No video

ထိုင်းမှာ ရက် ၆၀ နေလို့ရတဲ့ TR ဗီစာ လျှောက်နည်း | How to apply 60 days Tourist Visa to Thailand🇹🇭

ကျွန်တော်ကိုယ်တိုင် လျှောက်ခဲ့တဲ့ Tourist Visa /TR Visa လျှောက်ပုံ လျှောက်နည်း အဆင့်ဆင့်ကို လိုအပ်နေသော တစ်စုံတစ်ယောက်အတွက် နားလည်နိုင်စေရန် သိသမျှအကုန်ကို ယခုကဲ့သို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
မသိတာများလဲ အားမနာတမ်းမေးမြန်းနိုင်ပါတယ် ။
အကြံဉာဏ်များလဲ ဝေမျှနိုင်ပါတယ်
" အသိပညာ ညာဏ်ပညာ အလှူလို့ သတ်မှတ်ပါတယ် " 🙏🏻🙏🏻🙏🏻
အရာရာ အဆင်ပြေနိုင်ကြပါစေ ❤️🤍
TR Visa လျှောက်လွှာ ရယူရန် အောက်ပါ Link ကိုနှိပ်ပါ : ⬇️
image.mfa.go.t...
#ဒီVisa နဲ့ဆို ရက်၆၀ တိတိ ထိုင်းမှာနေလို့ရပါတယ် ။
#၆လပြည့်သွားရင်တစ်လထပ်တိုးလျှောက်ပြီးထိုင်းမှာထပ်နေလို့ရပါတယ်
#၁လဘယ်လိုထပ်တိုးနေဖို့ #ဘယ်လိုလျှောက်လွှာတွေနဲ့ #ဘယ်နေရာတွေမှာ #ဘယ်လိုလျှောက်လို့ရတယ်အကြောင်းကို Video ထပ်တင်ပေးပါမယ် ။
#မကြာခင်မြန်မာကနေထိုင်းကိုဘယ်လိုလေယာဉ်စီးရတယ်ဆိုတဲ့အကြောင်းလဲထပ်တင်ပေးပါမယ်
#ထိုင်းမှာနေထိုင်စားသောက်ပုံ #ထင်ရှားတာတွေ #နေ့စဉ်လိုအပ်ချက်တွေ အကုန်တင်ပေးသွားပါမယ်
#howtoapplyforvisa #applyvisa #tothailand #frommyanmar #Myanmar_thai #embassy #touristvisa #inmyanmar #ဗီစာ #ထိုင်း #ထိုင်းဗီစာ #ဗီစာလျှောက်နည်း #ထူးရစ်ဗီဇာလျှောက်နည်း #news #fortoday #inthailand #visanews #nonthaburi

Пікірлер: 421

  • @genowefa3206
    @genowefa320624 күн бұрын

    အကိုပြောတဲ့တိုင်းလုပ်ခဲ့တယ် visa ရသွားပါပြီ ကျေးဇူးတင်ပါတယ်အကိုရယ်❤

  • @San-Phyo

    @San-Phyo

    24 күн бұрын

    @@genowefa3206 အခုလိုကြားရတာ ဝမ်းသာပါတယ်။ အစစ အရာရာ အဆင်ပြေပါစေ 🍀

  • @zinwai5337
    @zinwai533711 ай бұрын

    ဒီထဲကအတိုင်း သေချာလိုက်လုပ်တာ Visa ရပါပီ. အကုန်ချောချောမွေ့မွေ့ပါပဲ.. ကျေးဇူးပါရှင်။

  • @San-Phyo

    @San-Phyo

    11 ай бұрын

    အခုလိုFeedback လေးပြန်ရေးပေးတာ ဝမ်းလည်းသာ ကျေးဇူးလဲ တင်ပါတယ် 😊 အလုပ်အကိုင်တွေ အဆင်ပြေပါစေဗျ 😊

  • @hninwyutyiphyo621
    @hninwyutyiphyo6214 ай бұрын

    thank you very much your kind supports!

  • @ZazaRich89
    @ZazaRich89 Жыл бұрын

    ​ကျေးဇူးပါ ခုမှ ၁၄ရက်ပဲရလို့ ၂လ ထပ်တိုးဖိုးရှာ​နေတာ ​❤

  • @San-Phyo

    @San-Phyo

    Жыл бұрын

    အဆင်ပြေပါစေဗျ !

  • @yiemon2243
    @yiemon22438 ай бұрын

    Show money က bank စာအုပ်ထဲမှာ ပြပြီးတာနဲါ visa ရရင်ထုတ်လို့ရပြီလားရှင့် ထိုင်းလေဆိပ်ရောက်တဲ့ထိ Myanmar bank စာအုပ်ယူသွားရတာလားရှင့်

  • @San-Phyo

    @San-Phyo

    8 ай бұрын

    visa ရရင် ကြိုက်သလို ပြန်ထုတ်လို့ရပါပြီ. Bank စာအုပ်ကို လေဆိပ်ထပ်ယူသွားစရာ မလိုအပ်တော့ပါ။

  • @karenblood3667
    @karenblood3667Ай бұрын

    14ရက် free visa နဲ့ visit သွားရင် တစ်နှစ်မှာ ဘယ်နှစ်ခေါက်ဘဲ ဝင်လို့ရမယ် ဆိုတာမျိုး သတ်မှတ်ထားတာရှိလာဗျ ကျေးဇူးပါ

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@karenblood3667 Passport နဲ့လေကြောင်းကလာရင် ကန့်သတ်ချက် မရှိပါဘူး။ နယ်စပ်တွေကနေ ကုန်းကြောင်း ရေကြောင်းကလာတာဆို တစ်နှစ်ကို ၂ကြိမ်လို့ ကန့်သတ်ထားပါတယ်။

  • @karenblood3667

    @karenblood3667

    Ай бұрын

    @@San-Phyo thank you so much

  • @Recap-im9rt
    @Recap-im9rt4 ай бұрын

    Duration of Proposed Stay က နေမယ့်ရက်ပဲထည့်ရမှာလား 60 daysထည့်ရမှာလားခင်ဗျ

  • @San-Phyo

    @San-Phyo

    4 ай бұрын

    60 day ထည့်ရမှာပါ။ Video ထဲမှာလဲ Form ဖြည့်ပြထားပါတယ်။ Video ကို Pause လုပ်ပြီး Zoom ဆွဲကြည့်လို့ရပါတယ်။ အဆင်ပြေပါစေ

  • @user-xv6or6kn6h
    @user-xv6or6kn6h4 ай бұрын

    Hi bro, thanks for your a lot of sharing. Kindly let me know how to apply Non-B visa for work permit if possible.

  • @San-Phyo

    @San-Phyo

    4 ай бұрын

    It is such a long story to explain in here about 'How to apply' this process. Non B Visa is just for White collar employees. When you get a white collar job, you can apply. But government ask alots of Docs from company and application cost are also too high.

  • @mghtetmghtet7609
    @mghtetmghtet760929 күн бұрын

    ကျေးဇူးပါ နော် ညီလေး🎉🎉🎉

  • @San-Phyo

    @San-Phyo

    29 күн бұрын

    @@mghtetmghtet7609 အစစ အရာရာ အဆင်ပြေပါစေဗျ။ 🍀

  • @reactionvideo20248
    @reactionvideo20248Ай бұрын

    လေယာဥ် လက်မှတ်က အပြန်လက်မှတ်မဖြတ်လို့မရဘူးလား ပြီးတော့ visa approve လုပ်မလုပ်မသိရသေးခင်ကတည်းက လေယာဥ်လက်မှတ်ကြိုဖြတ်ရတာမျိုးလား ကျေးဇူးပါ

  • @San-Phyo

    @San-Phyo

    Ай бұрын

    အသွားအပြန် လက်မှတ် ဖြတ်ကိုဖြတ်ရပါတယ်။ Form စတင်တည်းက စစ်ပြီးမှအတင်ခံတာပါ။ အချက်အလက်မပြည့်စုံတာ လိမ်လည်တင်တာဆို တခါတည်း Reject ချပါတယ်။ Video ထဲမှာ သေချာပြောထားပါတယ်။ မိမိပါသာလုပ်မယ်ဆို သေချာကြည့်ပါ။ အစုံဖော်ပြပေးထားပါတယ်။

  • @KhaingMarLwin-b4p

    @KhaingMarLwin-b4p

    18 күн бұрын

    ​@@San-Phyoလေယာဉ်လက်မှတ်အသွားအပြန်ဖြတ်ပြီးဖောင်တင်မှအောင်မှာလား ကားနဲ့သွားလို့မရဘူးလား အားတဲ့အချိန်လေးဖြေပေးပါ အဲဒါလေးသိချင်လို့ပါနော်

  • @user-it9pf6fz8l
    @user-it9pf6fz8l5 ай бұрын

    အကိုရေညီမရဲ့ ညီမလေးက အသက် 15နှစ်ပါ Visaလျှောက်တာ မွေးစာရင်းမရှိလို့ မွေးစာရင်းကလည်း အသက်10နှစ်ကျော်မလို့ လုပ်မပေးပါဘူးတဲ့ အဲ့တော့ ကျန်းမာရေးရုံးက မွေးစာရင်းမရှိကြောင်းထောက်ခံစာနဲ့ ကလေးရဲ့မှတ်ပုံတင်နဲ့တွဲတင်လို့ရမလားရှင့် ရမရ သိချင်လို့ပါ

  • @San-Phyo

    @San-Phyo

    5 ай бұрын

    အကို အကြံပေးရရင်တော့ Visa ရုံးကို ကိုယ်တိုင်ဝင်သွားပြီး လုံခြုံရေးအကိုတွေကို အကူအညီတောင်းပြီး စကားပြောကြည့်ပါ။ အကိုက Visa ရုံးကမဟုတ်ဘူးညီမလေးရ။ အကို့အတွေ့အကြုံတွေကိုပဲပြန်မျှဝေပေးတာပါ။ အဆင်ပြေပါစေ 🍀

  • @phyuphyuthinn89
    @phyuphyuthinn893 ай бұрын

    Visa လျှောက်တဲ့အခါ Air Tickert က Round-Trip Flight Ticket ကို booking လုပ်လို့ရလားရှင် Reservation ဆိုတာ booking ကိုပြောတာလားရှင် ပြီးတော့ ပြန်မယ့် နေ့ မသေချာတဲ့အတွက် return ticket ကို ဘယ်လိုဖြတ်သွားရမလဲရှင့် Visa pass ဖြစ်မဖြစ် မသိသေးတော့ Air ticket ကို ကြိုဖြတ်ထားရမှာလားရှင့် ဖြေပေးပါဦးနော် 26 ရက်နေ့ visa သွားလျှောက်ရတော့မှာမို့ပါ

