NLP ကို လေ့လာချင်သူတွေအတွက် - NLP Made Easy

NLP ကို လေ့လာချင်သူတွေအတွက် - NLP Made Easy
NLP ဆိုတာ အဘိဓမ္မာအခြေခံပြီး
ထွက်လာသလားထင်ရတယ်။
NLP ဆိုတာ
neuro-linguistic programming ဖြစ်တယ်။
သိပ္ပံတု Pseudo-science လို့ဆိုကြတယ်။
လူတွေပိုပျော်အောင်၊
လိုချင်တဲ့အမူအကျင့်ဖြစ်အောင်
ကူညီပေးဖို့ neuro ဦးနှောက်
linguistic စကားလုံးဘာသာစကားသုံးပြီး
programming ပရိုဂရမ်သွင်းတာဖြစ်တယ်။
ဆေးလိပ်ဖြတ်တာကစလို့
ကိုယ့်အတွေးတွေကိုပြောင်းတာအဆုံးသုံးကြတယ်။
အဘိဓမ္မာမှာကျ စိတ်ဆိုတာ
အာရုံကို သိခြင်းလို့အဓိပ္ပာယ်ဖွင့်တယ်။
သူ့မှာ အသိအာရုံ consciousness နဲ့
စေတသိက် mental states ဆိုတဲ့နှစ်ပိုင်းရှိတယ်။
စေတသိက် ၅၂ ပါးရှိပြီး
အကြမ်းလေးမျိုးခွဲလို့ရတယ်။
NLP ရဲ့အယူအဆမှာက
လူတွေက တစ်စက္ကန့်ကို သတင်းအချက်အလက်
၂ သန်း bits ကိုထိတွေ့နေပြီး
၁၃၄ bits ကိုပဲလက်ခံနိုင်တယ်။
သတင်းအချက်အလက်ကို အာရုံငါးပါးနဲ့သွားတယ်။
VAKOG အမြင်၊ အကြား၊ အတွေ့၊ အနံ့၊ အရသာ လို့ခေါ်တယ်။
Visual, Auditory, Kinesthetic, Olfactory, and Gustatory.
အဘိဓမ္မာမှာက အာရုံခြောက်ပါးရှိတယ်။
ရူပါရုံ(အဆင်း)၊
သဒ္ဒါရုံ (အသံ)၊
ဂန္ဓာရုံ (အနံ့)၊
ရသာရုံ(အရသာ)၊
ဖောဋ္ဌဗ္ဗာရုံ(အတွေ့)နှင့်
ဓမ္မာရုံ (တရားသဘော)တို့တည်း။
အင်္ဂလိပ်လိုဆို
Eye (sight)
Ear (hearing)
Nose (smell)
Tongue (taste)
Body (touch)
Mind (thoughts, emotions, and mental states)
အရေးကြီးတဲ့ Mind စိတ်ကို
ခြယ်လှယ်နေတဲ့ အတွေး၊ ခံစားချက်နဲ့
စေတသိတ် (mental states) တွေပါတယ်။
၁။ သဗ်ဗစိတ်တသာဓာရဏစေတသိက်
Universal mental factors:
စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊
၂။ ပကိဏ်းစေတသိက်
Particular mental factors:
ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊
၃။ အကုသိုလ်စေတသိက်
Unwholesome mental factors
အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက် (၁၄)လုံး၊
၄။ သောဘဏစေတသိက်
Beautiful mental factors
တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်နှင့်
ယှဉ်သော စေတသိက် (၂၅)လုံး၊
ကမ္ဘာကျော်တဲ့ ဆရာတော်အများစုက
“Peace ငြိမ်းချမ်းခြင်း”
