ကချင်လွတ်မြောက်ရေးအဖွဲ့၏၆၁နှစ်ပြည့် တော်လှန်ရေးနေ့အဖြစ် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမိန်းခွန်း

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ၆၁ နှစ်ပြည့် တော်လှန်ရေးနေ့အဖြစ် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားသည့် မိန်းခွန်း အနှစ်ချုပ်
------
၁။ အပစ်အခတ်ရပ်စဲရေးကို တရားဝင် (၃-၄) ကြိမ်ပြုလုပ်ခဲ့ပေမယ့် “လက်နက်ချရေး”ကိုသာ အဓိကထား ပြောကြားခဲ့သလို “နိုင်ငံရေး”အရဆွေးနွေးမှုကို လက်မခံခဲ့ဘဲ “ဖက်ဒရယ်စနစ်ဆိုတာက ခွဲထွက်ရေး” ဖြစ်တယ်လို့ အကြောက်အလန့် ငြင်းဆန်ခဲ့ကြပါတယ်။
၂။ ၂၀၁၀ ခုနှစ် ထိုင်းနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နဲ့အတူ “UNFC” ဆိုတဲ့ “နိုင်ငံရေးအဖွဲ့” ကို တရားဝင်ဖွဲ့စည်းခဲ့ကာ၊ အဆိုပါနိုင်ငံရေးအဖွဲ့နဲ့အတူ “ဖက်ဒရယ်စနစ်” ပေါ်ထွန်းလာဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းလာနိုင်ခဲ့တဲ့အတွက် ပြည်တွင်းရှိ နိုင်ငံရေးပါတီများကလည်း သဘောပေါက်နားလည်လာခဲ့ကြပါတယ်။
၃။ ၂၁ ရာစု ပင်လုံအစည်းအဝေးများ စတင်ချိန်မှာ ကေအိုင်အိုက “UNFC” နိုင်ငံရေးအဖွဲ့အနေနဲ့တက်ရောက်နိုင်ခဲ့ပြီး၊ ဒီအစည်းအဝေးမှာ UNFC အနေနဲ့ ပင်လုံကတိကဝတ်ကိုသာ အခြေခံထားသည့် “ဖက်ဒရယ်ပြည်ထောင်စုစနစ်”ကို တည်ထောင်နိုင်ဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
၄။ ဒီလို တောင်းဆိုတိုက်တွန်းခဲ့ပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “ပင်လုံစာချုပ်ဟာ ပြည့်စုံမှုမရှိဘဲ၊ အနှစ်သာရ မပြည့်စုံလိုပ အသုံးမဝင်ကြောင်း”ကို ၂၁ ရာစုပင်လုံအစည်းအဝေး အခမ်းအနားမှာ အာဏာရှင်ဆန်ဆန် ချိုးနှိမ်ပြောဆိုခဲ့တာကို ခံခဲ့ရပါတယ်။
၅။ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ တိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းတွေက တင်ပြတောင်းဆိုချက်တွေကို လက်ခံမှုမရှိဘဲ လူမျိုးကြီးဝါဒဆန်ဆန် စစ်တပ်မှတင်ပြတောင်းဆိုချက်ကိုသာ လက်ခံကြဖို့ လုပ်ဆောင်လာခဲ့တဲ့အတွက် နောက်ဆုံး “၂၁ ရာစု ပင်လုံအစည်းအဝေးကြီး” ရပ်တန့်ပစ်လိုက်ရတဲ့အထိ ဖြစ်လာရပါတယ်။
၆။ ဒီကနေ့အချိန်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး အာဏာရှင်စန်စ်ကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အသီးသီးကို မှာကြားချင်တယ်။ အားလုံးဟာ သူရဲကောင်း ရဲဘော်ရဲဘက်တွေဖြစ်တယ်။ ဝမ်းသာခွန်အားရမိပါတယ်။ ဒါပေမယ့် အားလုံးက နာမည်အမျိုးမျိုးနဲ့ လုပ်နေတာမျိုးမဖြစ်သင့်တော့ပါဘူး။ အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ ဒီကနေ့အချိန်မှာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တာကို အားလုံးသတိချပ်ဖို့ လိုပါတယ်။
၇။ မိန့်ခွန်းနောက်ဆုံးပိုင်းမှာ လက်ရှိ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့ကာလမှာ မိမိတို့ရဲ့ စားဝတ်နေရေး ရိက္ခာဖူလုံရေးအတွက် လုပ်ဆောင်သွားဖို့လိုအပ်နေပေမယ့် “တောမီးလောင် လက်ခမောင်းခပ်” ဆိုတဲ့စကားအတိုင်း ကိုယ်ကျိုးစီးပွားအတွက် အတိုင်းထက်အလွန် ရှာဖွေတာမျိုးမလုပ်ဆောင်ကြဖို့နဲ့ မိမိရဲ့ ကိုယ်ကျိုးစီးပွားအတွက် ခြံစည်းရိုးခွထိုင်သူများ မဖြစ်ဖို့ လိုအပ်ပါတယ်။
ဂျိန်းဖော့ (ကချင်)ဘာသာြဖင့် ရေးသားထုတ်ပြန်လိုက်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ၆၁ နှစ်ပြည့် တော်လှန်ရေးမိန်းခွန်းမှာပါဝင်သည့် အကြောင်းအရာများကို အနှစ်ချုပ် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : bit.ly/2VhJ12U
Subscribe our channel
to get more update news of what happening in Myanmar.
Follow us :
Facebook ( Myanmar Language)
/ mizzimadaily
Facebook (English language)
/ mizzimamyanmarnews
Twitter / mizzimanews
Telegram t.me/mizzimatv
Download Mizzima TV App Free : onelink.to/jnuwak
Website :
www.mizzima.com
www.mizzimaburmese.com
www.mizzima.tv
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
We bring Burmese news and views to you on a regular basis, podcast through the Internet. At the same time, we are also working hard to extend our reach to other broadcast networks, whether, terrestrial, satellite or via the Internet. Please Tune-in or Subscribe to our contents using iTunes or other Podcatching applications.
......................................................
DISCLAIMER:
Copyright© Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research. Fair use is a use permitted by copyright statute that might otherwise be infringing.

