ချစ်နှင်းမှုန်မှုန် မောင်မောင်ညွန့်
Музыка
ဂီတနက်သန်ကိုအုန်းလွင် ရေးစပ်ထားသော ဆောင်းဘွဲ့လွမ်းချင်းတစ်ပုဒ်ဖြစ်ပါတယ်
(The beloved snow)
နှင်းမှုန်ငွေရည် ပုလဲသွယ် တဖွဲဖွဲရယ် ဝဲကာကြဲတော့တယ်
တကိုယ်ရည်နွမ်းလျဘွယ် ရင်ထဲ ရွှေသည်းဖိုမိတယ်
ချစ်နှင်းမှုန်ရယ် တသုန်သုန်မြူးကာ ညှဉ်းရက်တော့တယ်
မောင့်အပါးဝယ် ရှောင်ရှားကာ ရွေ့လျားပေါ့ကွယ် နှင်းငွေမှုန်ရယ် ကြုံကာဆုံသည့်နှယ်
တရံရောအခါက ရယ် မောင်မယ်နှစ်ဦးဝယ် ကြည်နူးလို့ကွယ်
ညဉ့်လွှာရုံအောက်ဝယ် ခင့်ကိုသာ မောင့်မှာတွေးလို့ရယ်
မကြင်စိမ်းကာ ယိမ်းနွဲ့ပေါ့ မာလာသဇင်နွယ်
နန်းဝေဟင် ပင်ယံမြင့်ဝယ် လေသင့်ရာ လွင့်ရှာလေတယ်
ငွေဇာရုံ ခြုံလွှာပုံသို့နှယ် ချစ်နှင်းမှုန် တဖွဲဖွဲရယ် ကြဲလာ မစဲတော့တယ်
Пікірлер: 12
Vအသံလေးချစ်တာ လွမ်းလွန်းလို့❤❤❤ သူ့ခေတ်မှာကျောင်းသားဘဝသာရှိသေးလို့ မမြင်ဖူးမတွေ့ဖူးလိုက်ရတာ တွေ့မြင်ဖူးချင်လိုက်တာ
အနှစ်တွေချည်း 😊😊😊
အကောင်းဆုံး ပါ
အရမ်းကောင်းနှစ်သက် ကြည်နူးစရာကောင်း
အနှစ်သာရနဲ့ပြည့်စုံတဲ့ ဂီတဆိုတာ ဒါပါ
ကမ္ဘာ့အလယ်တင့်တယ်ခဲ့ဘူးတဲ့မြန်မာ့ဂီတမြန်မာ့အနုပညာတွေပါအခုတော့ပုံပြင်တွေဖြစ်ခဲ့ရပါပြီး😔
တော်တော် ကောင်းတယ်ပြန်နားခွင့်ရတာကျေးဇူးတင်လို့မဆုံးပါ
ဂွတ်သကွာ
Good
ပြင်လိုနာရပါတယ်ဘယ်ကိုလွမ်ရပမောင်းတဂျော်ဂျော်ခေါ်ပါလုက်နဲငိုချင်မိပါယ်ခင်မိုညိုး🤗🤓💘💘💘💘💘🌹🌹🌹🌾🌾🌾🌾🌾🌾🌾🕊
ကောင်းနေရော
🎉🎉🎉🎉🎉