  • @San-Phyo

    @San-Phyo

    3 ай бұрын

    မေးထားတာတွေကများပါတယ်။ ရှင်းပြရင်လဲတော်တော်ရှည်နေမှာပါ။ အလိုတွေကြောင့် ဒီVideo ကိုလုပ်ပေးထားတာပါ။ Video ထဲမှာ အခုမေးထားတာတွေ အကုန်သေချာပြောပြထားပါတယ်။ စိတ်ရှည်ရှည်နဲ့ ကြည့်ဖြစ်အောင်ကြည့်ပါ။ ကြည့်ပြီးမှမရှင်းရင်ထပ်မေးပါ။ အဆင်ပြေပါစေ ☘️

  • @phyuphyuthinn89

    @phyuphyuthinn89

    3 ай бұрын

    ဟုတ်၊ Round Ticket က booking လုပ်ရမှာလား အစ်ကို အဲနေရာလေးမရှင်းလို့ပါနော်

  • @San-Phyo

    @San-Phyo

    3 ай бұрын

    @user-ll3nb5jb2k တချို့လဲ Booking ရတယ်ဆိုနေကြသူတွေရှိပါတယ်။ (မရဖို့များပါတယ်) ကျနော်တော့ကိုယ်တိုင်သွားမှာသေချာနေတာဖြစ်လို့ သွားမဲ့ရက်အတိအကျဖြတ်ပြီး တစ်ခါတည်း ပေးချေလိုက်ပါတယ်။

  • @maynwe6109
    @maynwe61095 ай бұрын

    အကိုရှင့် မိသားစုလိုက်သွားမှာဆိုတော့ ဘဏ်စာအုပ်က တစ်အုပ်တည်းရှိရင်ရလားရှင့် ဟိုတယ်နဲ့လေယာဉ်လက်မှတ် ကြိုဖြတ်ရတာလားရှင့် ဟိုတယ်ကို ဘယ်မှာ ဘိုကင်တင်ရမှာလဲရှင့် ဟိုတယ်က ဘိုကင်တင်ပြီး ပြန် Cancelလို့ရတာလားရှင့် ကလေးက 4နှစ်ခွဲဆို တော့သူ့အတွက်ကိုပါ Show Moneyပြပေးရတာလားရှင့် ဖြေပေးပါနော်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ညီမလေးမေးထားတာတွေအကုန် Video ထဲမှာပါပါတယ်။ မရှင်းတာရှိရင်မေးပါ။

  • @maynwe6109

    @maynwe6109

    5 ай бұрын

    ကလေးအတွက် ကကျ အမေရဲ့ ဘဏ်အကောင့်ထဲ ထည့်ပြီး Show Money ပြလို့ရလားရှင့်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    @@maynwe6109 ကလေးတွေတော့ မပြရပါဘူးဗျာ

  • @user-hl1gy2of9q
    @user-hl1gy2of9q2 ай бұрын

    ကျေးဇူးတင်တယ်ညီလေးရေ

  • @San-Phyo

    @San-Phyo

    2 ай бұрын

    ဆက်လက်အဆင်ပြေပါစေ ☘️

  • @tuntunoo8767
    @tuntunoo87672 ай бұрын

    thank you very much

  • @myatnoethu-b4j
    @myatnoethu-b4jАй бұрын

    အကို bankစာအုပ်ကစပ်တူဖွင့်ထားတဲ့acc ဆိုရင်ရောရလားရှင့် ကို့နာမည်နဲ့ အဖေနာမည်နဲ့စပ်တူဖွင့်ထားတာပါ

  • @San-Phyo

    @San-Phyo

    Ай бұрын

    အတိအကျမပြောတတ်ပေမယ့်ရ ရဖို့များပါတယ်။ ညီမနာမည်ပါပါရင် အဆင်ပြေမှာပါ။ ရပါတယ်။

  • @genowefa3206
    @genowefa3206Ай бұрын

    အကို US dollar ရှာတာမတွေ့ဘူးရှင့် ဘယ်မှာဝယ်မလဲသိရင် ကျေးဇူးပြုပြီး ပြောပြပါရှင့်

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@genowefa3206 အကိုလဲ ထိုင်းရောက်ပြီးတည်းက မြန်မာအခြေအနေ သေခိာတော့ မသိတော့ပါဘူး။ ဆူးလေနားက အနော်ရထာလမ်းနဲ့ ၃၄ လမ်းဒေါင့်နားကဆိုင်တွေ ဖွင့်မဖွင့် သွားကြည့်ပါ။ မြေနီကုန်း Spirit ဆိုင်တို့ မှာလဲ ရှာ Try ကြည့်ပါ

  • @genowefa3206

    @genowefa3206

    Ай бұрын

    ​@@San-Phyoကျေးဇူးပါနော်အကို

  • @PyaePhyoMaung-wi8hz
    @PyaePhyoMaung-wi8hz12 күн бұрын

    ရက်60 visa အတွက် Hotel booking က ဘယ်လိုလုပ်ရမလဲခင်ဗျာ့ ပြီးတော့ visa approve ဖြစ်မှ hotel booking cancel လုပ်လို့ရော ရပါ့မလားဗျာ့ hotel booking လုပ်နည်းလေးထက်ရှင်းပြပေးပါဦး ခင်ဗျာ့ ကျေးဇူးပါ

  • @San-Phyo

    @San-Phyo

    10 күн бұрын

    Hotel Booking က ၁၄ ရက်အထက်ဖြတ်ရင်ရပါတယ်။ ရက်၂၀လောက်ဆိုလဲရတယ်။ Visa Approved ဖြစ်မှ Cancel လဲရပါတယ် ။ တကယ်သွားတဲ့အခါတော့ အစစ်အဆေးတွေကျပ်နေလို့ အပြောင်းအလဲတွေများနေတဲ့ကာလမို့ ပြောရခက်ပါတယ်။ Hotel Booking က Agoda Website ကဆိုလဲ ရပါတယ်။

  • @BurmeseView
    @BurmeseView4 ай бұрын

    လိုနေချိန်လေးကွက်တိ VPN ခံပြီးပြန်ကြည့်မယ် ❤

  • @march4943
    @march4943Ай бұрын

    Bank စာအုပ်ကတော့ဖွင့်ထားတာကြာပါပြီ Statement ထုတ်တဲ့အခါ သုံးထားတဲ့ transaction က 4ခု 5 ခုလောက်ပဲရှိလို့ အဆင်ပြေနိုင်ပါ့မလားအကို

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@march4943 အဆင်ပြေပါတယ်။ တစ်ခုပဲရှိလဲရတယ် ။ အရေးကြီးဆုံးက ဘဏ်ထဲမှာ Baht 20000 နဲ့ညီမျှတဲ့ Myanmar ငွေ ရှိနေပြီး အဲ့ငွေရှိနေကြောင်းပါနေတဲ့ Bank Statement ဖြစ်နေဖို့ပဲအရေးကြီးတယ်။ ဒါကြောင့် Bank Statement မထုတ်ခင် ဘဏ်ထဲကို သိန်း ၂၀-၂၅ သိန်းထည့်လိုက်ကြတယ်။ Bank Statement စာရွက် ထုတ်ပြီးမှ အဲ့ငွေကို Bank ကပြန်ထုတ်ယူလိုက်ကြတယ်။ အလိုရပါတယ်။

  • @march4943

    @march4943

    Ай бұрын

    မနေ့က ဗီယက်နမ် ဟိုမင်ချိမင်းက ထိုင်းသံရုံးမှာ၀င်တာ ကိုယ်ပိုင် bank account နဲ့မဟုတ်တော့ ကျနော့်အဖေရဲ့ အချက်လက်တွေတောင်းပြီး ရစ်ပြီးပြန်လွှတ်ခံလိုက်ရလို့ပါ ကျနော့် Bank acc ထဲထည့်ပြီးပြန် Try ကြည့်ချင်လို့ မေးကြည့်တာပါအကို ကျေးဇူးပါနော်

  • @saiwann5153
    @saiwann51535 ай бұрын

    Duration of proposed stay က ရက် 60 လို့ပဲထည့်ရမှာလားဗျ လေယာဉ်လက်မှတ်ကို အသွားနဲ့အပြန် 10 ရက်ပဲ ခွါပြီးဝယ်ထားမိလို့

  • @San-Phyo

    @San-Phyo

    5 ай бұрын

    60 Day အတိအကျထည့်ရပါတယ်။ ဘယ်လိုကြောင့်များ Flight Ticket ကို ၁၀ ရက်အတိ ခွါပြီးပဲ ဝယ်လိုက်ရတာလဲ? ၁၀ရက်နေ မြန်မာပြန်မယ်ဆို TR Visa လျှောက်စရာမလိုပါဘူး။ ၁၄ ရက် Visa Free နေလို့ရပါတယ်။ ရက်၆၀ Visa လျှောက်ပြီး ၁၀ ရက်ပဲ လေယာဉ်လက်မှတ်ဖြတ်တယ်ဆိုတော့ ???? ၁၄ ရက် Visa Free ရတာမို့ ၂လ Visa လျှောက်တဲ့အခါ 14 days ထက်ပိုပြီး လက်မှတ်ဖြတ်ရမှာပါ။ ဒါကြောင့် ကျနော် ဒီ Viodeo ကို ခုလိုတွေ မဖြစ်အောင် သေချာ အစုံပါအောင် အရှည်​ကြီး ပြောပြပေးထားတာပါ။ သံရုံးနဲ့ လေဆိပ်တွေက မရစ်ဖို့ Wish လုပ်ပေးပါတယ်ဗျာ။ Good Luck bro ☘️

  • @saiwann5153

    @saiwann5153

    5 ай бұрын

    @@San-Phyo ပထမတခါ brother တင်ထားတဲ့ video ကြည့်တုန်းက သေချာမကြည့်မိလို့ ခု application form ဖြည့်ဖို့ ပြန်ကြည့်မှသတိထားမိလို့ ရက် 20 လောက်ပြန်ခွာလိုက်ရင် အဆင်ပြေလားဗျ

  • @BigBoss-bf6ts

    @BigBoss-bf6ts

    4 ай бұрын

    ကျန်တာကအဆင်ပြေတယ် hotel booking က 4ရက်ပဲလုပ်ထားတယ် ငွေလဲချေပီးသားအဆငိပြေန်ူင်လားအကို ဟိုတကယ်ဘိုကင်တေက ငွေကတခါထဲချေရတာမလို့ အကြံပေးပေးပါအုန်း

