ကြည်ညိုသပ္ပါယ်စရာ ဓာတ်တော် မွေတော် ကံကူစေတီတော်များ

ဓာတ်တော် မွေတော် ကံကူစေတီတော်တွေကို သွားရောက်ဖူးမြော်မယ်ဆိုရင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပေါင်းတူဉာဏရပ်ကွက်မှာ တည်ရှိပါတယ်။ ရန်ကုန်ဘက်ကလာရင် အမှတ် ၃ လမ်းမကြီးအတိုင်း လာရမှာဖြစ်ပြီး ပုလဲလမ်းဆုံမရောက်ခင် ညာဘက်အခြမ်း မှာ ဂန္ဓမာလမ်းဆိုတာ ရှိပါတယ်။ လမ်းထိပ်မှာ လမ်းညွှန်ဆိုင်းဘုတ်လည်းရှိတဲ့အတွက် အလွယ်တကူ မြင်နိုင်ပါတယ်။ ဘုရားဝင်းထဲဝင်လိုက်တာနဲ့ ရင်သပ်ရှုမောစရာကောင်းတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ထားတဲ့ စေတီတော်တွေကို တွေ့ မြင်ရမှာဖြစ်ပါတယ်။

Пікірлер: 4

  • @khinmyint6774
    @khinmyint677413 күн бұрын

    🙏🙏🙏

  • @moemoe-jo9uf
    @moemoe-jo9uf6 күн бұрын

    ဓာတ်တော်တိုက်ကိုဖူးရလို့သာဓုသာဓုသာဓု

  • @stabagan2978
    @stabagan297815 күн бұрын

    မုန့်ဈေးတန်းတော့သဘောကျနေပြီ

  • @myanmaradventuretraveler2752

    @myanmaradventuretraveler2752

    14 күн бұрын

    @@stabagan2978 လာခဲ့လေ

Келесі