လွယ်ကူမြန်ဆန်ထမင်းပေါင်းအိုးနဲ့ချက်တဲ့ ဆီထမင်း

ပါဝင်ပစည်းများ
🌸ကောက်ညှင်းဆန် 6 ခွက်
🌸ဆီ ထမင်းခူးဇွန်းနဲ့ 2 ဇွန်း
🌸ကြက်သွန်နီ ဥကြီး တစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်အနံ့စိမ်းမရအောင် ရေသေချာဆေးပါ။
🌸ဆား လက်ဖက်ရည်ဇွန်း 2 ဇွန်း
ချက်နည်း
❤️ကောက်ညှင်းဆန်ကို ရေဆေးပြီး ထမင်းချက်သလို ရေအချိုးအစားအတိုင်း အပေါ်က ပါဝင်ပစည်းအကုန်ရောမွှေပြီး ထမင်းအိုးထဲ ထည့်ချက်ပါ။
✳️ထမင်းအိုးခလုပ် တက်လာပြီး ကောက်ညှင်းမကျက်သေးရင် မွှေပြီး ခလုပ်ပြန်နှိပ် ချက်လိုက်ပါ။
❤️အပေါ်ယံ ဂျိုးလိုချင်ရင် ဗန်းထဲထည့်ပြီး Oven ထဲထည့် Broil ကိုရွေးပြီး 10 mins လောက် high temperature နဲ့ဖုတ်ပါ။ တနေရာထဲ ကွက်ပြီးမတူးအောင်တော့ ကြည့်ပြီး လှည့်ပေးရပါမယ်။
✳️Oven မရှိရင် ဒယ်အိုးပြားထဲ ကောက်ညှင်းထည့်ပြီး ဂျိုးလုပ်လို့လဲ ရပါတယ်။
ပဲပြုတ်၊ နှမ်းထောင်း၊ ဆိတ်သားမျှင်ကင် ကြိုက်ရာနဲ့ တွဲစားပါ။
Yummy in my Tummy ❤️❤️❤️
#ဆီထမင်း
#myanmarfoods
#burmesebreakfast
#မြန်မာရိုးရာမနက်စာ

Пікірлер: 4

  • @suthinzarhan3111
    @suthinzarhan3111Ай бұрын

    မရေ ပဲပြုတ်လုပ်နည်းလေး ပေးပါဦး ❤

  • @zuzulay9001

    @zuzulay9001

    13 күн бұрын

    @@suthinzarhan3111 ပဲပြုတ်လုပ်နည်း video လေးတင်ထားပေးပါတယ်နော်

  • @KoChit-ic6uf
    @KoChit-ic6ufАй бұрын

    အရသာက ဘာထည့်လဲ ဗအမ❤

  • @zuzulay9001

    @zuzulay9001

    13 күн бұрын

    @@KoChit-ic6uf ပါဝင်ပစည်းများ 🌸ကောက်ညှင်းဆန် 6 ခွက် 🌸ဆီ ထမင်းခူးဇွန်းနဲ့ 2 ဇွန်း 🌸ကြက်သွန်နီ ဥကြီး တစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်အနံ့စိမ်းမရအောင် ရေသေချာဆေးပါ။ 🌸ဆား လက်ဖက်ရည်ဇွန်း 2 ဇွန်း

Келесі