  • @redminote5wka
    @redminote5wka3 ай бұрын

    ဖုန်း ကျွမ်းကျင်စွာမသုံးတက်တာရယ် Email မရှိတာတေကြောင့် အစဥ်မပြေဖြစ်နေပါတယ် ကူညီရလျင်ကူညီပေးပါလားရှင့်

  • @yiemon2243
    @yiemon22438 ай бұрын

    January လ လယ်မှသွားမှာဆို အခုထဲက Visa ကြိုလုပ်လို့ရလားရှင့် နိုင်ငံရကမသေချာတော့သံရုံးတွေပိတ်မှာစိုးလို့ရယ် နယ်ကလည်းဖြစ်နေလို့ပါရှင့် ပြောပြပေးပါနော်

  • @San-Phyo

    @San-Phyo

    8 ай бұрын

    ရပါတယ် ။ Visa လျှောက်ပြီး မသွားပဲ ၃လအထိ ဒီတိုင်းထားထားပြီး မသွားပဲနေလို့ရပါတယ်။ ကြိုက်တဲ့အချိန်သွားလို့ရပါတယ်။ ၃လထက်ကျော်ရင်တော့ အဲ့ Visa အလိုအလျောက် Cancel ပြီး သုံးလို့မရတော့ပါဘူး။

  • @YaminPhyu-y1w
    @YaminPhyu-y1wАй бұрын

    ကျေးဇူးပါအကို

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@YaminPhyu-y1w အဆင်ပြေပါစေ 🍀

  • @rosynyein5394
    @rosynyein53943 ай бұрын

    Do you have any idea for family visa for social visa who want to stay for more than 1 years?

  • @San-Phyo

    @San-Phyo

    2 ай бұрын

    Oh sorry. I just don't have any experienced about this before. Good Luck. 🍀

  • @nainglinko6790
    @nainglinko67903 ай бұрын

    Air ticket booking ကို printထုတ်ရင် ၄ရွက်​တောင်ပေါ်နေလို့ ၄ရွက်လုံးထုတ်သွားရမှာလားဗျ

  • @San-Phyo

    @San-Phyo

    3 ай бұрын

    ပုံမှန်တော့ pdf file နဲ့ Attach ပို့ပေးတဲ့ Flight Information ပါတဲ့ တစ်ရွက်ဆိုရပါပြီ ဘယ်ဟာမှန်းမသိရင် အကုန်သာထုတ်သွားလိုက်ပါ ။

  • @San-Phyo

    @San-Phyo

    3 ай бұрын

    ပုံမှန်တော့ pdf file နဲ့ Attach ပို့ပေးတဲ့ Flight Information ပါတဲ့ တစ်ရွက်ဆိုရပါပြီ ဘယ်ဟာမှန်းမသိရင် အကုန်သာထုတ်သွားလိုက်ပါ ။

  • @user-sb9qr8ns2w
    @user-sb9qr8ns2w9 ай бұрын

    Bank Statement က မိသားုလိုက်သွားဖို့ဆိုရင် ၁အုပ်ပဲ ရိှရင်ရော ရလား ရှင်

  • @onlykemvlogs9213
    @onlykemvlogs92132 ай бұрын

    Hi what are the documents required for applying tourist visa in Thailand for Indian?

  • @San-Phyo

    @San-Phyo

    2 ай бұрын

    i've no experiences about this. ☘️

  • @ATOZ-wi2zo
    @ATOZ-wi2zo10 ай бұрын

    အစ်ကို​ရေ လေယာဉ်လက်မှတ်ကြိုဝယ်ထားရတာလား သံရုံးသွားတဲ့နေ့ကျရင် ပြရသေးလားခင်ဗျာ့

  • @San-Phyo

    @San-Phyo

    10 ай бұрын

    လေယာဉ်လက်မှတ်ပါမှ Visa Approved ရတာပါ။ သံရုံးကို ပြရတာမဟုတ်ဘူး။ သံရုံးကို တစ်ခါတည်း Visa ရဖို့ Attachment အနေနဲ့ တွဲတင်ပေးရတာပါ။ အရေးကြီးပါတယ်။ အကို့ Video ထဲ သေချာပြောထားတယ်။ အကို့လို့ တစ်ယောက်တည်း မိမိပါသာသွားလုပ်တာဆို ဒီVideo ကိုသေချာလေးကြည့်သွားပါ။ မရှင်းတာရှိရင်မေးပါ။ အိပ်ချိန်ကလွဲရင် အချိန်မှီ Reply လုပ်ပေးပါတယ်။ အရေးကြီးတာတွေ သေချာထည့်ပြောပြထားပါတယ်။ မဟုတ်ရင် Visa Approved မရပဲ ငွေကုန် လူပင်ပန်းဖြစ်မယ်။ လေယာဉ်လက်မှတ်ခလဲ ကုန်နေမယ်။ နောက်တစ်ခုက Approved မရရင် သွင်းလိုက်တဲ့ $40 လဲပြန်မပေးဘူးနော်ညီလေး။ အဆင်ပြေပါစေဗျ

  • @monica8414
    @monica84145 ай бұрын

    ကျေးဇူးပါ

  • @San-Phyo

    @San-Phyo

    5 ай бұрын

    အဆင်ပြေပါစေ

  • @user-dr4tn3mc5t
    @user-dr4tn3mc5t4 ай бұрын

    အကိုပြောတဲ့ သံရုံးထဲကလူကို ဒေါ်လာ ၄၀ပေးရမယ်ဆိုတာ bankထဲကပိုက်ဆံအပြင် ငွေသားထပ်ပေးရတာလားရှင့် ပြောပြပါနော်

  • @San-Phyo

    @San-Phyo

    4 ай бұрын

    ငွေသား $40 ကို Embassy ကို ပေးရတာပါ။ ဘဏ်ထဲကပိုက်ဆံဆိုတာ ကိုယ့်မှာငွေရှိကြောင်းပြတဲ့သဘောပါပဲ။ သူတို့ယူတာ မဟုတ်ပါဘူး။

  • @user-dr4tn3mc5t

    @user-dr4tn3mc5t

    4 ай бұрын

    @@San-Phyo ဟုတ် နားလည်ပါပီ ကျေးဇူးပါ

  • @ItemAutomotive
    @ItemAutomotive5 ай бұрын

    Tourist Visa 2months visa နဲ့ ထိုင်းဘယ်မြို့ဘဲဖစ်ဖစ်သွားလည်လို့ရလားဗျ ဥပမာ - ဘန်ကောက် to Mae sot

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ရပါတယ်။ ထိုင်းတစ်နိုင်ငံလုံးသွားလို့ရပါတယ်

  • @nanseinthan2114
    @nanseinthan21145 ай бұрын

    ဘဏ်က မန်နေဂျာလက်မှတ်ထိုးပြီး တံဆိပ်တုံးရိုက်ထားဖို့ လိုအပ်ပါတယ်။

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ဟုတ်ပါတယ်။ မိမိပါသာ Online ကနေ Bank Stateme ထုတ်ပြီးယူသွားလို့မရပါ။ Bank Statement ကိုဘဏ်ကသွားထုတ်ရင်ကို Bank Manager ကထုတ်ပေးတာမို့ Stamp နဲ့ Sign က Auto ပါပါတယ်။

  • @user-nd5oc3tq5s
    @user-nd5oc3tq5sАй бұрын

    bank စာအုပ်က မိဘအမည်နဲ့စာအုပ်ရမလားရှင့်။ ကလေးကတော့ 18 ပြည့်ပြီးပါပြီ။

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@user-nd5oc3tq5s မရဖို့များပါတယ်။ ဒါပေမယ့် Try ကြည့်ပါ ။

  • @user-nd5oc3tq5s

    @user-nd5oc3tq5s

    Ай бұрын

    @@San-Phyo ကျေးဇူးတင်ပါတယ်ရှင့်။

  • @mgthihaphyo8498
    @mgthihaphyo84985 ай бұрын

    ဟုတ်ကဲ့ visa form မှာဖြည့်ရတဲ့ အသေးစိတ်အချက်အလက်လေးတွေအကြောင်း share ပေးပါဦးဗျ။ သောကြာနေ့ သံရုံးသွားရမှာမို့လို့ပါ။ ကျေးဇူးပါဗျ

  • @San-Phyo

    @San-Phyo

    5 ай бұрын

    Video ထဲမှာပါပါတယ် ။ အဲ့နေရာ ရောက်ရင် Pause လုပ်ပြီး Screeh Short ရိုက်င်္ပြးကြည့်ပါ။ မရှင်းတာရှိရင် အချိန်မရွေးမေးပါ။ Noti မြင်တာနဲ့ စာပြန်ပေးပါတယ်။

  • @amaliahom815
    @amaliahom8158 ай бұрын

    တစ်ခုလောက်မေးချင်လို့ပါ ညီမက အဖွားအတွက် Visa လျှောက်ပေးရမှာပါ အဲ့တာ ကိုယ်စားရော လျှောက်လို့ရနိုင်ပါလား

  • @San-Phyo

    @San-Phyo

    8 ай бұрын

    ကိုယ်စား လျှောက်လို့မရဘူးညီမလေး။ ကိုယ်တိုင်ပဲရမှာပါ။ ဘာမှမကြာဘူးညီမ။ လူကြီးကိုယ်တိုင်ဆို အဲ့က Security ပြောပြီး တန်းမစီပဲ တန်းလုပ်ရုံပါပဲ။ ၅မိနစ် ၁၀မိနစ်ပဲကြာတာပါ။

  • @amaliahom815

    @amaliahom815

    8 ай бұрын

    @@San-Phyo ဟုတ်ကဲ့ ကျေးဇူးပါအကို

  • @user-rc7bu3en9c
    @user-rc7bu3en9c6 ай бұрын

    Food&beverage ကို hotelပိုင်းကိုလေintershipရထားပါတယ် ဟိုမာလဲကြာကြာနေချင်တယ် သက်တမ်းလဲနဲနဲကြာမှတိုးချင်တာ ဘာ visaလျှောက်ရင်ကောင်းမလဲရှင့်

