ချမ်းသာချင်ပြီး ဒူပေဒဏ်ပေခံနိုင်ရင် Startup လုပ်

တစ်နိုင်တစ်ပိုင် ကော်ဖီဆိုင်လေးဖွင့်တယ်။
တစ်နှစ်၊ နှစ်နှစ်အတွင်း ဆိုင်ပေါင်း ၂၀ ဖြစ်သွားတယ်။
ဘာကွာလဲဆိုရင်
small business နဲ့ startup စဥ်းစားတဲ့ပုံကွာပါတယ်။
small business ဆိုတာ
ပုံမှန် ဝင်ငွေလေးရနေပြီး လည်ပတ်နေတဲ့
စီးပွားရေး ဖြစ်ပြီး
startup ဆိုတာကတော့
"up" ဆိုတဲ့ အတိုင်း
လျင်လျင်မြန်မြန်တိုးတက်ပြီး
ချဲ့ထွင်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
startup ပုံစံတွေအများကြီးရှိပါတယ်။​
တကယ်လို့ နည်းပညာသစ်တွေကြောင့်
လူတွေရဲ့ နေထိုင်မှုပုံစံပြောင်းလဲသွားတဲ့
Google တို့၊ Facebook တို့လို
Scalable startup တွေရှိတယ်။​
နိုင်ငံခြားမှာ အောင်မြင်ပြီး
ကိုယ့်မော်ဒယ်ကို တခြားနိုင်ငံတင်ပို့တဲ့
Large Company Startup တွေရှိတယ်။
ဥပမာ Shop, an Alibaba Company ဆိုတာမျိုး။
Small business startup လို့ခေါ်တဲ့
ကော်ဖီဆိုင်တွေရှိပြီး
တချို့ ကော်ဖီဆိုင်တွေက
နည်းပညာအကူအညီယူပြီး ချဲ့တဲ့
Cotti Coffee တို့လိုရှိမယ်။
Starbucks က 150-180 baht ပေးနေရတဲ့အချိန်၊
Cotti Coffee က 55 baht လောက်နဲ့
ချဲ့လို့ရတဲ့ model ပုံစံမျိုး။
နောက် ဘဝနေထိုင်မှုပုံစံအတွက်
ကိုယ်ကြိုက်တဲ့အလုပ်ပေါ်တည်ပြီးဖန်တီးတဲ့
Lifestyle startup ရှိတယ်။​
ဥပမာ fitness trainer တွေအနေနဲ့
Bali မှာနေပြီး startup တည်ဆောက်တာမျိုး။
နောက်ပြန်ရောင်းဖို့ လုပ်တဲ့
Buyable startup တို့လိုမျိုး။​
ဥာဏမူပိုင်ခွင့်တွေ ဖန်တီးတယ်။
ကုမ္ပဏီကြီးက လာဝယ်တဲ့အခါ
မြိုးမြိုးမြတ်မြတ်ရရင် ရောင်းတာမျိုး။
နောက် Hybrid Startup ဆိုတာရှိမယ်။​
ကျန်းမာရေး fitness app လုပ်ပြီး
telemedicine နဲ့ တွဲတာမျိုး။
ဒီလို startup တွေဖန်တီးတဲ့အခါ
အိုင်ဒီယာကနေ ကုန်ပစ္စည်းဖြစ်တဲ့အဆင့်၊
ကုန်ပစ္စည်းကြီးထွား၊ ချဲ့ထွင်တဲ့အဆင့်၊
နောက် လုပ်ငန်းရောင်းတဲ့အဆင့်ရှိတယ်။
ဘာကြောင့် ကုန်ပစ္စည်းလို့ပြောလဲဆိုရင်
လုပ်ငန်းကို ချဲ့ထွင်ချင်ရင်
ဘာလုပ်ငန်းဖြစ်ဖြစ် လုပ်ငန်းကို
ကုန်ပစ္စည်းတစ်ခုလိို စဥ်းစားရမှာဖြစ်တယ်။
Productize လုပ်ရမှာဖြစ်တယ်။
Franchise ရောင်းတဲ့ သူက
သူ့ လုပ်ငန်းကို ကုန်ပစ္စည်းတစ်ခုလိုစဥ်းစားလို့
Franchise ကို ရောင်းလို့ရတာဖြစ်ပါတယ်။
