ကောက်လှိုင်းတီမုန့်

ဒီတစ်ပတ်မှာတော့ Taste Window အဖွဲ့သွားတွေ ကောက်လှိုင်းတီပန်းကို လိုက်ရှာရင်း သန်လျင်မြို့မှာရှိတဲ့ ပါဒကြီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ ကောက်လှိုင်းတီပန်းပွင့်အစိုလေးတွေရဲ့ ရာသီချိန်ကကုန်ဆုံးသွားပေမယ့် အဲ့ဒီ ပါဒကြီးကျေးရွာမှာ ကောက်လှိုင်းတီမုန့်ကို ကောက်လှိုင်းတီပန်းအစစ်နဲ့ ပြုလုပ်ရောင်းကြနေတဲ့ အန်တီဒေါ်မြင့်မြင့်မော်ကတော့ ကောက်လှိုင်းတီပန်းလေးတွေကို အခြောက်လှမ်းသိမ်းဆည်းထားရင်း ပြုလုပ်ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီအန်တီစီက ကောက်လှိုင်းတီပန်းခြောက်လေးလည်း ဝယ်ရင်း ကောက်လှိုင်းတီမုန့်လုပ်နည်းလေးကိုပါ ပရိသတ်ကြီးအတွက် ပြန်လည်လုပ်ပြဖို့ သင်ယူခဲ့ပါတယ်။
ကောက်လှိုင်းတီမုန့်ကို အိမ်မှာကိုယ်တိုင်လိုက်လုပ်ချင်တဲ့ ပရိသတ်ကြီးအတွက် မတင်တင်ဦးက မွှေးကထုတ်တဲ့ ဆန်မှုန့်နဲ့ အချိန်ကုန်သက်သာအောင် ပြန်လည်လုပ်ပြပေးထားတာလေးကိုလည်း တင်ဆက်ပေးထားပါတယ်။ ကဲ ကြည့်လိုက်ကြရအောင်နော်။
#Taste_Window_Food_Magazine
#Half_Potato_Food_Television
#TinTinOo
#ကောက်လှိုင်းတီမုန့်
#မုန့်လုပ်နည်းများ
#ကောက်လှိုင်းတီပန်း
#သန်လျင်မြို့ #ပါဒကြီးကျေးရွာ

Пікірлер: 44

  • @aungphyopaing2955
    @aungphyopaing29558 ай бұрын

    ဗဟုသုတ ရပါတယ်၊ကျေးဇူးပါ။အောင်မြင်ပါစေ။

  • @user-ez7qm2lk7t
    @user-ez7qm2lk7t9 күн бұрын

    ငယ်ငယ်ကပဲစားရတာအခုဆိုရင်မြင်တောင်မမြင်ရတော့ဘူး ကောက်လှိုင်းတီမုန့်ကိုလုပ်ရောင်းသူကရှားပါတယ်.စားချင်လိုက်တာ

  • @EiEi-lm6xd
    @EiEi-lm6xd8 күн бұрын

    ကျေးဇူးအရမ်တင်ပါတယ်.အမနဲ့အဒေါ်ခုလို့မုန့်လုန့်နည်းမျှဝေပေးလို့❤❤😊

  • @ariyarhtut7805
    @ariyarhtut78058 ай бұрын

    ခုလိုတင်ပြပေးတာ ကျေးဇူးပါတယ် အရမ်းကြိုက်တာ လုပ်စားဖို့ စဉ်းစားသေးတယ် ခုပုံနဲ့ဆို လုပ်ဖို့မလွယ်ဘူးပဲ

  • @user-jg2mj7jk7e
    @user-jg2mj7jk7e8 күн бұрын

    ကျေးဇူးပါ

  • @mayaye8269
    @mayaye8269Күн бұрын

    အညာသား ကျောကုံး မုတ်လို့ခေါတယ်

  • @okstar3522
    @okstar35225 күн бұрын

    မှာစားချင်လို့ဘာမမြင့်မြင့်မော်လိပ်စာနဲ့ဖုန်းနံပါတ်လေးသိချင်လိုက်တာရှင်❤❤❤❤

  • @rjanethi2734
    @rjanethi27348 ай бұрын

    Hi dear! Thanks for sharing.

  • @elearning1688
    @elearning16883 күн бұрын

    ရမ်းကြိုက်ပါတယ်၊ဝယ်စားချင်လို့၊ရနိုင်မယ့်နေရာပြောပါလား

  • @nweni8966
    @nweni89668 ай бұрын

    ကောက်လှိုင်းတီမုန့်လေး ကြိုက်တယ်❤❤❤

  • @ThetHtarWai-vl4le
    @ThetHtarWai-vl4le3 күн бұрын

    ❤❤❤❤❤❤❤❤❤❤❤❤❤

  • @saithway969
    @saithway9698 ай бұрын

    ပါဒကြီးရွာက သန်လျင်မှာ မဟုတ်ပါ ကျောက်တန်းမြို့နယ်ထဲမှာပါ သေချာလေ့လာပါဦး

  • @cuttiecupid2829

    @cuttiecupid2829

    8 ай бұрын

    စားချင်လိုက်တာ

  • @thandar34

    @thandar34

    8 ай бұрын

    သန်လျင်အပိုင်ထဲမှာပါခရမ်း၃ခွတောင်သန်လျင်ပိုင်ထဲမှာပါတယ်

  • @user-ln6yu8rz3z
    @user-ln6yu8rz3z5 ай бұрын

    Good smart host programer good food maker.

