သာယာလှပတဲ့ ရှုခင်းအလှတွေနဲ့ ပုဂံက သိကြားတောင် တောင်တက်ခရီးစဉ်

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီ vlog လေးကတော့ ပုဂံဒေသက ရှေးဟောင်းဘုရား ပုထိုး တွေအကြောင်း ရိုက်ကူးတင်ပြတဲ့ vlog မဟုတ်ပဲ ပုဂံကိုခရီးသွားတဲ့အခါ မတူညီတဲ့ အရသာတစ်မျိုး၊ အမြင်တစ်မျိုး ကွဲပြားနေစေဖို့အတွက် ပုဂံဒေသအတွင်းမှာပဲ တည်ရှိနေတဲ့ တောင်တန်းကြီးတစ်ခုပေါ်ကို တက်ရောက်ခဲ့တဲ့ hiking vlog လေးပဲဖြစ်ပါတယ်ခင်ဗျာ။ ပုဂံကို သွားကြတဲ့အခါ ညောင်ဦးမြို့အဝင်နားက ထန်းရည်ဆိုင်လေးတွေမှာ ပျော်ပျော်ပါးပါး ဝင်ရောက်နားနေပြီး ထန်းရည်သောက်ဖူးကြလိမ့်မယ်ထင်ပါတယ်။ ထန်းပင်ကိုအသုံးပြု တည်ဆောက်ထားတဲ့ လင့်စင်ကြီးတွေပေါ်တက်၊ အနောက်ဘက်က တောင်တန်းကြီးတွေကို ငေးမောလို့ ပုဂံရဲ့ ထန်းတောတွေကြား ထန်းရည်သောက် စကားတွေဖောင်ဖွဲ့ကြရင်း ပုဂံရဲ့အမှတ်တရနေ့တွေကို ကုန်ဆုံးဖူးလိမ့်မယ် ထင်ပါတယ်။ အခု ဒီ vlog လေးမှာ ထန်းတောကြီးတွေနောက်က တောင်တန်းကြီးတွေပေါ် hiking လုပ်ခဲ့စဉ်က တောင်တက်လမ်းတလျှောက် ကြည်နူးပျော်ရွှင်စရာ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ရှုခင်းအလှတွေနဲ့ ထန်းတောကြီးတွေကို တောင်ပေါ်ကနေ ကြည့်ရှုရတဲ့မြင်ကွင်းအလှတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီ vlog လေးဖြစ်မြောက်ရေး အတွက် ပုဂံက Bagan Chit Nyein Oo က ကူညီ ပူးပေါင်းတင်ဆက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

Пікірлер: 16

  • @user-jb3zr5ly6p
    @user-jb3zr5ly6p6 сағат бұрын

    ကျေးဇူးပါ

  • @khaingkhaingwah96-ex7yg
    @khaingkhaingwah96-ex7yg16 күн бұрын

    လှလိုက်တဲ့ နေရာလေးတွေ ရောက်ဖူးချင်လိုက်တာ ရိုက်ကူးတင်ဆက်ပြတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်

  • @burmesevlogger
    @burmesevlogger15 күн бұрын

    ပုဂံကိုရောက်တိုင်း ကားပေါ်ကနေ ငေးကြည့်မိတဲ့ တောင်ကြီးတွေ။ မိုက်တယ်

  • @dawmyint3257
    @dawmyint325713 күн бұрын

    ဘာတစ်ခုမှမသယ်ဆောင်ဘူး

  • @DawKyi-ch6rx
    @DawKyi-ch6rx9 күн бұрын

    မရောက်ဖူးသောနေရာတွေကိုခေါ်ဆောင်ပေးလို့ကျေးဇူးပါ BRO သရုပ်ဆောင်လုပ်ပါလား There is nothing impossible.

  • @ShweYeye-my3ji
    @ShweYeye-my3ji16 күн бұрын

    ပဲခူးရိုးမခရီးစဥ်ကိုတော်တော်သဘောကျ အားကျမိတယ် ခေတ်မကောင်းလို့သာ

  • @myanmaradventuretraveler2752

    @myanmaradventuretraveler2752

    16 күн бұрын

    ဟုတ်တယ် ပဲခူးရိုးမခရီးကတော့ ကျွန်တော့်အကြိုက်ဆုံး ခရီးစဉ်ပဲ။ အခုတော့ အဲဒီနေရာတွေ သွားလို့မရတော့ပါဘူး။

  • @ShweYeye-my3ji

    @ShweYeye-my3ji

    15 күн бұрын

    ပဲခူးရိုးမပေါ်ကရွာ​လေးတွေကမြင်ရခဲတဲ့အကြောင်းအရာလေးတွေ မြင်ရကြားရတာ bro ကိုတော်တော်ကျေးဇူးတင်မိတယ် တရားဥပဒေစိုးမိုးပြီး ခေတ်ကောင်းချိန်ရောက်ရင်တော့ နောက်တခေါက်လောက်သွားပေးပါဦးရှင့်

  • @kochit2171
    @kochit217112 күн бұрын

    တောင်ကလှတယ် ဒီထက်ပိုလှအောင်သစ်ပင် နည်းတော့ မစိုပြေဘူး နောင်ဆိုတောင်တက်ရင် ဘောစကိုင်းအစွေတမာစေ့ အထုပ်ကလေးတွေယူသွားကြပါ တောင်ပေါ်ရောက် တနေရာ ပစ်ကြဲချခဲ့လိုက် တစ်ပင်ပေါက်ပေါက် ပေါက်သလောက်ပေါ့ အကြံပြုတာပါ

  • @myominpaing4926
    @myominpaing492613 күн бұрын

    ဘဒို video ရဲ့တစ်နေရာမှာ ပြန်တောင်မပြန်ချင်ဘူးလို့ ပြောလိုက်တာ ကြားတယ်။အဲ့လို မပြောကောင်းဘူးထင်တယ်

  • @myanmaradventuretraveler2752

    @myanmaradventuretraveler2752

    13 күн бұрын

    အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် brother ရေ။ ရှုခင်းကအရမ်းလှတော့ ဘာရယ်မဟုတ်ဘူး ပြောလိုက်မိတာပါ။ နောက်ဆို ဆင်ခြင်ရမယ်။

  • @user-dw8xb2do5j
    @user-dw8xb2do5j3 күн бұрын

    ကျေးဇူးပါ

  • @stabagan2978
    @stabagan297816 күн бұрын

    အမှတ်တရတွေ

  • @myanmaradventuretraveler2752

    @myanmaradventuretraveler2752

    16 күн бұрын

    ဆွာချစ် လက်ရာတွေနော်😍😍

  • @stabagan2978

    @stabagan2978

    14 күн бұрын

    ဂမ်ဗယ်တောင်မသုံးလိုက်ရဘူး​@@myanmaradventuretraveler2752

  • @user-dw8xb2do5j
    @user-dw8xb2do5j3 күн бұрын

    ကျေးဇူးပါ

Келесі