ဒီ idea ကနေ product ဖြစ်ဖို့၊
idea ကနေ ကနဦးကုန်ပစ္စည်းအနေနဲ့ ဖန်တီးဖို့လိုတယ်။
ဒါကို Minimal Viable Product (MVP) လို့ခေါ်တယ်။
အိုင်ဒီယာတိုင်းသည် စျေးကွက်ပြဿနာကို
ဖြေရှင်းတဲ့ အိုင်ဒီယာဖြစ်ဖို့လိုတယ်။
ကုန်ပစ္စည်းအနေနဲ့ MVP မတည်ဆောက်ခင်
ပြဿနာ အတိမ်အနက်ကို အရင်တူးဖော်ရတယ်။
ကိုယ်ထင်နေတာနဲ့၊
တကယ်ဖြစ်နေတာနဲ့ ကိုက်ညီရဲ့လား
အလားအလာရှိတဲ့ ဖောက်သည်တွေကို
လိုက်မေးရတယ်။
Survey လုပ်ရတယ်။
စိတ်မှန်းနဲ့ လုပ်လို့မရဘူး။
ပြီးမှ MVP တည်ဆောက်တယ်။
MVP တည်ဆောက်တဲ့အခါ
ဥပမာ ကိုယ်က ဆိုလာအသုံးပြု
လျပ်စစ်မီးသီးဖန်တီးချင်တယ်ဆိုပါတော့။
ဒီတော့ ကိုယ်ဖြေရှင်းတဲ့ပြဿနာက
အလင်းရဖို့ဖြစ်တယ်။​
ဒီတော့ ဒီအလင်းရဖို့ကို
ဖယောင်းတိုင်အဆင့်၊
မီးအိမ်အဆင့်၊
မီးလုံးအဆင့်၊
ဆိုလာ အဆင့် တစ်ဆင့်ချင်းဖြေရှင်းသွားရတယ်။
တချို့စျေးကွက်ပြဿနာတွေကို အရင်လိုတယ်။​
ဒီလို အရင်လိုတဲ့ စျေးကွက်ပြဿနာဖြေရှင်းဖို့
Big Urgent Market Problem (BUMP) အတွက်
ready ဖြစ်နေတဲ့အခါ
ကိုယ့်လုပ်ငန်းကြီးထွားပြီသာမှတ်။
ဥပမာ တစ်ခုကတော့ Zoom ကုမ္ပဏီပဲ။
2020 မှာ Covid-19 ဖြစ်တော့
household name တစ်ခုလိုဖြစ်သွားတယ်။
လုပ်ငန်းတစ်ခုစတင်တဲ့အခါ
တချို့အမှားတွေက ရှောင်လို့ရတယ်။
လုပ်ငန်းတစ်ခု ကျဆုံးစေတဲ့အရာတွေထဲမှာ
စိတ်နေသဘောထားနဲ့ ပတ်သက်တဲ့ အမှားများ
၁။ လေထဲမှာ တိုက်အိမ်ဆောက်ပြီး
မစတင်ဖြစ်ခြင်း
၂။ တစ်ယောက်တည်း မစတင်ရဲဘူး။
၃။ စဖို့အတွက် လုံလောက်တဲ့အရည်အချင်းမရှိဘူး၊
ငယ်သေးတယ်၊ အသက်ကြီးသွားပြီဖြစ်နေခြင်း။
၄။ အလုပ်တွေရှုပ်နေပြီး အရာမရောက်ဘူး။
ပွဲတွေတက်၊ ဆုတွေယူ၊ လူတွေတွေ့၊
networking တွေလုပ်၊​ pitch လုပ်၊
ပြီးရင် အလုပ်က မပြီး
၅။​ Passion တစ်ခုတည်းအားကိုးခြင်း။
Passion ကို Mission နဲ့ ပေါင်းမှဖြစ်မယ်။
ဒီနေ့ခေတ် ပြိုင်ဆိုင်မှုများတဲ့ခေတ်မှာ
ရူးသွပ်မှုတစ်ခုတည်းနဲ့ မရဘူး။
စီးပွားရေးမော်ဒယ်နဲ့ ပတ်သက်တဲ့အမှားများ
၁။ ခပ်ညံ့ညံ့ Business Plan ဖြစ်နေခြင်း
၂။ အရေးမပါတဲ့ industry လုပ်ငန်းနယ်ပယ်မှာ
အရေးမပါတဲ့ ပြဿနာဖြေရှင်းနေခြင်း
၃။ ပြဿနာမဖြေရှင်းပေးတဲ့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေထုတ်နေခြင်း
၄။ အားကိုးလွန်ခြင်း
ဥပမာ App store တစ်ခုတည်းအားကိုးတာမျိုး။
Facebook တစ်ခုတည်းပေါ် အားကိုးတာမျိုး။