  • @nanmya5600
    @nanmya56008 ай бұрын

    ကြိုက်တယ်စားချင်လိုက်တာ

  • @tunyee4613
    @tunyee46133 ай бұрын

    ကောကလှိုင်းတီရွက်ခြောက်/ အမှုန့် ဝယ်လို့ရရင် နေရာလေးပြောပေးပါအုံး

  • @dawthenthanksthenwin1947
    @dawthenthanksthenwin19478 ай бұрын

    🎉🎉🎉❤❤❤

  • @eversmileeversmile9071
    @eversmileeversmile9071Ай бұрын

    စားချင်လိုက်တာ

  • @ChoChoLwin-rq2hm
    @ChoChoLwin-rq2hm8 ай бұрын

    %

  • @sweswemar5642
    @sweswemar56425 ай бұрын

    မမြင့်မြင့မော်ဖုံးနံပန်လေးေပးပါလားcele

  • @kinsanawin9092
    @kinsanawin9092Ай бұрын

    ပန်းနာမည်က ကောက်လှိုင်းတီပွင့် ခေါ်တာပါလား

  • 8 ай бұрын

    ပါဒကြီးကျေးရွာကကျောက်တန်းမြို့နယ်မှာရှိတာပါ။သန်လျှင်မှာမဟုတ်ပါ။

  • @angelflowers8014
    @angelflowers80148 ай бұрын

    ​ကောက် လှိုင်းတီပန်းမရှိရင် ​အောင်မဲညို butterfly pea flowersသုံး လို့ ရမလား မသိဘူး

  • @angelflowers8014

    @angelflowers8014

    8 ай бұрын

    တိုးတက် ြကီးပွား ​ေအာင် ြမင်ပါ​စေ မုန့်လုပ်သည်အမ အဆင့် ြမင့် ြမင် ထုတ်လုပ် ​ရောင်းချ နိုင်ပါ​စေ

  • @tastewindow

    @tastewindow

    8 ай бұрын

    ရပါတယ်။ ပန်းအနံတော့မပါတော့ဘူးပေါ့။

  • @kinsanawin9092

    @kinsanawin9092

    Ай бұрын

    ကာလာတော့ဆင်တူရမယ်ထင်ပါတယ်။ အနံ့လေးကွဲလိမ့်မယ်။ လုပ်ကြည့်ရအောင်။

  • @AyeAye-nx3db
    @AyeAye-nx3db8 ай бұрын

    ခွေးလပြွတ်ချက်စားချင်တယ်😆

  • @MaMa-vi6kh

    @MaMa-vi6kh

    8 ай бұрын

    ဟိုတုန်းကပရိုမီနာမြစ်ဆိုပြီးရောင်းတာလေ အဲ့ဒါခွေးလပြွတ်မြစ်ပေါ့ ကျောက်တန်းကသူငယ်ချင်းဆရာမပြောပြတာ

  • @user-zc7jq7qy9t

    @user-zc7jq7qy9t

    8 ай бұрын

    😂😂😂

  • @AyeAye-nx3db

    @AyeAye-nx3db

    8 ай бұрын

    @@MaMa-vi6kh ကြားဖူးတယ်မျက်နှာချောတယ်ဆိုပြီးသွေးလူးကြတာ

  • @AyeAye-nx3db

    @AyeAye-nx3db

    8 ай бұрын

    @@MaMa-vi6kh ဒါဆိုပရိုမီနာမြစ်မရရင် ခွေးလပြွတ်ဖြုတ်ပြီးသွေးလူးလို့ဖြစ်တာပေါ့

  • @AyeAye-nx3db

    @AyeAye-nx3db

    8 ай бұрын

    @@MaMa-vi6kh တူတယ်ဆိုတော့လေ

  • @AyeAye-nx3db
    @AyeAye-nx3db8 ай бұрын

    ကောက်ရိုးပုံမုန့်စားချင်တယ်

  • @naw.hteray3418
    @naw.hteray341810 күн бұрын

    ခုမကြားဖူးခွေးလပြစ်ရွက်

  • @thidarhla8575
    @thidarhla85758 ай бұрын

    What's the phone number of Daw Myint Myint Maw?

  • @thandarwin5348

    @thandarwin5348

    8 ай бұрын

    စာတန်းထိုးမလားလို့ ကြည့်နေတာ၊ ဒိုင်စားသွားတယ်ထင်၊ မတင် များ လုပ်ရောင်းတော့မလား မသိ😅

  • @user-pc5qz5yq5c
    @user-pc5qz5yq5c8 ай бұрын

    ကောက်လှိိုင်းပွင့်ကဘယ်မှာဝယ်လို့ရလဲ

  • @user-mk5oj8vl3l
    @user-mk5oj8vl3l2 ай бұрын

    အဲ့ပန်းခြောက်ဘယ်မှာဝယ်လို့ရလဲသိချင်လိုက်တာ

  • @user-sw6yx4lp1g
    @user-sw6yx4lp1g5 ай бұрын

    ကောက်လှုင်းတီမုံ့ငယ်ငယ်ထဲကအရမ်းကြိုက်တယ်လာစားမယ်

  • @parcu5883
    @parcu5883Ай бұрын

    စကော့ဈေးကအသည်တွေကမစစ်ဘူး

Келесі