Пікірлер: 19

  • @user-ce2dh6qw2l
    @user-ce2dh6qw2l3 ай бұрын

    KIA.KIO လေးစားဂုဏ်ယူပါတယ်.ဘုရားသခင်ရဲ့အလိုတော်နဲ့အတူ တိုင်းရင်းသားညီနောင်တွေကိုခရစ်တော်ရဲ့စိတ်သဘောရှိပြီး ပန်းတိုင်အရောက်စည်းလုံးစွာကြိုးစားလုပ်ဆောင်အောင်မြင်မယ်လို့အထူးယုံကြည်ပါတယ်.📖🙏✨🇲🇲

  • @maokotpa6821
    @maokotpa6821Ай бұрын

    KIA from 💯💪♥️ love and support from KUKI 💪🤝🤝🥰🥰

  • @user-ce2dh6qw2l
    @user-ce2dh6qw2l8 ай бұрын

    Nanhte hpe ngai gaja wa teng teng tsun ma de ga,Nye ga hku hkan ai wa gaw galoi mung n si na ra ai, ngu nna bai htan mu ai.YawHan8:51📖🙏 Hkungga ai Du KaBa Hkristu bausin ya nga u ga🙏

  • @maseng4773
    @maseng47732 жыл бұрын

    May God bless KIO, KIA.

  • @aungmyinthan2589
    @aungmyinthan25892 жыл бұрын

    မြန်မာစာတမ်းပါရင် ကောင်းမယ်

  • @josephmyl1490
    @josephmyl1490 Жыл бұрын

    ပင်လုံစာချူပ်ကိုကြည့်ရင် ကောင်းတရ်

  • @uubalamoemakha3868
    @uubalamoemakha38682 жыл бұрын

    တိုင်းရင်းသားတွေ လည်း သမ္မတဖြစ်ရမည် (ဖြစ် ပိုင်ခွင်.ရှိ သှ်)

  • @kungkyaw9120
    @kungkyaw91202 жыл бұрын

    Thanks!

  • @khunsantlahpai1453
    @khunsantlahpai1453 Жыл бұрын

    grai jaw ai ning baw ga ba

  • @rockethonest4894
    @rockethonest48942 жыл бұрын

    May​ God bless KIA, stand with people and fighting for justice and freedom.

  • @lamai1764
    @lamai1764 Жыл бұрын

    Le

  • @JayJay-de2mn
    @JayJay-de2mn Жыл бұрын

    နားလည်ကြလားဟင်

  • @zawmyo7
    @zawmyo72 жыл бұрын

    ဘာသာပြန်ပေးရင် ကောင်းမယ်လေ ဘာမနားမလည်ဘူး 😩😩

  • @a-2400
    @a-2400 Жыл бұрын

    Hey My name is ဦးကျော်လင်းသိုက်

  • @slaybryn5504

    @slaybryn5504

    Ай бұрын

    so what

Келесі