ပုဂံ ဇီးအိုရွာ နဲ့ သဲပြင်တောရွာတွေက ထူးခြားနေရာများ | Amazing Places around Villages in Bagan

ပုဂံ ရောက်ရင် ရှေးဟောင်းဘုရားတွေ ဖူးဖြစ်ကြလေ့ရှိတတ်ပေမဲ့ အခြားသောနေရာတွေ လေ့လာစရာရှိမှန်း သိပ်မသိကြပါဘူး။ တကယ်တော့ ပုဂံဝန်းကျင်မှာ ဘုရားဖူးအပြင် ရွာတွေဆီသွားရောက်ပြီး လူမှုသဘာဝဝန်းကျင်တွေနဲ့ လေ့လာလုပ်ဆောင်စရာတွေ များပြားပါတယ်။ ဒီတစ်ခေါက် ပုဂံခရီးမှာ ကျွန်တော်တို့ ပုံမှန်သွားလေ့သွားထ မရှိလှတဲ့ ဇီးအိုရွာ နဲ့ သဲပြင်တောရွာတွေကို သွားလေ့လာဖြစ်ပါတယ်။ ဇီးအိုရွာ မှာတော့ ထူးခြားတဲ့ သက်တမ်း နှစ် ၉၀၀ ရှိ မန်းကျည်းကိုးခွ၊ အင်းကြင်းတော နဲ့ သက်တမ်း နှစ် ၅၀၀ ရှိ အင်ကြင်းပင်ကြီးတွေကို လေ့လာနိုင်သလို၊ သဲပြင်တောရွာဘက်မှာတော့ ရွှေနတ်တောင်ဘုရားပေါ်တက် ဘုရားဖူး ရှုခင်းခံစားနိုင်တဲ့အပြင် ရှေးဟောင်း ရုပ်စုံ ဘုန်းတော်ကြီးကျောင်းနဲ့ ရှေးဟောင်းလက်လှည့်နာရီတွေကို လေ့လာနိုင်ပါတယ်ဗျ...
ဒီ ဗီဒီယိုလေးထဲမှာ အပြည့်အစုံခံစားကြည့်ရှုနိုင်ပါတယ်။
အားလုံးပဲ ဘေးကင်း ကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ...
သီဟလုလင် (Thiha, the Traveller)

Пікірлер: 16

  • @ThanTNge
    @ThanTNge Жыл бұрын

    မြန်မာပြည်ကထူးခြားသောနေရာများကိုများများတင်ပေးပါ ကျေးဇူးပါ

  • @YinYin-sx8gc
    @YinYin-sx8gc

    သစ်လှတောလို့ခေါ်တာလား။

  • @maungmaungkhinn7973
    @maungmaungkhinn7973

    :yt:

  • @sapal9364
    @sapal9364

    မဂ်လာပါမောင်လေး

  • @kokomin3425
    @kokomin3425

    I like. bro

  • @kyiphone1
    @kyiphone1

    😍😍😍

  • @ThanTNge
    @ThanTNge Жыл бұрын

    မြင်ခွင့်ရလို့အရမ်းကျေးဇူးတင်ပါတယ် US ကနေအားပေးနေတယ်

  • @khinkhinmoe6340
    @khinkhinmoe6340

    ရုပ်စုံကျောင်းကြီးက

  • @user-uj6ls9or5w
    @user-uj6ls9or5w

    စလေးရုပ်စုံကျောင်းကတော့ရုပ်လုံးတွေတခြမ်းပဲရှိတော့တယ် မသာမာသူတွေလက်ချက်နဲ့ပျောက်ကွယ်နေရ

  • @user-ol1qm9ey7g
    @user-ol1qm9ey7g

    ทุกวันนี้อะไรมันก็เปลี่ยนแปลงไปหมดการทำสัญญามันก็ไม่ใช่เรื่องยากแค่พูดและ comment ไว้ใต้คลิป

Келесі