MOUNT POPPA TRIP

ပူပြင်းလှတဲ့ အညာဒေသရဲ့ စိမ်းစိုလှပတဲ့ တစ်ခုတည်းသော အိုအေစစ်လို့တင်စားရတဲ့ Poppa တောင်ကို တောတွင်းလေ့လာရေးအနေနဲ့ သွားရောက်ခဲ့ပါတယ်။ Poppa တောင်မကြီးပတ်ပတ်လည်မှာ ပေါက်ရောက်နေတဲ့ သစ်ပင်သစ်တောတွေဟာ အရမ်းကိုစိမ်းလန်း စိုပြေလှပြီး အမြီးရှည်မျောက်မျိုးစိတ်တွေ ရှင်သန်ကျက်စားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၁၅၀ ခန့်နီးပါးရှိပြီး ဆေးဖက်ဝင်အပင်များစွာလည်း ရှင်သန်ပေါက်ရောက်နေတဲ့ တောကြီးဖြစ်ပါတယ်။ ယခုအခါ သစ်တောဦးစီးဌာန၏ ထိန်းသိမ်းမှု အောက်တွင်ရှိပြီး သစ်ပင်ခုတ်လှဲခြင်း၊ အမဲလိုက်ခြင်းများကို တင်းကြပ်စွာတားမြစ်ထားတာကို တွေ့ရပါတယ်။

Пікірлер: 7

  • @myooomyooo808
    @myooomyooo808 Жыл бұрын

    နောက်လဲ ခရီးတွေသွားပြီး blog တွေများများရိုက်ပြီး တင်ပေးပါ။ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်ပါတယ်

  • @kyawthettun1306
    @kyawthettun130611 ай бұрын

    တောတွင်းခရီးကြမ်း သွားတဲ့ အဝတ်အစား နဲ့ အသုံးပစ္စည်းတေရှာဝယ်စေချင်တယ် ကြည့်ရတဲ့သူ ပ်ု သာဘာဝကြကြ ခံစားရအောင်❤

  • @myanmaradventuretraveler2752

    @myanmaradventuretraveler2752

    11 ай бұрын

    ဟုတ်ပါတယ် Bro ရေ။ အဲဒီတုန်းက တောင်မကြီးကို တက်မယ်လုပ်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်တော့ပဲ အောက်ခြေတောစပ်လေးထဲကိုပဲ ခဏတဖြုတ် ဝင်ပြီးကြည့်ခဲ့ကြတာလေးပါ။ အခုတော့ တောင်မကြီးပေါ်ကို အောက်ခြေတောအုပ်ထဲကနေ လမ်းပြအကူအညီနဲ့ ပြန် တက်ခဲ့တာလေး အသစ်တင်ပေးထားပါတယ်ခင်ဗျာ။ အခုလို လိုအပ်ချက်လေးတွေကို အကြံပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

  • @gutterkingvebpvva

    @gutterkingvebpvva

    10 ай бұрын

    သိပါဘူး ရူတင်သွားနေကျတယ်ထင်လို့ ကြည့်နေတာ😅

  • @gutterkingvebpvva

    @gutterkingvebpvva

    10 ай бұрын

    အဲ့ပုံနဲ့တော့ တောတွင် ပေ၅၀ပတ်လည် လောက်တော့သွားလို့ရပါတယ်😁

  • @Tz202
    @Tz202 Жыл бұрын

    ဘာမှ adventurev ဖြစ်တာလဲမပါဘူး ဘာမှရှင်းပြတာလဲမပါဘူး စိတ်လှုပ်ရှားစရာလဲမပါဘူး ဒီအတိုင်း လမ်းလျှောက်တာလိုက်ရိုက်နေသလိုပဲ နိုင်ငံခြားက Adventure vlog တွေ နမူနာယူပါအကိုရေ ပိုကောင်းစေချင်တဲ့ဆန္ဒပါ

  • @myanmaradventuretraveler2752

    @myanmaradventuretraveler2752

    Жыл бұрын

    ဟုတ်ပါတယ်အကိုရေ။ Poppa ခရီးစဉ်က ဘာမှအစီအစဉ်မရှိဘဲ လမ်းကြုံလို့ ခဏတာဝင်လေ့လာတဲ့သဘောမို့လို့ပါ။ တောထဲလည်း သိပ်မရောက်ဖြစ်လိုက်ပါဘူး။ ဒီအတိုင်း အပေါ်ယံလေးတိုးရုံပဲ ဝင်ခဲ့ရတာမို့ပါခင်ဗျာ။ အကြံညာဏ် ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လဲ ဒိထက်ပိုကောင်းတဲ့အစီအစဉ်တွေကို တင်ပြနိုင်ဖို့ ကြိုးစားနေပါတယ်ခင်ဗျာ။ လိုအပ်တာလေးများရှိခဲ့ရင်လည်း ဝင်ရောက်ဆွေးနွေးပေးပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Келесі