回転寿司ဆိုင်မှာ ဘယ်လိုorder မှာကြမလဲ

Тәжірибелік нұсқаулар және стиль

回転寿司လို့ခေါ်တဲ့ (မြန်မာလိုဆိုရင်တော့ လည်နေတဲ့sushiပေါ့နော်) sushi ဆိုင်မှာ ဘယ်လိုမျိုး order မှာရသလဲဆိုတာရယ် 回転寿司 ဆိုင်ရဲ့ ဆိုင်အတွင်းမြင်ကွင်း တွေကိုသိဖို့အတွက် ဒီ video လေးကိုလုပ်ထားတာပါ ပုံမှန်ဆိုရင်တော့ အဲ့လိုsushi ဆိုင်မှာ ဂျပန်မှာ တခြားဆိုင်တွေနဲ့ယှဉ်ရင် ဈေးချိုတာရော အရသာရှိတာရောကြောင့် လူပြည့်ပါတယ် booking မလုပ်ဘဲသွားမိရင်တော့ စောင့်ပေတော့ဘဲ
ပိတ်ရက်ဆိုပိုလူပြည့်တယ်
ဂျပန်မှာနာမည်ကြီး 回転寿司ဆိုင်တွေကတော့ Hamazushi(はま寿司), Shishiro(スシロ), Kura Sushi (くら寿司)တို့ဘဲဖြစ်ပါတယ် မင်မင်တော့ ၃ဆိုင်လုံးစားဖူးတယ် ဒီ video ကတော့ Hamazushi ဆိုင်မှာရိုက်ထားတာ
အဲ့လိုဆိုင်တွေကိုရောက်ပြီဆိုတာနဲ့ ပထမဆုံး booking ယူထားတဲ့သူက booking Number ကို စက်မှာရိုက်ထည့်လိုက် (အဲ့နေရာမှာ booking ယူတုန်းကလူအရေအတွက်အတိုင်း စက်မှာပြန်ရွေးပေးရပါတယ်) ပြီးရင်တော့ ခေါ်တာကိုစောင့်ပါ ခေါ်တဲ့နံပတ်ကို Monitor ပေါ်မှာပေါ်လာပြီဆိုရင် ကြိုက်ရာ table မှာဝင်ထိုင်ပြီး စားလို့မရပါဘူး table ယူဖို့အတွက် အခုဏစက်ကိုပြန်သွားပြီး booking confrimation မှာ လျို့ဝှက်စာလုံး အစားအသောက်နာမည်တခုကို စက်မှာပြထားတဲ့ အစားအသောက်ပုံတွေထဲက ရွေးပေးလိုက်ရင် table slip လေးကျလာပါတယ် (eg. Booking confimation မှာ ika ဆိုတဲ့စကားလုံးဆိုရင် စက်မှာပေါ်လာတဲ့အထဲက ika ပုံကိုရွေးပေးရတာမျိုးပါ)
Table slip ကျလာပြီဆိုရင်တော့ အဲ့slip က နံပတ်အတိုင်း table ကိုရှာပြီးသွားထိုင်ရမှာပါ ပြီးရင်တော့ Tablet မှာကိုယ်မှာချင်တာကို order လုပ်ပြီး အေးအေးဆေးဆေးမှာယူစားသောက်နိုင်ပါပြီ
ဘယ်လိုမှာယူရလဲဆိုတာကိုတော့ video clip လေးမှာ ဆက်လက်ရူစားပေးပါရှင်

Пікірлер

    Келесі