No video

ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်တယ်

ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်တယ် (ရုပ်/သံ)
စောမေရီ၊ မတ် ၂၂၊ ၂၀၂၄
ရက္ခိုင့်တပ်တော် (AA) နဲ့တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် က ဧရာဝတီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းယူပြီးတဲ့နောက် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုတွေကို စစ်မြေပြင်သဖွယ် သတ်ဖြတ်နှိမ်နင်းခဲ့တဲ့ စစ်ကောင်စီဟာ ဘူးသီးတောင်နဲ့ မြို့တော် စစ်တွေမှာ တိုက်ပွဲတွေအလိုမရှိကြောင်းနဲ့ AA အလိုမရှိကြောင်း ဆန္ဒပြပွဲတွေ ပြုလုပ်ခွင့်ပေးနေတာဖြစ်ပါတယ်
ဒီအကြောင်းအရာ အပါအဝင် ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းနေတဲ့ ကိစ္စနဲ့ လူမျိုးရေး၊ ဘာသာရေး စိုးရိမ်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

Пікірлер: 100

    Келесі