ရန်ကုန်လေဆိပ်၌ ခရီးသည်များအား ကြို/ပို့မည့် ဧည့်သည်များ ဝင်ရောက်ခွင့်ပြု

Тәжірибелік нұсқаулар және стиль

ရန်ကုန်လေဆိပ်၌ ခရီးသည်များအား ကြို/ပို့မည့် ဧည့်သည်များ ဝင်ရောက်ခွင့်ပြု
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 1 လေဆိပ် အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါ ပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များကို ဝင်ရောက်ခွင့်ပြုကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားသည်။
ခရီးသည်များအနေဖြင့် ဂိတ်အမှတ် (၃) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး လိုက်ပါ ပို့ဆောင်/ ကြိုဆိုကြ သူများအနေဖြင့် ဂိတ်အမှတ် (၂) မှ တဆင့်သာ ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ ကြို/ပို့ ဧည့်သည်များသည် ဂိတ် အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ဂိတ် အမှတ် (၆) မှ ပြန်လည်ထွက်ခွာကာ ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်သည်။
Websiteတွင်ဖတ်ရှုရန် - - -cnimyanmar.com/.../loca.../17...
#ရန်ကုန်လေဆိပ် #ဝင်ခွင့်ကတ် #ခရီးသည် #စီးပွားရေး #cninews #CNIMyanmar
CNI Telegram Channel-----t.me/ChannelNewsIndependent
CNI Twitter Link----- / channelnewsind1

Пікірлер

    Келесі