  • @San-Phyo

    @San-Phyo

    6 ай бұрын

    အကို ကျတော့ အကိုသိတာပဲပြန်မျှဝေတာပါ။ အများကြီးတော့မသိဘူး။ ပုံမှန် က 14 ရက်နေ ( တစ်လစီ Etension တိုးနေရင် ၃လထိနေလို့ရတယ် = ဆိုတော့ ဘာ Visa မှ လျှောက်မလာရင် ၃လနဲ့ ၁၄ ရက်ထိနေလို့ရပါတယ်) TR visa ၂လ လျှောက်လာရင် ( TR Visa ၂လ နဲ့ Extension 3ခါတိုး = ၅ လထိနေလို့ရတယ်) ထပ်နေချင်ရင် ထိုင်းကနေ Laos ဘက်သွား TR Visa အသစ်ပြန်လျှောက် အစကလို ပြန်နေလို့ရမယ်။ အလုပ် Visa တွေလဲရှိမယ်

  • @addyhtet885

    @addyhtet885

    4 ай бұрын

    ၁၄ရက်ကို ထပ်ပြီးသက်တမ်းတိုးရင် ဘယ်မှာသွားတိုးရလည်းဗျ အ​သေးစိတ်​လေး​ပြောပြပါအုံး

  • @zawlwinoo369
    @zawlwinoo36918 күн бұрын

    အစ်ကို မေးစရာလေးရှိလို့ပါ passport14/TR60 ပေါင်း 74ရက် ရပေမဲ့ Hotel Booking ကို 2 ရက် ပြရင် အဆင်ပြေလား သိချင်ပါတယ်

  • @San-Phyo

    @San-Phyo

    18 күн бұрын

    @@zawlwinoo369 ပေါင်း ၇၄ ရက်မရပါဘူး။ အဝင် က Visa မပါရင် ၁၄ ရက်လို့တွက်ပြီးနေလို့ရတယ်။ Visa ပါရင် ရက်၆၀ ပဲတွက်နေလို့ရပါတယ်။ ၇၄ ရက်လို့ပေါင်းမပေးပါဘူး။ အထူးသတိထားပါ။ ရက်တွေလွန်လို့ ဒဏ်ကြေးတွေဆောက်နေရပါမယ်။ Hotel Booking ကလဲ Visa နဲ့သွားရင် အနဲဆုံး ၁၄ ရက်အထက် ဖြတ်ကိုဖြတ်ရပါတယ် ။ ၁၄ ရက်ထက်မနည်းရပါ။ Visa မပါရင် Visa Free ၁၄ ရက်ရလို့ ကြိုက်သလောက်ဖြတ်ဖြတ်ရပါတယ်။ ၁ရက်ဖြတ်ဖြတ် ၂ရက် ၃ရက်ဖြတ်ဖြတ်ပါ။ အကို Video ကို အစအဆုံး သေချာကြည့်ပါ။ အကုန်ရှင်းပြထားပေးပါတယ်။ အကို့ မေးခွန်းကြည့်တာနဲ့ Video မကြည့်ထားတာလား ကျော်ကြည့်ထားတာလား ဖြစ်နိုင်ပါတယ်။ အဆင်ပြေပါစေ🍀

  • @sawthitnay7575
    @sawthitnay75755 ай бұрын

    အကိုရေ ကျွန်တော်က Thai မှာ US visa သွားလုပ်မှာဆိုတော့ Occupation နေရာမှာ Student လို့ထည့်ရမှာလား။ ဘာထည့်ရမလဲအကို။

  • @San-Phyo

    @San-Phyo

    5 ай бұрын

    US Visaအတွက် တော့အကိုလဲ မပြောတတ်ဘူးဗျ။ အမှန်အတိုင်းသာထည့်ဖို့ပဲ အကြံပေးပါတယ်

  • @user-dr4tn3mc5t
    @user-dr4tn3mc5t4 ай бұрын

    အခုနောက်ပိုင်း visa က Qr code ယူရတယ်ပြောတယ်ရှင့် Qr code ယူနည်းလေးပြာပြပေးပါ❤

  • @San-Phyo

    @San-Phyo

    4 ай бұрын

    ကျနော်သိတာလေးတွေပဲ Share တာပါ။ QR တော့ မယူဘူးလို့ ကျနော်လဲ မသိဘူးဗျ။ အဆင်ပြေပါစေ။ ☘️

  • @ayechanmoe2163
    @ayechanmoe21632 ай бұрын

    အစ်ကို မင်္ဂလာပါ။ ညီမသိချင်တာ ari Ticket ကို သံရုံးမှာ ပြတော့ Booking ပဲ ပြပြီးတော့ အပြင်မှာ သွားတဲ့ အဲဒီ Flight Booking နဲ့ မဟုတ်တော့ဘဲနဲ့ နောက်ထပ် Flight Ticket အသစ် ရက်မတူဘူဆိုရင်ရော အဆင်ပြေလောက်လားရှင့်။

  • @San-Phyo

    @San-Phyo

    2 ай бұрын

    ရက်မတူတာက အဆင်ပြေပါတယ်။ Visa Apply လုပ်ရင်သာ Air Ticket ကို Booking နဲ့ရမရ သေချာ Confirm လုပ်ပါ။

  • @SuSuMaw-nv9bl
    @SuSuMaw-nv9bl28 күн бұрын

    ထိုင်းမှာ..over..stay...ကနေ..visaလျောက်မယ်ဆိုယင်....ရှင်းပြပေးပါ

  • @user-hl1gy2of9q
    @user-hl1gy2of9q2 ай бұрын

    ၁၄ ရက်ဖရီးနဲ့သွားမယ်ဆိုရင်ရော ဒေါ်လာ၄၀သွင်းရသလားခင်ဗျာ

  • @San-Phyo

    @San-Phyo

    2 ай бұрын

    ၁၄ ရက် Free ဆိုတာ ဘာ Visa မှလျှောက်စရာ မလို ဘာငွေမှ ပေးစရာမလိုပဲ Passport ရှိရင်ကို သွားလို့ရတာမို့ Free လို့ပြောတာပါ။

  • @myaZxy
    @myaZxy13 күн бұрын

    Bank စာအုပ်မှာ နာမည်ရှေ့ Daw ပါပြီး Passport မှာ Daw မပါပါဘူး။ အဲ့ဒါရလားမသိဘူး။

  • @San-Phyo

    @San-Phyo

    13 күн бұрын

    @@myaZxy ရပါတယ် ။ Passport မှာသာ မပါရင်ရပြီ

  • @myaZxy

    @myaZxy

    13 күн бұрын

    @@San-Phyo ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

  • @mongsingmya
    @mongsingmya6 ай бұрын

    Thai Single entry visa ကိုလျှောက်ပြီး from Yangon to Vietnam အရင်သွားမယ် ပြီးရင် Thai ကိုဝင်မယ် Thai မှာ အကြာကြီးနေမယ် အဲလိုရနိုင်လား

  • @San-Phyo

    @San-Phyo

    6 ай бұрын

    ရနိုင်ပါတယ်။ ဒါပေမယ့် Visa လျှောက်တဲ့ နေရာမှာ လေယာဉ် အသွားအပြန် Ticket ဖြတ်ပြီးလျှောက်ရတာဆိုတော့ မြန်မာ-ထိုင်း အသွားလက်မှတ်ခတော့ ရှုံးမှာပေါ့။

  • @nawkhulsal1744
    @nawkhulsal17443 ай бұрын

    ၁၄ရက် သွားချင်တဲ့သူတွေက ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့ process လေး ပြောပြပေးပါဦး အကိုရေ၊ ကျေးဇူးတင်ပါတယ်ရှင်

  • @San-Phyo

    @San-Phyo

    3 ай бұрын

    ၁၄ ရက်သွားရင် Passport / တည်းမည့်Hotel နဲ့ လေယာဉ် အသွားအပြန် လက်မှတ်ပဲလိုပါတယ်။ ပထမဆုံး နိုင်ငံခြား စသွားတဲ့သူဆို ရင်တော့ Baht 20,000 လောက်ဆောင်သွားပါ။ ငွေပါမပါ တောင်းကြည့်တတ်ပါတယ်။

  • @winenandar4144

    @winenandar4144

    3 ай бұрын

    ထိုင်းဘတ်ငွေကိုဘယ်မာလဲရမာလဲရှင့်

  • @user-ne3px8ed6z
    @user-ne3px8ed6z10 ай бұрын

    ကျေးဇူးပါ အကို

  • @San-Phyo

    @San-Phyo

    10 ай бұрын

    Welcome

  • @lapyae6985
    @lapyae69856 ай бұрын

    ပထမသွားလုပ်ဖူးတယ်အလုပ်အပြန်မှာတုံးမထုခဲ့ဘူးခုအလည်သွားချင်တာဘယ်လိုလုပ်ရမည်းသိရင်ဖြေပေးပါလားရှင့်

  • @San-Phyo

    @San-Phyo

    6 ай бұрын

    သေချာတော့မပြောတတ်ဘူးဗျ။ ဖြစ်နိုင်တာကို တွေးပြရရင်တော့ Overstay နေမိတဲ့သူတွေ Visa မရှိပဲ တရားမဝင် အလုပ်လုပ်မိတဲ့သူတွေက အပြန်တုန်းမထုပဲ နယ်စပ်တွေကနေ ပြန်တတ်ကြပါတယ်။ အဲ့လို လုပ်တာ ခနပဲ အဆင်ပြေတာ။ ပြန်ထွက်ရင် တော်တော်လေးကို မလွယ်တော့ပါဘူး။ တုန်းမထုပဲ ပြန်လာတယ်ဆိုတော့ သူတို့ ထိုင်းနိုင်ငံ Immigration မှာ အဝင်သာရှိပြီး အထွက်မပြတဲ့အတွက် ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ သဘောပါပဲ။ Visa လဲမရှိတဲ့အတွက် အဲ့ Passport သာမြင်ရင် Overstay နေတယ်သူအဖြစ်သတ်မှတ်ပြီး ထောင်ဒဏ်အပြင် ပြည်ဝင်ခွင့်ပါ နှစ်တွက်နဲ့ ပိတ်နိုင်ပါတယ်။ ထိုင်းအထိမစဉ်းစားပဲ မြန်မာ လေဆိပ်ကိုအရင်စဉ်းစားပါ။ အထွက်သာရှိပြီး ပြန်အဝင်တုန်းမရှိတဲ့အတွက် တော်တော်ရစ်မဲ့ အမျိုးပါ။ အဆင်မပြေပါဘူး။ ပိုင်နိုင်တဲ့သူရှိမရှိတော့ သေချာမသိပါ။ ပြည်ပထွက်ဖို့ တော်တော် မလွယ်တော့တဲ့ကိစ္စပါ။ မြန်မာလေဆိပ်ကိုပိုင်လို့ လုပ်လို့ရရင်တော့ ထိုင်းကို ဝင်ဖို့ တော်တော်ခက်သွားပြီ။ တစ်ခြားနိုင်ငံတွေသာစဉ်းစားပါတော့။