promote လုပ်ပြီး သာသနာပြန့်ပွားဖို့လုပ်တယ်။
သူတို့စာအုပ်အများစုက
သောဘဏစေတသိက်
Beautiful mental factors တွေကို
အဓိကထားပြီးရေးကြတယ်။
Confidence (saddhā)
Mindfulness (sati)
Shame of wrongdoing (hiri)
Fear of wrongdoing (ottappa)
Non-greed (alobha)
Non-hatred (adosa)
Non-delusion (amoha)
Equanimity (upekkhā)
Appreciative joy (pāmojja)
Faith (avecca-pasāda)
Humility (vinaya)
Courtesy (santutthi)
Contentment (santuṭṭhi)
Gratitude (katannukatavedi)
Non-harming (avihiṃsā)
Patience (khanti)
Tolerance (tolonā)
Sweet speech (madhura-vācā)
Altruism (sacca)
Non-attachment (anabhirati)
Truthfulness (sacca)
Determination (adhiṭṭhāna)
Loving-kindness (mettā)
Compassion (karuṇā)
Sympathetic joy (muditā)
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရိ
၄။ ဩတ်တပ်ပ
၅။ အလောဘ
၆။ အဒေါသ
၇။ တတွမဇ်ဈတ်တတာ
၈။ ကာယပဿဒ်ဓိ
၉။ စိတ်တပဿဒ်ဓိ
၁၀။ ကာယလဟုတာ
၁၁။ စိတ်တလဟုတာ
၁၂။ ကာယမုဒုတာ
၁၃။ စိတ်တမုဒုတာ
၁၄။ ကာယကမမြညတာ
၁၅။ စိတ်တကမ်မညတာ
၁၆။ ကာယပါဂုညတာ
၁၇။ စိတ်တပါဂုညတာ
၁၈။ ကာယုဇုကတာ
၁၉။ စိတ်တုဇုကတာ
၂၀။ သမ်မာဝါစာ
၂၁။ သမ်မာကမ်မန်တ
၂၂။ သမ်မာအာဇီဝ
၂၃။ ကရုဏာ
၂၄။ မုဒိတာ
၂၅။ ပညိန္ဒြေ
NLP ရဲ့ positive နဲ့ negative emotion မှာ
ဒီစေသသိတ် ၂၅ ခုကို
ပွါးများနိုင်တယ်ဆိုရင်
ဘဝက ပိုမိုက်လာနိုင်တယ်။
ပါဠိလိုကို အင်္ဂလိပ်လိုပြန်လိုက်ရင်
နည်းနည်းပိုရှင်းလို့။
မမှီတဲ့ဥာဏ်လေးနဲ့ စဉ်းစားကြည့်ကြည့်တာ။
ဆိုကရေးတီးပြောသလို
ငါသိတာတစ်ခုက ငါဘာမှမသိဘူးတဲ့။
ဒါကြောင့် မေးခွန်းမေးတဲ့။
ဗုဒ္ဓကတော့ စိတ်ကိုထိန်းကျောင်းဖို့
၁။ သတိ Mindfulness
၂။ တရားထိုင် Meditation
၃။ ဥာဏ်ပညာ wisdom လိုတယ်တဲ့။
ဒီသုံးခုက ဒုက္ခ suffering ချုပ်ငြိမ်းဖို့။
သီလ၊ သမာဓိ၊ ပညာ၊ ဘာဝနာ
အများကြီးကြိုးစားရအုံးမယ်။
ဘာရယ်မဟုတ်ဘူး
ဖတ်ထားတာကို note ထုတ်ထားတာ။
ဘုရားအကြောင်း၊ တရားအကြောင်းဆို
ဆရာတွေကများတော့ ကြောက်ရတယ်။ 😁
Phyo Paing @ Derek
www.toetet.com/insidernote
#DerekDaily #Drphyopaing #Marketing #Digital Marketing #MarketingMyanmar #Motivation

