မဟာသမယသုတ်နတ်လူချစ်ခင်သော လာဘ၊ ပီယဂါထာတော်ကြီး

မဟာသမယသုတ်တော်နှင့်အကျိုးပေး
ကိုယ်တွေ့ဇနီးမောင်နှံ
ရန်ကုန်မြို့ တွင် ခင်မောင်ထွန်းနှင့်ဇင်မာခင်
ဆိုတဲ့ဇနီးမောင်နှံနှစ်ဦးရှိပါသည်။သူတို့သည်
ဝန်ထမ်းဘဝမှာအသီးသီးထွက်ခဲ့ကြပါသည်။
ထိုစဉ်ဆင်းရဲဒုက္ခရောက်လိုက်ပုံမှာယုံနိုင်စရာ
မရှိပါဘူး။သူများအိမ်မှာဆင်းဆင်းရဲရဲနှင့်အငှား
နေရ၏။နံနက်စာ စားစရာမရှိ၍အိမ်ရှိ အဝတ်အထည်လေးများကိုပေါင်နှံပြီးမိသားတစ်စု
ဖြစ်သလိုစားသောက်ခဲ့ရသည်အထိ။
ဤမျှ ဆင်းရဲဒုက္ခကြုံတွေ့နေရပါသော်လည်း
သူတို့တွင်ကောင်းသောအကျင့်လေးရှိပါသည်။
ထိုအကျင့်က ဆရာတော်တစ်ပါ၏လမ်းညွန်မှု
ဖြင့် မဟာသမယသုတ်ကိုနေ့စဉ်အချိန်မှန်ပူဇော်
ခြင်းဖြစ်ပါသည်။မည်မျှပင်ဆင်းရဲဒုက္ခရောက်နေပါစေ
မဟာသမယသုတ်တော်ကိုရွတ်ဖတ်ပူဇော်မှု၌
မပျက်ရအောင်ကြိုးစားခဲ့ပါသည်။
ထမင်းငတ်မှာမကြောက်ပါ။
မဟာသမယသုတ်မပူဇော်ရမှာကိုပဲအလွန်ကြောက်မိသည်ဟုဆိုပါသည်။
ဖခင်ဖြစ်သူက ဘုရားပင့်
မိခင်ဖြစ်သူကနတ်ပင့်ပြီးမိသားစုတစ်ခုလုံး
နံနက်တိုင်းစနစ်တကျ ရွတ်ဖတ်ပူဇော်တတ်လာခဲ့
ပါသည်။
ရွတ်ဖတ်သည့်အသံနေအသံထားကိုလည်း
သေချာနားထောင်ပြီးလေ့ကျင်ပူဇော်လာခဲ့ပါ
သည်။
ဘေးပတ်ဝန်းကျင်အသံအနှောင့်အယှက်များလွန်း
၍လင်မယားနှစ်ယောက်နံနက်စောစော ဘုရားတစ်ဆူတွင်ရွတ်ဖတ်ပူဇော်ကြပါတော့သည်။
နေ့စဉ်မပြတ်ရွတ်ဖတ်ပူဇော်ခြင်းဖြစ်၍ဘုန်းကြီး
တစ်ပါးကပင်အဓိဌာန်ဝင်ပြီးရွတ်ကြတာလားဟု
မေးယူရပါသည်။
ထူးခြားမှုနှင့်စတင်ကြုံတွေ့လာရသည်က
မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပြီးသည်နှင့်
သာဓုခေါ်သံများကြားလာရခြင်းပင်။
ထင်ရှားပြတ်သားစွာကြားရခြင်းကြောင့်တစ်စုံ
တစ်ယောက်များသာဓုခေါ်လေမလားဟုဘေးပတ်
ဝန်းကျင်ကိုကြည့်လိုက်တော့လည်းလူသားဆို၍
ဘုရားပေါ်မှာသူတို့ဇနီးမောင်နှံနှစ်ယောက်ထဲ။
ထို့နောက်ပိုင်း သူတို့ဇနီးမောင်နှံဘဝ၌ထူးခြား
ဆန်းကျယ်သောပြောင်းလဲမှုများနှင့်ဆက်တိုက်
ကြုံတွေ့လာရတော့သည်။အငှားကောင်း
မောင်းရသောဘဝမှကိုယ်ပိုင်ကားဝယ်စီး
နိုင်ခဲ့သည်။ကိုယ်ပိုင်ကားနှင့်အငှားလိုက်ရာမှမိသားတစ်စု
လုံးရွှေတွဲလွဲ ငွေတွဲလွဲဖြစ်လာခဲ့ပြန်သည်။
အခြားလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ကြည့်ရာ
မထင်မှတ်လောက်အောင်အကျိုးပေးပြီးတစ်နေ့
တစ်ခြားကြီးပွားချမ်းသာလာခဲ့သည်။
အလိမ်ခံရသောငွေကြေးများပြန်လည်ရရှိခြင်း
သိုက်နန်းရှင်များနှင့်စကားပြောရခြင်း
အတူတူဘုရားဖူးရခြင်း
ရွတ်ဖတ်ပူဇော်နေစဉ်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ
တရားနာလာခြင်း။
ပူအိုက်လွန်းလှ၍ဧည့်ခန်းဆိုဖာပေါ်တွင်ပန်
ကာဖွင့်ပြီးအိပ်ပျော်သွားစဉ် သူ့အလိုလို
နိုးလာတော့ အိပ်ခန်းထဲရောက်ရှိနေခြင်းစ
သဖြင့်အသေးအဖွဲကိစ္စလေးများကအစ
အံ့သြရလောက်အောင်ထူးခြားလာခဲ့ပါသည်။
ဤသို့ဖြစ်ရပ်တွေကြုံတွေ့ရလေ
ပိုပြီးယုံကြည်အားထားလေဖြစ်လာပါသည်။
ချမ်းသာလာတော့လည်းပူဇော်မှုမပျက်ခဲ့ပါ
ဆင်းရဲစဉ်ကလည်းပူဇော်မှုမပျက်ခဲ့ပါ။
နေ့စဉ်မှန်မှန်ရွတ်ဖတ်ပူဇော်မြဲ။
မဟာသမယသုတ်ကိုမှီ၍ကြီးပွားချမ်းသာခြင်း
ဟုယုံကြည်သောကြောင့်ဘုရားတည်
ကျောင်းဆောက်ခြင်း သိမ် ကျောင်းဓမ္မာရုံ
ဇရပ်လှုဒါန်းခြင်း မိဘမဲ့ကလေးများအားရှင်ပြု
ပေးခြင်းစသောကုသိုလ်ကောင်းမှုများကိုစဉ်
ဆက်မပြတ်ပြုလုပ်လှုဒါန်းခဲ့ပါသည်။
လူတိုင်းအားမပြောပြသော်လည်း
မိမိနှင့်ရင်းနှီးကျွမ်းဝင်သူတိုင်းအား မဟာသမယ
သုတ်တော်ကိုနေ့စဉ်မှန်မှန်ပူဇော်ကြည့်ပါ။
ဆင်းရဲတွင်းကလွတ်ကင်းမည့်အပြင်
သာသနာပြုရခြင်း
ကျန်းမာစေခြင်း
ဘေးရန်ကင်းကာ သမ္မာဒေဝနတ်မြတ်တို့ကမ
စောင့်ရှောက်ပဲမနေနိုင်လောက်အောင် တန်ခိုး
ထက်မြက်ကြောင်း ပူဇော်ဖြစ်အောင် ပူဇော်ကြ
ရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

Пікірлер

    Келесі