  • @relaxingstudy4027
    @relaxingstudy40273 ай бұрын

    embassy မှာ bank statement ပေးရလား၊ bank statement က immigration မှာပဲပြရတာလား ပြောပြပေးပါခမျ။

  • @San-Phyo

    @San-Phyo

    3 ай бұрын

    မူရင်းကို Thail Embassy @ Yangon ကိုပေးရတာပါ။ အဲ့တစ်နေနရာပဲ Bank Statement ကသုံးရပါတယ် ။ Immigrantion မှာ မလိုပါ။

  • @danielwin8441
    @danielwin8441 Жыл бұрын

    အကိုရေ Visa ကရသွားပြီ အကိုပြောတဲ့အတိုင်းလုပ်လိုက်တာ Hotel booking က immigration ၀င်ရင်စစ်လားအကို cancel ထားတာဆိုတော့ immigration ကမေးတတ်လား ပြီးတော့နောက်တစ်ခုက ဟိုမှာသုံးလနေမှာမလို့ လေယာဉ်ကို သုံးလပြည့်တဲ့နေဖြတ်ထားတာ Visa က ရက် 60 ပဲရတာကို Hotel booking ကလည်း Visa ရကတည်းက cancel ထားတော့ immigration မှာတိုင်ပတ်မှာစိုးလို့အကို အဲ့လိုဖြစ်တတ်လား

  • @San-Phyo

    @San-Phyo

    Жыл бұрын

    Wow ! Good Job 👍Hotel Booking ကအဆင်ပြေတယ် Thai ဘက်က Immigration ဝင်ရင် တောင်းကြည့်တတ်တယ် ။ ဘာမှမဖြစ်ဘူး။ အဲ့အတိုင်းပြလို့ရတယ်။ လေယာဉ်လက်မှတ်သာ ၃လအထိဖြတ်ထားလို့ ရစ်ချင်ရင် ဟိုမေးဒီမေး မေးမှာ။ မပူပါနဲ့ အဆင်ပြေပါတယ်။ အပြန်လက်မှတ်ကို နောက်ဆုံးမှာ ထားပြီး Covid ဆေးထိုးထားတဲ့စာရွက်တွေ Hotel Booking စာရွက်တွေ Flight Ticket အသွားကို ထိပ်ဆုံးမှာထားပြီး Passport နဲ့အတူ အကုန်ရောထိုးပေးလိုက်ပါ 💪🏻 အဆင်ပြေတယ် မစိုးရိမ်ပါနဲ့ 💪🏻

  • @danielwin8441

    @danielwin8441

    Жыл бұрын

    @@San-Phyo ဟုတ် အကို thank you par သေချာပြန်ပြောပြတာ

  • @yiemon2243

    @yiemon2243

    7 ай бұрын

    Hotel booking က cancel ပြီးသားယူသွားလို့ရတာလား အကို 2လ visa ကိုတစ်လထဲအပြန် ticket ခွာဖြတ်ထားလို့ hotel booking ကိုရော တခုထဲကိုတလ လုံးစာတင်ရမှာလားအကို

  • @yiemon2243

    @yiemon2243

    7 ай бұрын

    Hotel booking ကဘယ်နှစ်ရက်တင်လိုက်လဲရှင့် @danielwin8441

  • @listentovenus4979
    @listentovenus49795 ай бұрын

    Name And Address of local Guarantor in thailand ဘယ်လိုဖြည့်ရတာလဲဗျာ

  • @San-Phyo

    @San-Phyo

    5 ай бұрын

    Myanmar က မိမိမိသားစုထဲက တစ်ယောက်ယောက် အမည်ဖြည့်မယ်ဆိုလဲရပါတယ် ။ Form မဖြည့်တတ်ရင် Video ထဲက 8:35 မှာ Pause လုပ်ပြီး Zoom နဲ့ကြည့်ကြည့်ပါ ။

  • @kokocho213-qw2mf
    @kokocho213-qw2mf9 күн бұрын

    Hotel booking လုပ်တာ နမူ link ပြောပြပေးပါ

  • @San-Phyo

    @San-Phyo

    8 күн бұрын

    @@kokocho213-qw2mf Agoda လို့ရိုက်ပြီး Book လုပ်လို့ရပါတယ်။ နောက်ပိုင်းတော့ Video လုပ်ပြီး ပြောပြပေးပါမယ် ။

  • @nainglinko6790
    @nainglinko67904 ай бұрын

    pjစာအုပ်အဟောင်းနဲ့ visaလျှောက်ထားပီး ရုံးဝင်ရင် pvစာအုပ်နဲ့ရုံးဝင်လို့ရလားဗျ pvပြန်ပြောင်းချင်လို့ဗျ pjကို

  • @San-Phyo

    @San-Phyo

    4 ай бұрын

    လုံးဝမရပါ။

  • @kaungkhantpaing6384
    @kaungkhantpaing63842 ай бұрын

    Name and address of Guarantor in Thailand ကြတော့ thai ဘက်မှာ အသိမရှိရင် ဘာဖြည့်ရင်အဆင်ပြေလဲ အစ်ကို Visa fee က သံရုံးမှာ dollar အရွက်ပဲပေးရမှာလားဗျ မြန်မာငွေပေးလဲရလားအစ်ကို

  • @San-Phyo

    @San-Phyo

    2 ай бұрын

    ၁. Visa Fee က US$ ပဲ ပေးရတာပါ။ အနွမ်းတွေ အစွန်းတွေပါရင်လဲ Form အတင်မခံ လက်မခံပဲညှင်းလွှတ်တတ်ပါတယ်။ ၂။ Name / Guarantor တို့က အသိမရှိလဲရပါတယ်။ ကိုယ်သိတဲ့ထိုင်းလူမျိူးနာမည်တစ်ခုခု နဲ့ Hotel ဖုန်းနာပါတ်တစ်ခုခုဖြစ်ဖြစ် ထည့်လိုက်ပါ။ သေချာ Detail လိုက်စစ်နိုင်ကြပါဘူး။ အဆင်ပြေပါတယ်။

  • @sawchit1144
    @sawchit114410 ай бұрын

    ထိုင်းဗီဇာအတွက် Bank Statement ကို မြန်မာကဘဏ်နဲ့မပြဘဲ Bangkok Bank statement နဲ့ ပြလို့ရလား ကျေးဇူးပြုပြီး ဖြေပေးပါဗျ

  • @San-Phyo

    @San-Phyo

    10 ай бұрын

    ကိုယ့်နာမည်နဲ့ Account ဖွင့်ထားပြီး Baht 20,000 အနည်းဆုံးရှိတယ်ဆို ဘယ် Bank Statement /Bank Book ဆိုရပါတယ်။

  • @ahpawlay5983
    @ahpawlay5983Ай бұрын

    အခုချိန် tr visa က passport pj နဲ့ဆိုရင် လျောက်လို့ရလား

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@ahpawlay5983 ကျနော့်တုန်းကတော့ လျှောက်လို့ရခဲ့တယ်။ Owic card copy မတောင်းပေမယ့်ထည့်ပေးလိုက်တယ်။ OWIC copy မပေးလဲ အရင်တည်းက Approved ပေးပါတယ်။ လျှောက်တာကလျှောက်လို့ရပါတယ်။ မြန်မာလေဆိပ်ကတော့ OWIC Card မပါရင် လေယာဉ်ပေါ်ပေးမတက်ပါဘူး။

  • @KyIKyI-nf5vv
    @KyIKyI-nf5vv2 ай бұрын

    ဘန်ကောက်မှာနေပြီး 2လ visa လျှောက်ရင် ဘယ်လိုလုပ်ရလဲရှင့်

  • @San-Phyo

    @San-Phyo

    2 ай бұрын

    ဘန်ကောက်ရောက်နေရင်တော့ ၂လ Visa လျှောက်မရတော့ပါဘူး ။ မြန်မာ ဒါမှမဟုတ် လာအိုနိုင်ငံ ထွက်မှ လျှောက်လို့ရပါတယ်။ E extension တစ်လစီ တိုးပြီး နေလို့တော့ရပါတယ် ။

  • @KyIKyI-nf5vv

    @KyIKyI-nf5vv

    2 ай бұрын

    @@San-Phyo e extension တိုးတာ ဘယ်လောက်ကျလဲရှင့် ဘယ်ချိန်စတိုးရတာလဲရှင့် ပြီးတော့ ကိုယ့်ကို online ပေါ်ကနေတင်လို့ရတာလားရှင့်

  • @KhunKaungKham-yt3db
    @KhunKaungKham-yt3db3 ай бұрын

    TR visaနဲ့သွားဖူးပြီ ရက်လွန်ပြီးမှပြန်တာဗျ passportစာအုပ်နဲ့ visaစာရွက်တွေထားခဲ့တယ် အဲတာ visa အသစ်ရောက်လို့ရလားဗျ

  • @San-Phyo

    @San-Phyo

    3 ай бұрын

    FB Group မှာ မေးကြည့်ပါဗျ။ Passport မရှိရင်လဲမရသလို Visa အသစ်လျှောက်ဖို့လဲ ခက်သွားပါပြီ။

  • @nangcracymay7157
    @nangcracymay71575 ай бұрын

    Bank statements ပြရတာက ကလေး ၅ နှစ်အရွယ်ဆိုလည်းပြရတာပဲလားရှင့်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    မလိုပါ။

  • @moemyint3870
    @moemyint387013 күн бұрын

    ❤❤❤

  • @user-tq3lx9ir7k
    @user-tq3lx9ir7k6 ай бұрын

    ထိုင်းမှာ အလုပ်အတွက်ကြာကြာနေမယ်ဆိုရင်ရော ဘယ်လိုလျှောက်လို့ရလဲခဗျ

  • @San-Phyo

    @San-Phyo

    6 ай бұрын

    ပြောပြရရင် အများကြီးပြောရမှာမို့လို့ အဲ့အကြောင်း Video တင်ပေးမှ Link ချပေးပါမယ်။

  • @user-tq3lx9ir7k

    @user-tq3lx9ir7k

    6 ай бұрын

    @@San-Phyo ဟုတ် ကျေးဇူးပါခဗျ အောင်မြင်ပါစေ

  • @ZayarPhyo-qp5qz
    @ZayarPhyo-qp5qz2 ай бұрын

    "Countries for which travel document is valid" မှာဘာရေးရမှာလည်း၊ အကို???

