#Korea

အာန်ညာဟာဆယ်ယို…ယောရောဘွန်းးးးးး
အားလုံးပဲ မင်္ဂလာပါ…….
ဒီတစ်ခါတော့ ကိုရီးယားကို Study Abroad သွားမယ့် သူတွေအတွက် ဘာတွေပြင်ဆင်သွားရမလဲ? ဘာတွေလိုအပ်လဲ? ပျှမ်းမျှဘယ်လောက်ကုန်ကျနိုင်မလဲ? ဘယ်လိုအခက်အခဲတွေရှိနိုင်မလဲ? အဲ့ဒီအပြင် Scholarship တွေအကြောင်းကိုလည်း Tr. Lae နဲ့ Tr. Ae’ က အသေးစိတ် Sharing လုပ်ပေးထားတာဖြစ်တဲ့အတွက် ကိုရီးယားမှာ ကျောင်းသွားတတ်ဖို့ ပြင်ဆင်နေကြတဲ့ သူတွေအနေနဲ့ ဒီ Video လေးက အထောက်အကူဖြစ်စေမှာပါ။ ဆိုတော့ Video ကို အဆုံးထိကြည့်ဖို့ မမေ့ကြနဲ့နော်။
#EFA_3View
#Study_Abroad
#LanguageProgram
#Undergraduate
#Graduated
#KnowledgeSharing
#Education_For_All

Пікірлер: 22

  • @ThetMar-f3v
    @ThetMar-f3v19 күн бұрын

    Korea မှာကျောင်းတက်ဖို့ဆို အသက်ကန့်သတ်ထားသေးလားတီချယ်❤❤❤

  • @Streamingbyjake26
    @Streamingbyjake26Ай бұрын

    D4 နဲ့ language school နဲ့ တက်ပြီးkorea မှာပဲ အလုပ်ထဲတန်းပြောင်းလို့ရမလားအမ ဖြေပေးပါအုံးအခက်တွေ့နေလို့🥺

  • @3viewefa

    @3viewefa

    Ай бұрын

    D4 နဲ့ကကျတော့ တရားဝင် အရ အလုပ်ထဲတန်းပြောင်းလို့မရပါဘူးနော်။ များသောအားဖြင့်ကတော့ နားလည်မှုနဲ့ လုပ်ကြတာများပါတယ်ရှင်အဲ့ဒါကလည်း D4 Part time လောက်ပဲရှိတာဆိုတော့လေ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ D2 ပြောင်းလိုက်တာက ပိုအဆင်ပြေပါမယ်ရှင်။

  • @nandar3945
    @nandar39452 ай бұрын

    10တန်းအမှတ်က 300မပြည့်တာ ကိုရီးယားမှာ ကျောင်းတက်လို့ရပါ့မလားရှင့်

  • @3viewefa

    @3viewefa

    2 ай бұрын

    ၁၀ တန်းအမှတ်မကြည့်တဲ့ ကျောင်းတွေကို ရွေးလျှောက်ကြည့်ဖို့ အကြံပေးပါတယ် နော်ညီမလေး။

  • @user-ns1dj9pn7q
    @user-ns1dj9pn7q13 күн бұрын

    မှတ်ပုံတင်မှီခိုဆိုရင်ရောသွားလို့ရလားရှင့်

  • @3viewefa

    @3viewefa

    13 күн бұрын

    ဟုတ်ကဲ့ ရပါတယ်ရှင်။

  • @Learningwith-it4mg
    @Learningwith-it4mg25 күн бұрын

    ကျောင်းတက်ချင်ရင်passportကPVနဲ့လားPEလားရှင့် ဖြေပေးပါအုံးနော် ဘာလျှောက်ရမှန်းမသိလို့ပါ

  • @3viewefa

    @3viewefa

    25 күн бұрын

    PV နဲ့ပါညီမလေး။ အခုနောက်ပိုင်း Passport PJ-PV အပြောင်းအလဲ အခက်အခဲတွေကြောင့် ကိုယ်က PJ ကိုင်ထားတယ်ဆိုရင် PE ပြောင်းပြီးသွားလို့ရပါတယ်ညီမေလး။

  • @BAHUTUTA99
    @BAHUTUTA992 ай бұрын

    မြန်မာနိုင်ငံမှာ lv2 လောက်တတ်ထားမယ်ဆိုရင် ကိုရီးယားရောက်ရင် part timeကို၆လစောင့်စရာမလိုပဲ part time တန်းလုပ်လို့ရလား တီချယ်

