မင်းခိုက်စိုးစန် - သုည

ဝတ္ထုအမည် 💕 သုည
စာရေးဆရာ 🖊 မင်းခိုက်စိုးစန်
(၀၄.၁၁.၂၀၂၂) ကနေ (၁၀.၁၁.၂၀၂၂) အထိ အခမဲ့ ပေးထားတာမို့ နားဆင်ဖို့ အခုပဲ Shwe Nar Sin App ကို Download လုပ်လိုက်ပါ ။
Shwe Nar Sin App ရယူရန်လင့်ခ်👇
bit.ly/sns_play
စာရေးဆရာ မင်းခိုက်စိုးစန်ရဲ့ လက်ရာတွေထဲက မဖတ်မဖြစ်စာအုပ်တစ်အုပ်
‘သုည’ ဟာ ဆရာမင်းခိုက်စိုးစန်ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ပါ။ ချမ်းနဲ့ ဒီဝိုင်း ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ဝတ္ထုရဲ့ အဓိကဇာတ်ကောင်တွေပေါ့။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချောက်ချ၊ တစ်ခုခုကို လှောင်မယ် ခနဲ့မယ်ဆိုလည်း တက်ညီလက်ညီ၊ ကို့ရို့ကားယားတွေ ကမောက်ကမ ဇာတ်လမ်းတွေကို မြင်ရမှာပါ။ ခွာညို ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သူငယ်ချင်းနှစ်ယောက်လုံး အပြိုင်ကြိုက်မိတဲ့အခါမှာလည်း ဇာတ်ရှိန်က အမြင့် အလွင့်ပဲ။ ဒါကတော့ ဇာတ်လမ်းဇာတ်ကွက် အရေပေါ့။ အဓိက ညွှန်းချင်တာက ဒီစာအုပ်ကို ဖတ်ရင် လုံးဝ ကြိုက်သွားမယ် ဆိုတဲ့ အချက်ကို ပြောပြချင်တာ။
🎧 Website ထဲကနေ နားဆင်ချင်တယ်ဆိုရင်
ဒီလင့်ခ် 👉 bit.ly/snsweb နှိပ်ပါ။
Telegram သုံးတယ်ဆိုရင်
ရွှေနားဆင် Telegram channel ကိုလည်း Join ထားဖို့ မမေ့နဲ့နော် 🤗
t.me/shwenarsinmyanmar
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို m.me/shwenarsin ကိုနှိပ်၍ မေးမြန်းစုံစမ်း နိုင်ပါတယ်ခင်ဗျ။
#shwenarsin #ရွှေနားဆင် #WunZinn #မင်းခိုက်စိုးစန်