  • @San-Phyo

    @San-Phyo

    2 ай бұрын

    " All countries " လို့ ဖြည့်ပါ နောက်ထပ်မရှင်းတာရှိရင် Video ထဲက အကိုဖြည့်ပြထားတဲ့ Form နေရာကို ရောက်ရင် Video ကို Pause လုပ်ပြီး ကြည့်လို့လဲရပါတယ်။ အဆင်ပြေပါစေ

  • @ZayarPhyo-qp5qz

    @ZayarPhyo-qp5qz

    2 ай бұрын

    @@San-Phyo Thank you very much, Mate

  • @user-tv4ky1dn9v
    @user-tv4ky1dn9vАй бұрын

    အကိုရေ မောင်နမ နယောက်သွားမှာဆိုရင် သန်ခေါင်စရင်း မူရင်းကိုဘယ်လိုပြရမလဲရှင့်

  • @San-Phyo

    @San-Phyo

    Ай бұрын

    တူတူ လျှောက် တူတူသွားမှာ မဟုတ်ဘူးလားညီမလေး။ တောင်းကြည့်တဲ့အခါ ပြလိုက်ရုံပေါ့။ သူတို့ကို မိတ္တူ ပဲပေးရတာပါ။ တခါတလေ မူရင်းတောင် တောင်းမကြည့်ပါဘူး။

  • @maythaeoo7482
    @maythaeoo74824 ай бұрын

    3 completed visa application form လို့ပြောလို့ ၃ ခုပြင်ထားရမှာလားရှင့်

  • @San-Phyo

    @San-Phyo

    4 ай бұрын

    တစ်ခုပါပဲ။ နမူနာကို Video ထဲမှာပြထားပါတယ်။

  • @kaungmyatnoe5450
    @kaungmyatnoe54505 ай бұрын

    Do I need to attach my photo in visa application form together ?

  • @San-Phyo

    @San-Phyo

    5 ай бұрын

    You have to stick a photo on the visa form and you need to give another one as separate. means need to bring 2 photos.

  • @nayminhtet284
    @nayminhtet2845 ай бұрын

    Online ကနေ ထိုင်းအလည်ဗီစာ သက်တမ်းတိုးချင်ပါတယ် ဘယ်လိုတိုးရမလဲ အကိုရေ အမြန်တိုးချင်လို့ပါ မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

  • @San-Phyo

    @San-Phyo

    5 ай бұрын

    Online ကတော့ မတိုးဘူးသေးလို့ သေချာမသိပါဘူး ☘️

  • @nayminhtet284

    @nayminhtet284

    5 ай бұрын

    @@San-Phyo ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးပါ။

  • @NanHtikeLwin-zp4ed
    @NanHtikeLwin-zp4ed2 ай бұрын

    Passport က PV နဲ့PJဘယ်ဟာနဲ့ဗီဇာလျှောက်ရတာလဲခင်ဗျ

  • @San-Phyo

    @San-Phyo

    2 ай бұрын

    နှစ်ခုစလုံးကို Visa Approved ပေးပါတယ်။ PJ ဆိုရင်တော့ Visa Approved ရလဲ OWIC Card ရှိမှ လေဆိပ်ကပေးထွက်ပါလိမ့်မယ်။ PV ဆိုရင်တော့ ဘာမှမလိုပါဘူး

  • @naynaing2665
    @naynaing26658 ай бұрын

    Flight Ticket လေး မရှင်းလို့ဖြေပေးပါဦး ညီလေးရေ အပြန်လက်မှတ်က သတ်မှတ်ထားတဲ့ ရက်တွင်းကိုဖြတ်ထားရမှာလား အကြာကြီးနေမှာဆိုတော့ ဘယ်လိုဖြတ်ရင်အဆင်ပြေမလဲ ပြီးတော့ Hotel Bookinက visaေလျာက်လွှာလုပ်တဲ့ခါ ဖြည့်ထားတဲ့ Hotel နန့် သွားတဲ့ေန့မှာ စစ်တဲ့ခါ တူမနေဘူး ဆိုရင်ကော အဆင်ပြေပါ့မလား ညီလေးရေ😢

  • @San-Phyo

    @San-Phyo

    8 ай бұрын

    Visa လျှောက်ရင် အသွား အပြန် Dateကို အတိအကျထည့်ပေးရပါတယ်။ ဆိုတော့ သတ်မှန်ရက်အတွင်း လေယာဉ်လက်မှန်ကိုလဲ ဖြတ်ရပါတယ်။ အပြန်ရက်မသေချာရင် Return Ticket ကို Cancel free / Refund / Date Change တစ်ခုခု ပြန်လုပ်လို့ရတဲ့ဆီကဖြတ်ရင်ဖြတ်နိုင်ပါတယ်။ Hotel Booking က ပါလာရင်ကိုရပါပြီ ဘာမှ မဖြစ်ဘူး ကျနော်Video ထဲမှာသေချာပြောပြထားပါတယ်

  • @naynaing2665

    @naynaing2665

    8 ай бұрын

    @@San-Phyo thanks alot par nyi lay အောင်မြင်ကြီးပွားပါစေ🎁

  • @San-Phyo

    @San-Phyo

    8 ай бұрын

    @@naynaing2665 Good Luck bro 🍀

  • @AggaCara
    @AggaCara6 ай бұрын

    စာရွက်ထုတ်ယူလို့ရမယ့် လင့်လေးချပေးပါအူးဗျာ့ ကျေးဇူးပါ

  • @San-Phyo

    @San-Phyo

    6 ай бұрын

    Video အောက်က Description မှာ ဖော်ပြပေးထားပြီးသားပါ။ အဆင်ပြေပါစေ

  • @user-js2xt4qb1o
    @user-js2xt4qb1o5 ай бұрын

    Local Guarantor နေရာမှာ ကိုယ့်မိသားစုဝင်အမည် ထည့်လို့ရနိုင်လား

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ရပါတယ်

  • @MaythinzarNwel-xv9ur
    @MaythinzarNwel-xv9urАй бұрын

    အကိုရေ ဟိုတယ် booking က တစ်ပါတ်စာပဲတင်ထားရင်ကော ရနိုင်လားရှင့် နောက်ထပ် တစ်ခြားနေရာသွားဖို့ရှိရင်ကောရှင့် ၂ လ ဗီဇာလုပ်ပြီး အသွားလက်မှတ်၂၈ ရက်နဲ့သွားပြီး အပြန်လက်မှတ်က ၁၆ ရက်စာပဲ ဖြတ်ထားမိရင်ကော သံရုံးဝင်ဖို့အတွက် ရနိုင်လားရှင့်

  • @San-Phyo

    @San-Phyo

    Ай бұрын

    Visa ၂လ လျှောက်တာ ၁၄ ရက် Free ထက်ပိုနေဖို့လို့ အဓိပ္ပာယ်ရတယ် ဆိုတော့ လေယာဉ် လက်မှတ်နဲ့ Hotel Booking ဆိုတာ ၁၄ ရက်ထက် ပိုဖြတ်သင့်တယ်လို့ သံရုံးကလဲပြောထားပြီးသားပါ။ အကို့Video ထဲမှာလဲ သံရုံးကဖော်ပြချက်ကို ပြောပြထားပေးပါတယ်။ အကို့တုန်းကတော့ အကုန် တသွေမသိမ်းလုပ်တော့ အဆင်ပြေ လွယ်ကူခဲ့ပါတယ်။ ညီမမေးသလို ရတယ်မရဘူးကတော့ သံရုံးကပဲပြောပြပါလိမ့်မယ်။ အကိုလဲ အတိအကျမပြောတတ်ဘူးဗျ။ Hotel Booking ဆိုတာလဲ ၁ပါတ်စာ ဖြတ်ဖြတ် တစ်လစာဖြတ်ဖြတ် ငွေကုန်တာလဲ မဟုတ်ပါဘူး။ Booking ပါပဲ။ ဘာလို့ တစ်ပါတ်ပဲဖြတ်မယ် ဟိုသွားမယ် ဒီသွားမယ်ဆိုပြီး စကားတွေပြော မေးခွန်းတွေ အမေးခံရဖို့ လုပ်တာလဲအကိုတော့မသိဘူး။ ဒီနေ့ Booking လုပ် နောက်နေ့ Cancel လုပ် ငွေလဲ မကုန်ပါဘူး။ အကို့တုန်းက ၂၃ ရက်စာလောက်တော့ဖြတ်တယ်။ မမေးဘူး မရစ်ဘူး။ ၂လ Visa ဆိုပေမယ့် ၂လအတိနေစရာ မလိုဘူးလေ ။ သူတို့လဲ သဘောပေါက်ပါတယ်။

  • @MaythinzarNwel-xv9ur

    @MaythinzarNwel-xv9ur

    Ай бұрын

    ဟုတ် အကို နားလည်အောင် ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါနော်

  • @tharthar7628
    @tharthar76284 ай бұрын

    ဘဏ်စာအုပ်က အသစ်ဖြစ်နေတာအဝင်အထွက်မရှိဘူးအဆင်ပြေနိုင်ပါ့မလားဘးို

  • @BangtanFamily-wq1yz
    @BangtanFamily-wq1yz5 ай бұрын

    2 ယောက်စာပေါင်းပြီး Show money ပြလို့ရလားရှင့်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ပြောတတ်ဖို့တော့လိုပါလိမ့်မယ်။ မဟုတ်ရင်တော့မရပါဘူး။

  • @mayzarni7777
    @mayzarni77775 ай бұрын

    အစ်ကို လက်ရှိမှာ Tr visa process တွေ မစရသေးဘဲတင်ရမဲ့ရက်ရဖို့တောင်ခက်ခဲနေတော့ travel agency တွေနဲ့ ချိတ်ဆက်ရမလား ?ကိုယ့်ဘာသာ ဘဲ ဘယ်လောက်ကြာကြာစောင့်ရမလဲမသိတဲ့ တိုကင်ကိုဘဲ ရအောင်try ရမလားအကြံဥာဏ်လေး တောင်းချင်ပါတယ်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ပြောချင်တာက TR visa ကို အရင်လို သံရုံးမှာ သွားတင်လို့မရတော့တာလား? ဒီလိုဆိုရင်တော့လဲ အမြန်လိုမယ်ဆို Agency နဲ့လုပ်ကြည့်ပေါ့။ Agency နဲ့မလုပ်ခင် သံရုံးကို Email ပို့ကြည့်။ ပြီးရင် လူကိုယ်တိုင် သွားကြည့်ပေါ့။ ဟိုရောက်လို့ ခက်မှသာ Agency နဲ့လုပ်ပါ။ ၁၄ ရက် Visa Free နဲ့လာပြီး ဒီရောက်မှာ Extension (၃ခါ) တိုးလို့ပြောရအောင်လဲ ဒီမှာလဲ လူတအားများနေတယ်ကြားတယ်။ အဆင်ပြေကြပါစေ

