လက်နက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို CNDF က ကျပ်သိန်း ၅၀ ချီးမြှင့်

လက်နက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို CNDF က ကျပ်သိန်း ၅၀ ချီးမြှင့်
===================
လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ချင်းအမျိုးသားအဖွဲ့ချုပ် / ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF က ကျပ် သိန်း ၅၀ ချီးမြှင့်သည်။
ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှ တပ်သားထက်မြတ်အောင်သည် အကြမ်းဖက်စစ်ကောင်စီ လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် လက်နက် အပြည့်အစုံနှင့်အတူ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က ဝင်ရောက် လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ သူကို ညီလာခံအတွင်းမှာ ချီးမြှင့်ခဲ့တာပါ။ ဆက်သွယ်ရေးအခက်အခဲကြောင့် အခုမှ ထုတ်ပြန် နိုင်တာပါ ” CNDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
CNO/CNDF ထံသို့ ပူးပေါင်းလာသော ရဲနှင့်စစ်သား ၄၀ ခန့် ရှိပြီး ငါးဦးမှာ လက်နက်ဖြင့်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ် စတင်တည်ထောင်ချိန်မှ တစ်နှစ်တာအတွင်း တိုက်ပွဲ ၅၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀၀ နီးပါး သေဆုံးခဲ့ကြောင်း ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၁၀,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန် ထားသည်။
#CNDF
#အလင်းဝင်
#ခလရ (၂၆၈)
#VideoNews
#MizzimaTV
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.
လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
နောက်ဆုံးရ သတင်းနှင့် အခြားစိတ်၀င်စားစရာအစီအစဥ်တွေ
မလွတ်တမ်းကြည့်ရှုနိုင်ဖို့ မဇျိမချန်နယ်ကို subscribe လုပ်ပြီး
All Notification ဖွင့်ထားဖို့ တိုက်တွန်းလိုက်ပါရစေ.
Follow us :
Facebook ( Myanmar Language) / mizzimadaily
Facebook (English language) - / mizzimamyanmarnews
Twitter - / mizzimanews
Telegram - t.me/mizzimatv/
Website : www.mizzima.com www.mizzimaburmese.com www.mizzima.tv
Free Download Mizzima TV App - onelink.to/jnuwak/
About Us :
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
......................................................
WARNING:
This video contains graphic violence contents
which may not be suitable for all audiences .
Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research. Fair use is a use permitted by copyright statute that might otherwise be infringing.

Пікірлер: 5

  • @sawleninkyawhtet7588
    @sawleninkyawhtet75882 жыл бұрын

    Good

  • @usoepay8251
    @usoepay82512 жыл бұрын

    ပေးပေမယ့်အကုန်မယူသင့်ပါဘူး

  • @kyawkyaw-cz6ro
    @kyawkyaw-cz6ro2 жыл бұрын

    သဘောမကျလိုက်တာ။ လူသတ်၊အိမ်မီးရှို့ ပြီးမှဝင်လာတဲ့သူကို သိန်း၅၀ပေးတယ်လို့။အံ့ပါ့။ အရူးCPDF

  • @winzaw1860
    @winzaw18602 жыл бұрын

    ဒါပဲ။

  • @aungthit5894

    @aungthit5894

    2 жыл бұрын

    Is

Келесі