Пікірлер: 5

  • @mgpayesone3696
    @mgpayesone36969 ай бұрын

    သိပ်ကြိုက်ရတဲ့စာအုပ်လေးပါဆရာခင်ဗျား

  • @saikyawko7745
    @saikyawko77457 ай бұрын

    ကျတော် စာဖတ်ခြင်းကို စတင်သဘောကျလာစေတဲ့ ပထမဆုံး စိတ်ဝင်တစားဖတ်ဖြစ်ခဲ့တဲ့ စာအုပ်ပါပဲ ။ကျတော် ဆယ်တန် အဆောင်နေအဆောင်စားနေတဲ့ချိန် ကျတော့်ဆရာက အတန်းထဲ စာမေးပွဲစစ်ပါတယ် အမှတ်များဆုံးရတဲ့သူကို ဆုအမြဲ ပေးလေ့ရှိတယ်။ကျတော်လည်း စာမေးပွဲ တစ်ခုမှာ အမှတ်အများဆုံးရတဲ့သူ ဖြစ်သွားတော့ ဆရာက ကျတော့်ကို စာအုပ်တစ်အုပ်လက်ဆောင်ပေးခဲ့ပါတယ် ။အာ့စာအုပ်က တခြားတော့မဟုတ်ပါ ဆရာရဲ့ သုညဆိုတဲ့ စာအုပ်ပါပဲ ကျတော့်အနေနဲ့ အမှန်တိုင်းဝန်ခံချင်ပါတယ် အမှတ်အများဆုံးရတဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ မျှော်လင့်မိတာ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းမဲ့ဆုကိုလိုချင်ခဲ့မိ‌တာတော့အမှန်ပါ။ စာဆိုလို့ ကြော်ညာဆိုင်းဘုတ်ကစာပင် မဖတ်ချင်ပါ မနက်ကနေည စာအုပ်နဲ့ လူမခွဲတမ်း လုပ်နေရတဲ့ ဆယ်တန်းကျောင်းသားမဟုတ်လား။ဒါနဲ့ ကျတာ်စာအုပ်လက်ဆောင်ကို သဘောမကျခဲ့ပေ သို့သော်လည်း စာအုပ်နာမည်ကို ကြည့်တော့ သုည တဲ့ စိတ်ဝင်စားစရာတော့ကောင်းသား ဒါနဲ့ ကျတော်လည်း အဆောင်နေအဆောင်စား အပြင်ထွက်ဖို့ဆိုတာလည်းဝေး ဖုန်းသုံးဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင် ဒါနဲ့ ကျတော် ညဘက်အိပ်ခါနီးချိန် တစ်ညမှာ အာ့စာအုပ်ကို ပထမဆုံး ဖတ်မိတယ် အာ့ညက မှတ်မှတ်ရရ မိုးတွေ လည်း ရွာလေတွေလည်းတိုက်တာများ လေပြင်းမုန်တိုင်းများလားအောက်မေ့ရတယ်။ဒါနဲ့ကျတော်လည်း ခြင်ထောင်ကိုချ ဆောင်ကို ခေါင်းမီးခြုံ led မီးအိမ်လေးကို အဆုံးထိ လျော့ချပြီး အလင်းရောင်ရယုံ တမယ်ဖွင့်ပြီး သုညဆိုတဲ့ စာအုပ်ကို စဖတ်ခဲ့မိတာပဲ။ကျတော့်ဘဝမှာ အာ့နေ့ည အာ့အချိန်လောက် စာဖတ်လို့ကောင်းတဲ့ အချိန်ဆိုတာ မရှိတော့ပေ။အလွန်ကို အမှတ်ရမိပါတယ်။အခုတော့ ကျတော်လည်း အသက်22 ဒီစာအုပ်ကို ဖတ်ခဲ့တာ 5နစ်ပင်ပြည့်ခဲ့လေပြီ။ ဆရာ့ရဲ့ သုညဆိုတဲ့ စာအုပ်ကို အောက်မေ့သတိရ လေးစားသောအား ဖြင့် ဒီစာကို ရေးလိုက်ပါတယ်။

  • @waiferkolar7807
    @waiferkolar7807 Жыл бұрын

    မိုက်တယ် လုံး၀အမျော

  • @kokalar1768
    @kokalar1768 Жыл бұрын

    ဆရာ့ကိုလေးစားလျက်ပါဆရာ

  • @goodluckyday
    @goodluckyday7 ай бұрын

    စာဖတ်ရမှာကကျွန်​တော့်ဘဝမှာအ​ကြောက်ဆုံးပဲ ဒါ​ပေမယ်သုညဆိုတဲ့စာအုပ်ကိုအစက​နေအဆုံးထိ ဘယ်နကြိမ်ပြန်ပြန်ပြီးဖတ်ခဲ့မိမှန်း​တော်မသိဘူး အခု​တော်ဒီစာအုပ်​လေးကိုလိုက်ရှာတာမရဘူး ကျွန်​တော်အသက်17မှာစ​တွေ့လို့ဖတ်မိတာအခု35​တောင်ဖြစ်​နေပြီထပ်ဖတ်ချင်​သေးတယ်

Келесі