  • @mayzarni7777

    @mayzarni7777

    5 ай бұрын

    Okay ,Thank you for your advices A Ko🤩. တစ်ခုလောက်သေချာချင်လို့ပါ Thaiမှာက TR visa or 14 day နဲ့ နေတဲ့သူတွေက ဘာအလုပ် တွေရှာလုပ်လို့ရနိုင်မလဲ ,blue collar တွေက risk အရမ်းများလား အစ်ကိုtemporary အလုပ်တွေအတွက် ကဘာတွေဆောင်ပြီး /ရှောင်ရမလဲ အစ်ကို😌@@San-Phyo

  • @CTO532
    @CTO5322 ай бұрын

    ဘဏ်ထဲကို ဘတ်၂၀၀၀၀ထည့်ရတာက ဘတ်ငွေထည့်ရတာလား ကျပ်ငွေထည့်လို့ရေားရလား လေယာဉ်လက်မှတ်က booking ယူပြီးပြရတာလား ဗီဇာရရင် booking cancel လိုက်လို့ရလားဗျ ကျေးဇူးပါ

  • @khinekhinewai858
    @khinekhinewai85811 ай бұрын

    Name and address of guarantors က မဖြစ်မနေ form ထဲထည့်ရေးပေးဖို့လိုလားရှင့်

  • @San-Phyo

    @San-Phyo

    11 ай бұрын

    လိုပါတယ် မပြည့်စုံရင် Reject ကျနေပါ့မယ်။ မခက်တာမို့လို့ဖြည့်လိုက်ပါ။ ကိုယ့်မှာအသိမရှိရင်လဲ သူတို့လဲလိုက်မစစ်နိုင်တာမို့ တစ်ယောက်ယောက်နာမည်နဲ့ ဖုန်းနာပါတ်တော့ အဖြစ်လေး ဖြည့်ဖြစ်အောင် ဖြည့်ပေးလိုက်ပါ။

  • @peekay674
    @peekay6745 ай бұрын

    အကိုရေ ညီက အမေစီသွားလည်မှာ ဆိုတော့ မေးချငိတာ ၂ချကိရှိတယ် no 1 က အသွားအပြန်လေယာဥ် လက်မှတ်က ဖြတ်ကိုဖြတ်ရမှာလား အသွားတစ်ကြောင်းထဲဖြတ်လို့မရဘူးလား no 2က အမေအိမ်မှာနေမှာဆိူတော့ ဘယ်လိုပြောရမလဲ သံရုံးကို အဲ့တာလေးဖြေပေးပါ

  • @San-Phyo

    @San-Phyo

    5 ай бұрын

    1. မိမိမှာ နေထိုင်ခွင့် Visa မရှိတဲ့အတွက် အသွာရော အပြန်ရော ဖြတ်ရပါမယ်။ 2. သံရုံးကတော့ Hotel Booking တောင်းပါတယ်။ မဟုတ်ရင် မိမိနာမည်နဲ့အိမ်ဌားထားတဲ့စာချုပ်စာတမ်းပြရပါမယ်။ အမေနာမည်နဲ့ ဌားထားတဲ့ စာချုပ်စာတမ်းတွေ ID တွေပါတောင်းတာဆိုတော့ရှုပ်ပါတယ်။ Hotel Booking လုပ်တာ တော်နော်လွယ်တဲ့ကိစ္စပါ။ ခု Booking လုပ်ထားတဲ့ Email ရတာနဲ့ တန်းပြီး Cancel လုပ်လို့ရပါတယ်။

  • @warlay4413

    @warlay4413

    4 ай бұрын

    Booking၃ရက်ယူပြီး၁၄ရက်နေလို့ရလားရှင့်

  • @user-hm9tb8ir6c
    @user-hm9tb8ir6c5 ай бұрын

    အကိုရေ ဘဏ်အကောင့်က ၃လမပြည့်သေးဘူး လုပ်လို့ရလား

  • @San-Phyo

    @San-Phyo

    5 ай бұрын

    အကို့ရှေ့ကတစ်ယောက်ကိုညင်းလွှတ်တာတော့တွေ့ဖူးတယ်။ ခုတော့ Policy ပြောင်းတယ်လို့လည်းကြားတယ်။ Try ကြည့်ပါ

  • @genowefa3206
    @genowefa3206Ай бұрын

    can we book hostel rather than hotel ?

  • @San-Phyo

    @San-Phyo

    Ай бұрын

    @@genowefa3206 yeah. You can. I always do like that.

  • @genowefa3206

    @genowefa3206

    Ай бұрын

    ​@San-Phyo thank you brother ဘဏ် statement ၃ရက်ကြိုပြီးယူတယ် appoinment က ၁၅ ရက်နေ့ပါ ဒီနေ့ဘဏ် statement သွားယူခဲ့တယ် အဆင်ပြေမလားအကို

  • @user-wo4rk7hq8q
    @user-wo4rk7hq8q7 ай бұрын

    ဘဏ်စာအုပ်ဖွင့်တာက 3လမပြည့်သေးဘူး1လလောက်ဘဲဆိုရင်ကလုံးဝမရဘူးလားရှင့်

  • @San-Phyo

    @San-Phyo

    7 ай бұрын

    မရပါဘူးဗျ။

  • @user-fy2qp6nt4m
    @user-fy2qp6nt4m5 ай бұрын

    ထိုင်းကို. 14 ရက် Visa နဲ့သွားပြီး ဟိုရောက်မှ TR Visa လျောက်လို့ရလားသိချင်တယ်ရှင့်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    မရပါ။ 14 ရက်နဲ့နေပြီး တစ်လစီ ၃ခါထိ Extension တိုးနိုင်ပါတယ် ။ ခုတော့ လူတွေအရမ်းကိုများလို့ခက်နေပါပြီ။

  • @rosynyein5394
    @rosynyein53944 ай бұрын

    Is it free visa for children under 7 years old to myanmar?

  • @NehTar-lh6pg
    @NehTar-lh6pg4 ай бұрын

    Hello bro please Bank statement က ဘယ်န လ အထိပြရတာလဲ ? ပြီးရင် bank statement နောက်ဆုံးထုတ်တဲ့ရက်နဲ့ visa လျောက်မယ့်ရက် ဘယ်လောက် ကွာရလဲ? ၁ပတ် အတွင်း ဆိုရင် အဆင်ပြေလား

  • @San-Phyo

    @San-Phyo

    4 ай бұрын

    ၃လ အထိပြရင်ရပါတယ်။ သွားမလျှောက်ခင် ၁-၃ ရက်အတွင်းဆိုရပါတယ်။

  • @NehTar-lh6pg

    @NehTar-lh6pg

    4 ай бұрын

    @@San-Phyo ၁ပတ်အတွင်းဆိုရောရင်အဆင်ပြေလား ကြားထဲ ရုံးပိတ်ရက်တွေခံနေလို့

  • @estherlamn7829
    @estherlamn782911 ай бұрын

    visa ရပြီးမှလေယာဉ်လက်မှတ်ဝယ်ရမလား / visa မဝင်ခင် ကြိုပြီးလေယာဉ်လက်မှတ်ဝယ်ထားရမလား သိချင်တယ်ဖြေပေးပါpls

  • @San-Phyo

    @San-Phyo

    11 ай бұрын

    Visa စလျှောက်တည်းက လေယာဉ်လက်မှတ်ပါ ထည့်ပေးရပါတယ်။ လေယာဉ်လက်မှတ်မပါရင် Visa မပေးပါဘူး။ Video ထဲမှာ ကျနော်သေချာပြောပြထားပါတယ် ။ အဆင်ပြေပါစေ

  • @estherlamn7829

    @estherlamn7829

    11 ай бұрын

    @@San-Phyo Tks

  • @ZayYa-vm8tr
    @ZayYa-vm8tr4 ай бұрын

    အကိုရေး အကိုပေးတဲ့ linkထဲဝင်ပြိး ဒေါင်းဆွဲတာ မရနေလို့ပါ ဘယ်လိုဆွဲရလဲ ပြောပြပေးပါလာအကို

  • @San-Phyo

    @San-Phyo

    4 ай бұрын

    ရပါတယ် အခုပဲ အကိုဝင်ကြည့်တာ။ စာရွက် ၃ရွက်ပါတာကို ညီ Scroll Down မလုပ်လို့ပါ။ နောက်ဆုံးစာရွက်က Form ပါ။ image.mfa.go.th/mfa/0/n3gTFT2TOE/TOURIST_VISA_%28TR%29-newL.pdf

  • @ayekyaw4270
    @ayekyaw42706 ай бұрын

    ထိုင်းကို ၁၄ရက် Visa Free က ဘယ်လိုသွားရတာလဲအကို

  • @San-Phyo

    @San-Phyo

    6 ай бұрын

    Passport စာအုပ်ရှိရင်ရပါပြီ။ 14 ရက် Visa free , Visa မရှိပဲ ၁၄ ရက် နေလို့ရတယ်လို့ဆိုလိုတာပါ။ဘာစာရွက်မှမလို ပါဘူး။ ပထမဆုံး နိုင်ငံခြားထွက်ဖူးတာဆိုရင်တော့ မိမိလက်ထဲမှာ ငွေပါတယ် ငွေရှိတယ်ဆိုတာ ပြတဲ့အနေနဲ့ Show Money တောင်းကြည့်ပါလိမ့်မယ်။ အနဲဆုံး Dollar 500 လောက် သို့မဟုတ် Baht ၂ သောင်း လောက်တော့ ပါမှအဆင်ပြေပါလိမ့်မယ်။ ကိုယ်သုံးသုံး မသုံးသုံးပါ ။ ဆောင်သွားတဲ့သဘောပေါ့။ နောင်အခေါက်တွေတော့ ပြစရာ မလိုတော့ပါဘူး။

  • @U-Chan2

    @U-Chan2

    6 ай бұрын

    Show money က ငွေသားကိုင်သွားလို့ရတယ်လား သူတို့တောင်းကြည့်ရင် ယူသွားတဲ့ငွေသားပြလို့ရတယ် အဲ့လိုလား plase

  • @user-mr1fl4wy9d
    @user-mr1fl4wy9d6 ай бұрын

    Visa free နဲ့သွားပီး overstay နေမယ်ဆိုရင် ဘာဖြစ်နိုင်လဲအကို...

