထက် နက်နဲပြီး
ရှေ့ ယူဇနာ၁၀၀ လောက် မျှော်မြင်ရတယ်။
တဘက်လူစိတ်ကိုလည်း သိရမယ်။ ကိုယ့်ကိုယ်ကိုလည်း ကောင်းကောင်းနားလည်ရတယ်။
အထက် အောက် ဘယ် ညာ ရှိသမျှရှုထောင့်ပေါင်းစုံကနေလည်း တွေးတတ်ရတယ်။ အချက်အလက်စုံသိရတယ်။ အစဉ်အမြဲသတိရှိရတယ်။
ဘယ်သူ့ကိုမှ ယုံကြည်လို့မရပဲ
ကိုယ့်ယုံရမှာ ကိုယ့်အသိဥာဏ် နဲ့ ကိုယ့်လုပ်အားပဲ။
အဲဒီကနေ အခြေတည်ပြီး လုပ်ငန်းSystem ( စစ်စတမ်) ကောင်းအောင် ကြိုးစားလေ လုပ်ငန်းအောင်မြင်ကြီးထွားလေ ၀င်ငွေများလေ ပဲ။
လုပ်ငန်းSystem ကောင်းဖို့ဆိုတာ စီးပွါးရေးသင်တန်းတွှေ တက်ရုံနဲ့ မရဘူး။ အတွေ့အကြုံနဲ့အတတ်ပညာပေါင်းပြီး ဖြစ်လာတာ။
မြန်မာပြည်မှာ စီးပွားရေးအောင်မြင်နေသူတွေဆိုရင် ကံကောင်းလို့ဖြစ်လာသလို ပြောဆိုကြတာ တွေ့တယ်။
စီးပွားရေးအောင်မြင်ဖို့ဆိုတာ ဘယ်လောက် ဘယ်လို ဘယ်အချိန်ကတည်းက ဘာတွေလုပ်ခဲ့ရတယ်ဆိုတာ အောင်မြင်သူတွေကို မေးကြည့်။
အော်ရီလိမ့်မယ် (ထုံလွန်းလို့ နာတယ်မထင်တော့တာ)။
ပိုပြည့်စုံနေတယ် ချမ်းသာပြည့်ဝနေတယ်လို့ ထင်ရတဲ့သူတွေဟာ
သာမန်လူတွေ အိပ်ချိန်တောင် အလုပ်လုပ်နေကြတယ်။
ငွေရဖို့ရှာတဲ့အခါ
ကိုယ့်မျက်စိကမြင်တဲ့အမြင် ကိုယ့်အသိကထင်တဲ့အထင် ထက်
တစ်ဘက်လူတစ်ယောက်စာအမြင် ဆယ်ယောက်စာအမြင် အယောက်တထောင်စာအမြင် နိုင်ငံတခုလုံးစာအမြင်မျိုး
မြင်တတ်ရတယ် တွေးတတ်ရတယ်။
လူဆိုတာ သက်သာတာကြိုက်တဲ့အမျိုး။
ဘယ်သူမဆို ကိုယ် လုပ်ချင်တာလုပ်နေချင်တယ်။ ဘယ်သူ့မျက်နှာ၊ဘယ်သူ့အကြိုက်မှ လိုက်လုပ်မနေချင်ဘူး။
ဒါပေမယ့်
ငွေရဖို့ အလုပ်လုပ်ရတဲ့အခါ -
ကိုယ့်စိတ်အတိုင်း ကိုယ်ထင်တဲ့အတိုင်း မဟုတ်ဘူး။ နေတတ်ရတယ်။ ပြောတတ်ရတယ်။
ချင့်ချိန်စဉ်းစားရတယ်။ စီစဉ်ရတယ်။ ကြိုတင်ပြင်ဆင်ရတယ်။ လုပ်ဆောင်ရတယ်။ စီမံရတယ်။
ဒါကြောင့် စိတ်ကိုရော
ရုပ်ပိုင်းကိုရော
ကိုယ့်တစ်ကိုယ်စာ အမြင်၊အထင်၊အပြောမျိုး မဟုတ်ပဲ
ဘက်ပေါင်းစုံ လူပေါင်းစုံ ရှုထောင့်ပေါင်းစုံက အမြင်မျိုး အသိမျိုးရှိရတယ်။
အဲဒါကို ကိုယ့်ကိုယ့်ကို ပြောင်းပြန်လှန်ပစ်တယ်လို့ သုံးနှုံးတာပါ။
ဝင်ငွေများအောင် ရှာရတာ
ပြဿာဒ်ကြီးကို ဇောက်ထိုးထောင်ပြီး ဟန်ချက်ညီအောင် ထိန်းရသလိုပဲ။
ခက်ခဲသလိုလိုနဲ့ တချိန်ကျရင်တော့ တမင်အားထုတ်စရာမလိုပဲ
အသာလေး ဟန်ချက်ညီညီထိန်းနိုင်သွားပါလိမ့်မယ်။ အဲဒီအချိန်ဟာ လူကငွေကို အနိုင်ရသွားတဲ့အချိန်ပါပဲ
အရင်ခေတ်ကတော့ အိမ်တစ်အိမ်မှာ ယောက်ျားလုပ်သူ သို့ ဖခင် တစ်ယောက်ငွေရှာရင် တမိသားစုလုံးစားလောက်ပါတယ်
အခုတော့ ခေတ်စနစ်တွေပြောင်းလဲတာနဲ့အမျှ တစ်ယောက်ထဲရှာနေယုံနဲ့ သိပ်အဆင်မပြေတော့ပါ
လူတိုင်းနီးပါး လိုလိုငွေရှာနေရပါတယ်
ဒါဆိူ ငွေ ကိုဘယ်လိုပုံစံရှာမလဲ ?
ကိုယ်ဘယ်လိုပိုက်ဆံရှာနေလဲ ?
ကြည့်ကြရအောင်

Пікірлер

    Келесі