  • @3viewefa

    @3viewefa

    2 ай бұрын

    တစ်ချို့ကျတော့ ၆ လမစောင့်ပဲတန်းလုပ်ကြတာများတယ် ညီမလေး။ Level မြင့်ရင်တော့ ညီမလေး Part time ကို နေရာကောင်းကောင်း လစာကောင်းကောင်းတော့ ရနိုင်တယ်ညီမလေး။

  • @Thinlat-jt5jp
    @Thinlat-jt5jp3 ай бұрын

    မြန်မာG-9 အောင်korea high school တတ်ချင်လို့ဘာလေးတေလိုလဲမမ အစိုးရကျောင်းတတ်ရင်ကျောင်းစရိတ်မပေးရဘူးမလားရှင့်

  • @3viewefa

    @3viewefa

    3 ай бұрын

    အစိုးရကျောင်းတက်ရင်ကျောင်းစရိတ်မပေးရဘူးဆိုတာကလေ သူတို့နိုင်ငံသားဖြစ်မှ မပေးရတာပါနော်။ ပြီးတော့ မြန်နိုင်ငံကနေ အထက်တန်းကျောင်းနဲ့သွားဖို့အတွက်က Visa မရှိသေးပါဘူးနော်။ အဲ့လိုမှမဟုတ်ပဲ ကိုရီးယားမှာ မိသားစုရှိလို့ မိသားစုက လှမ်းခေါ်တာမျိုး၊ ကိုရီးယားမှာ မွေးစားမိဘရှိလို့ သူတို့က လှမ်းခေါ်တာမျိုး၊ ကိုရီးယား အစိုးရက ပညာသင်ဆုပေးတဲ့ အခြေအနေမျိုးတွေနဲ့ သွားလို့ရပါတယ်ရှင်။😍

  • @HsuMon-c4f
    @HsuMon-c4f17 күн бұрын

    သွေးမအောင်ရင် သွားလို့ရလား ရှင့်😘

  • @3viewefa

    @3viewefa

    14 күн бұрын

    မရပါဘူးရှင်။ ဆေးစစ်ထားတဲ့ စာရွက်တွေပါ သံရုံးကိုတင်ပေးရတာကြောင့်ပါရှင်။

  • @ThetMar-f3v
    @ThetMar-f3v19 күн бұрын

    Korea မှာကျောင်းတက်ဖို့ဆို အသက်ကန့်သတ်ထားသေးလားတီချယ်❤❤❤

  • @ThetMar-f3v
    @ThetMar-f3v19 күн бұрын

    Korea မှာကျောင်းတက်ဖို့ဆို အသက်ကန့်သတ်ထားသေးလားတီချယ်❤❤❤

  • @3viewefa

    @3viewefa

    18 күн бұрын

    အသက်က D2 အတွက်ဆိုရင်တော့ 40 အထိ ကန့်သတ်ထားပါတယ်။ Language Program အတွက်ကတော့ အတိအကျကြီး ကန့်သတ်ထားတာမျိုးတော့မရှိဘူးဆိုပေမယ့် သုံးဆယ်ကျော် နောက်ပိုင်းတွေအတွက်တော့ နည်းနည်းခက်ခဲမယ်ထင်တယ်။

  • @NawMuLu

    @NawMuLu

    15 күн бұрын

    ​@@3viewefaD2ဆိုတာ ဘာလဲဟင်❤

  • @3viewefa

    @3viewefa

    14 күн бұрын

    @@NawMuLu D2 က ကိုရီးယားမှာ တက္ကသိုလ်မှာမေဂျာအတန်းတက်တဲ့ အခါ ထုတ်ပေးတဲ့ Visa ပါရှင်။

  • @Monn-hh9ie

    @Monn-hh9ie

    Күн бұрын

    D4မတက်ပဲD2တန်းလျှောက်လို့ရလားရှင့်D4တက်ပီးအလုပ် visaချိန်းပီးအလုပ်လုပ်ဘို့ရလားရှင့်

  • @3viewefa

    @3viewefa

    8 сағат бұрын

    @@Monn-hh9ie Topik စာမေးပွဲဖြေထားပြီး Topik Level 3 နဲ့အထက်ရှိတယ်ဆိုရင်တော့ D2 တန်းလျှောက်လို့ရပါတယ်ညီမလေး။

Келесі