  • @San-Phyo

    @San-Phyo

    6 ай бұрын

    ဒီ Video က ပြစ်ဒဏ်ကို ခံရမှာပါ။ 👇🏻 kzread.info/dash/bejne/hGd7spqchKmbcqw.htmlsi=okoqP9j80JXcZFGy

  • @ctrls5946
    @ctrls59465 ай бұрын

    ကျွန်တော် 2 ရက်နေ့ visa ဝင်ရမှာပါ။ဒါပေမယ့် bank statement ကို မနေ့က 18.03.2024 date နဲ့ သွားထုတ်ထားလိုက်တယ်။အဲ့ statement နဲ့ပဲပြမယ်ဆိုအဆင်ပြေလောက်မလားဗျ။ Visa ရက်နီးမှ သွားထပ်ထုတ်ရမလားဗျ။

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ဘဏ် Statement ဆို မသွားခင် ၃ ရက်အတွင်းထုတ်ရတာထင်တယ်။ ကျနော်လဲ အမှတ်တမဲ့ပါပဲ။ ဘဏ်စာအုပ်ကတော့ ၃လ အတွင်းကြိုဖွင့်ထားတာဆိုရပါတယ်။

  • @ctrls5946

    @ctrls5946

    5 ай бұрын

    @@San-Phyo ကျေးဇူးပါခင်ဗျ။မသွားခင် 3 ရက်အလိုမှာသွားထပ်ထုတ်လိုက်ပါမယ်ဗျ။

  • @nawhninpwintaye4120
    @nawhninpwintaye41204 ай бұрын

    အစ်ကိုရေ ညီမက စင်ကာပူကနေထိုင်းကိုသွားမို့ပါ စင်ကာပူကနေထိုင်းဗီဇာဘယ်လိုလျှောက်ရတာလည်းသိချင်လို့ပါ ပြန်ဖြေပေးပါနော်

  • @San-Phyo

    @San-Phyo

    4 ай бұрын

    စင်္ကာပူကနေ ထိုင်းကို ၁၄ ရက် နဲ့ Visa Free လာလို့ရပါတယ်။ဒီရောက်မှ တစ်လစီ တစ်လစီ Extension တိုးတိုးပြီး ၂ခေါက်လောက်ထိ နေလို့ရပါတယ်။ TR Visa ၂လကိုတော့ စလုံးကနေ လှမ်းလျှောက်လို့မရသလို ထိုင်းကနေလဲလျှောက်လို့မရပါဘူး။ မြန်မာ သို့မဟုတ် လာအိုကနေဆိုရပါတယ်။

  • @nawhninpwintaye4120

    @nawhninpwintaye4120

    4 ай бұрын

    ကျေးဇူးတင်ပါတယ်ရှင့်

  • @ShweSin-z7y
    @ShweSin-z7yАй бұрын

    PJ စာအုပ်ဖြစ်နေပြီး အလည်ဗီဇာနဲ့သွားလို့ရလား

  • @San-Phyo

    @San-Phyo

    Ай бұрын

    PJ ဖြစ်နေပြီး OWIC Card မရှိရင် လေဆိပ်ကပေးမထွက်ပါ။ လေယာဉ် လက်မှတ်ခတွေ ဆုံးကုန်ပါမယ်။ မလုပ်ပါနဲ့။

  • @pearlthwedentalclinic9979
    @pearlthwedentalclinic99796 ай бұрын

    TR Visa အတွက် Bank account ကတပတ်အလိုလောက်မှာငွေထည့်ဖို့ အသစ်စဖွင့်တာဆိုရလား

  • @San-Phyo

    @San-Phyo

    6 ай бұрын

    မရလို့ ညင်းလွှတ်တဲ့သူတွေ သံရုံးမှာတွေ့ခဲ့ဖူးပါတယ်။ မရပါဘူး။ ကြေငြာထားတာကိုက အနည်းဆုံး၃လ သက်တမ်းရှိဘဏ်စာအုပ်မှရပါတယ်။

  • @yinminn
    @yinminn5 ай бұрын

    ရက် 60 Visa ကို ဟိုမှာ ဘာမှ မလုပ်ဘဲ ဒီအတိုင်း ထပ်တိုးပြီး တစ်နှစ်လောက်နေလို့ရလားရှင့်

  • @San-Phyo

    @San-Phyo

    5 ай бұрын

    မရပါဗျာ ။ ရက် ၆၀ Visa ကို တစ်လဆီတိုးရင် အများဆုံး ၃ကြိမ် ထိတော့ တိုးပြီးနေလို့ရပါတယ်။ ဆိုတော့ TR Visa နဲ့ ဘာမှမလုပ်ပဲ အများဆုံးတိုးရင် ၅ လသာနေလို့ရပါမယ်။

  • @khinmaungwin6822

    @khinmaungwin6822

    5 ай бұрын

    14ရက် without visa က ဟိုရောက်ရင်သက်တန်းတိုးလို့ရလား။ရရင်ဘယ်နှစ်ခါရလဲ

  • @ayechanmoe-lt9gn

    @ayechanmoe-lt9gn

    Ай бұрын

    အခုမှထိုင်းကိုစသွားမှာမို့ပါရက်60နဲ့သွားပြီးနောက်3လဘဲထပ်တိုးလို့ရတယ်ဆိုတော့ဆက်နေချင်ရင်ဘယ်လိုဆက်တိုးရမလဲhotelကဘယ်လိုတင်ရတာလဲ

  • @user-hn1fz8xs6s
    @user-hn1fz8xs6s4 ай бұрын

    Visa form linkလေးပို့ပေးပါလားရှင့်🥺

  • @San-Phyo

    @San-Phyo

    4 ай бұрын

    Video အောက် က Description မှာ ဖော်ပြထားပေးပြီးသားပါ။ အဆင်ပြေပါစေ။

  • @user-pl2vr1rc3t
    @user-pl2vr1rc3t5 ай бұрын

    စလုံးကနေ ထိုင်းကိုသွားဖို့ကျ အကုန်အတူတူဘဲလားဗျ bank စာအုပ်ကပါလာလို့ statement ကျ ဓါတ်ပုံဘဲပြရင် ရလားဗျ pv နဲ့ပါ အကို

  • @San-Phyo

    @San-Phyo

    5 ай бұрын

    စလုံးကနေ ထိုင်းသွားရင် လေယာဉ်အသွားအပြန် လက်မှတ်နဲ့ Passport ပဲလိုပါတယ်။ ၁၄ ရက်ပဲနေလို့ရပါတယ်။ Bank စာအုပ်တွေ Statement ပြစရာမလိုပါ။ ၁၄ ရက်ထက်ပိုနေချင်ရင် ထိုင်းမှာရှိတဲ့ မြန်မာသံရုံးမှာ Extension တိုးလို့ရပါတယ် ။ အခု ဒီ Video က မြန်မာကနေ ထိုင်းမှာ ရက်၆၀ နေဖို့ TR Visa လျှောက်နည်းပါ။ ဒါကြောင့် Bank Statement နဲ့ Video ထဲမှာဖော်ပြထားတာတွေ လိုတာပါ။ မရောပါစေနဲ့။

  • @user-pl2vr1rc3t

    @user-pl2vr1rc3t

    5 ай бұрын

    @@San-Phyo ကျေးဇူးပါ အကို

  • @amanw28
    @amanw284 ай бұрын

    အခု ဆိုရင်ရော ဗီဇာရက်ချိန်းယူဖို့လိုသေးလားခင်ဗျ

  • @San-Phyo

    @San-Phyo

    4 ай бұрын

    ခုချိန် Update တော့မသိတော့ဘူးဗျ။

  • @mmnovelbox8336
    @mmnovelbox83366 ай бұрын

    thai မှာ ka guarantor ကမရှိရင်ကော ဘာရေးကမလဲဗျ...

  • @San-Phyo

    @San-Phyo

    5 ай бұрын

    ကြိုက်တဲ့ ထိုင်းနာမည်တစ်ခုနဲ့ ဖုန်းနံပါတ်သာထည့်လိုက်ပါ။ သေချာ မစစ်ပါဘူး။

  • @AnotherAcc-ed8lm
    @AnotherAcc-ed8lm4 ай бұрын

    ကျောင်းသားဗီဇာနဲ့သွားရင် ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်ပြဖို့လိုလားဗျ

  • @San-Phyo

    @San-Phyo

    4 ай бұрын

    Covid Certificate တွေ မတောင်းတော့ပါဘူး

  • @user-mx1zm7bx2w
    @user-mx1zm7bx2w6 ай бұрын

    အလယ်ဗီဇာနဲ့သွားပီးအပြန်အထွက်တုံးမထုလာတော့ပြန်သွားလို့ရမလား

  • @San-Phyo

    @San-Phyo

    6 ай бұрын

    မရပါ။ ခက်ပါပြီ။

  • @user-rm7dr2kh1m
    @user-rm7dr2kh1m10 ай бұрын

    return flightကို booking နဲ့ပဲ visaတင်လို့ရလားရှင့်

  • @San-Phyo

    @San-Phyo

    10 ай бұрын

    Hotel ကအဆင်ပြေပေမယ့် Flight ကိုတော့ သေချာ မပြောတတ်ဘူး။ သတိတော့ထားပါ။ တော်ကြာ Reject ကျရင် ကိုယ်သွင်းထားတဲ့ Dollar 40 ပြန်မရပါဘူးနော်။ တကယ်လို့ ပြန်လာမယ့်ရက် မကြိမ်းသေရင် Return Ticket ကို Refund လုပ်လို့ရတဲ့ Website တွေဆီက Ticket ဝယ်ဖို့ပဲ အကြံပေးချင်ပါတယ်။ သံရုံးက Visa မပေးခင် Ticket တွေကို သေချာ အသေးစိတ် လိုက်စစ်မစစ် မသိရတာရယ် / လေဆိပ်က Check In မှာလဲ Return Ticket တောင်းကြည့်တာ ရှိတဲ့အတွက်ပါ။ Return Ticket ကတော့လိုပါမယ်။

  • @ngwelin8828

    @ngwelin8828

    7 ай бұрын

  • @Steve-gr1yt
    @Steve-gr1yt5 ай бұрын

    Bank စာအုပ်နဲ့ passport နာမည်မတူရင်ရလာဗျ

  • @San-Phyo

    @San-Phyo

    5 ай бұрын

    မရဖို့များပါတယ်။ တစ်မျိုးကြီးနော်။ တကယ်ဆို မတူစရာမှမရှိတာ။ တစ်ခြားသူနာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာအုပ်ကတော့ မိမိယူသုံးလို့မရပါဘူး။

Келесі