Пікірлер: 22

  • @phyomgmghtun4596
    @phyomgmghtun45964 ай бұрын

    ဆရာ့ video တွေအမြဲတမ်းနားထောင်ပါတယ် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အထောက်အကူတွေအများကြီးဖြစ်စေပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ

  • @yue5511
    @yue5511 Жыл бұрын

    ကျေးဇူးပါဆရာဖြိူးပိုင်

  • @arkarhline5973
    @arkarhline5973 Жыл бұрын

    ဆရာခင်ဗျ အသံလေးအနည်းငယ်ပိုကြားရရင်ပိုကောင်းမယ်ထင်ပါတယ်ဗျ

  • @phyomgmghtun4596
    @phyomgmghtun45964 ай бұрын

    ကျေးဇူးပါဆရာ

  • @kolinnaing592
    @kolinnaing592 Жыл бұрын

    thank sayar

  • @thidaaung1866
    @thidaaung186611 ай бұрын

    Thank you,Sayar🙏🙏🙏

  • @kokp1793
    @kokp1793 Жыл бұрын

    Thank sir

  • @user-dj5ef3nc7y
    @user-dj5ef3nc7y3 ай бұрын

    NLP လေ့လာချင်ပါတယ်။ဆရာ။

  • @user-xg9yz9gz3y
    @user-xg9yz9gz3y11 ай бұрын

    thank u sir

  • @donemakerko2869
    @donemakerko2869 Жыл бұрын

    Thanks!~❤

  • @dryma1892
    @dryma1892 Жыл бұрын

    Great to know about NLP

  • @kyawzawtun5557
    @kyawzawtun5557 Жыл бұрын

    Kyoot sin gyi byr ❤ thanks ako

  • @hanzawhtet4365
    @hanzawhtet4365 Жыл бұрын

    ဆရာphyo paingရဲ့ Vedioတွေက အသံအရမ်းတိုးတယ်ဗျ ဆရာvedioမှာလေ့လာစရာများကြီးရှိတယ်ဗျ သာမဲ့ဆရာVedioတွေကအသံအရမ်းတိုးလို့ဆရာရှင်းပြသာတွေသေခြာမကြားရဘူးဗျအသံလေးတိုးပေးပါဗျပညာတွေရခြင်လို့ပါ...

  • @teresabeckham3444
    @teresabeckham34443 ай бұрын

    NLPကို လေ့လာချင်ပါတယိဆရာ

  • @aungthuchai4422
    @aungthuchai44226 ай бұрын

    Where can I attend NLP training that u attended, Saya

  • @yethihathway2557
    @yethihathway2557 Жыл бұрын

    Hello sir I am only 12years old should I need to learn nlp?

  • @user-sr1ou6lc8d
    @user-sr1ou6lc8dАй бұрын

    ခင်များတို့စာဖတ်ပြတဲ့သူ တွေ.အဓိက အသံ..အသံဗျ..ဘာမှကို ပြတ်ပြတ်သားသားမကြားရဘူး..နှစ်ယောက်ထဲစကားပြောနေသလိုပဲ

  • @user-nhkum
    @user-nhkum5 ай бұрын

    ဆရာ ရယ် နည်းနည်းရှုပ်တယ်

  • @gracefuljucy

    @gracefuljucy

    3 ай бұрын

    ၂ ခေါက်လောက် ပြန်နားထောင်ပါနော်

  • @phyomgmghtun4596
    @phyomgmghtun45964 ай бұрын

    English language ကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆို နားထောင် ရေးသား ဖတ်ရှု နိုင်ချင်ပါတယ် ဘယ်ကစပြီးလေ့လာရမလဲဗျ

  • @darkwolf3875
    @darkwolf38754 ай бұрын

    NLP ကိုသုံးနိုင်ရင် လူတွေရဲ့ အမူအရာတွေ ကိုကြည့်ပြီး အပြောအဆိုတွေနဲ့ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်အောင်ပြောဆိုနိုင်မယ်လို့ မှတ်သားမိပါတယ်

  • @smilesmile4675
    @smilesmile467511 ай бұрын

    NLP ကို မသိခဲ့ဘူး ဆရာ vedio တွေကြည့်မှ စသိတာပါ ဗဟုသုတတွေအများကြီးရပါတယ်

Келесі