၅။ အချိန်လွဲခြင်း
မလုပ်သင့်တဲ့အချိန်မှာ လုပ်ငန်းလုပ်ဆောင်ခြင်း
၆။ အတွေးအခေါ် သေးလွန်းခြင်း
ခပ်သေးသေးပဲ စဥ်းစားကြံဆခြင်း
စျေးကွက်သုတေသနလုပ်ခြင်းနဲ့ ပတ်သက်တဲ့အလွဲများ
၁။ Uber of ဘာညာသာရကာ
အတုခိုးခြင်း
၂။ မလိုအပ်ပဲ ဂုဏ်တက်ခြင်း
၃။ Network effect ကိုပဲ အသုံးပြုပြီး
ပြိုင်ဆိုင်ခြင်း
ဥပမာ social media မှာ follower များတယ်။
ဒီအချက်ကိုပဲ အားပြုပြီး
လုပ်ငန်းရဲ့ core competency ကို အားမပြုခြင်း။
ငွေကြေးမတည်မှုနဲ့ ပတ်သက်တဲ့အလွဲ
၁။ Funding မလုံလောက်တော့ခြင်း
၂။ Budget ချတာညံ့ဖျင်းခြင်း
၃။ Accounting သေချာမလုပ်တတ်ခြင်း
၄။ ကျွမ်းကျင်တဲ့ စာရင်းအင်းပညာရှင် မခန့်ထားခြင်း
Product development အတွက်ဆို
Feature ကို Company ထင်ခြင်း FNAC လို့ခေါ်ပါတယ်။
Feature, not a company
Organizational တလွဲထဲမှာ
founding team တလွဲဖြစ်ခြင်း၊
Cofounder မရှိခြင်း၊
cofounder မမှန်ခြင်း
အလုပ်မထုတ်ရဲခြင်း
Sales အတွက်ဆို
sales metrics မရှိခြင်း။
Growth အတွက်ဆို
poor pivoting နဲ့ growing too fast
အဓိကအချက်က အနာဂတ်က
ခန့်မှန်းလို့ရတယ်။
မမှန်နိုင်ဘူးဆိုပြီး မခန့်မှန်းတာလောက်
ရှုံးတာမရှိဘူးတဲ့။
Wall Street ရဲ့ best-seller တစ်ခုဖြစ်တဲ့
Kim Hvidkjaer ရဲ့
How to fu*k up your startup ထဲကနဲ့
တွေးမိတာနဲ့ ပေါင်းစပ်ထားတာ။
Insidernote ရဲ့ 888 အုပ်မြောက်ကို
note အနေနဲ့ မြန်မြန်ရေးထားတော့
တခြားဟာတွေ အဓိပ္ပာယ်သိမှာတော့မဟုတ်ဘူး။
More on www.insidernote.app
Toe Tet Insidernote ကို subscribe လုပ်ပါ။ :D
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Пікірлер: 7

  • @karyan9854
    @karyan98543 ай бұрын

    ဆရာ Sadhgruရဲ့ inner engineeringစာအုပ်ကိုတကယ်ကိုသိချင်နေလို့ပါ Englishကလည်းအရမ်းမကောင်းတော့ဖက်နာမလည်ဖြစ်နေတယ် ကျေးဇူးပြုပြီး inner engineering bookလေးလုပ်ပေးပါအုံးဆရာ

  • @user-xx8gu4ww3h
    @user-xx8gu4ww3h3 ай бұрын

    thank sayar

  • @buissinessman879
    @buissinessman8793 ай бұрын

    great book

  • @beyond327x
    @beyond327x3 ай бұрын

    ခန့်မှန်းရဲရမယ် ကြီးကြီးစဉ်းစားရမယ်

  • @tinttinttun2665
    @tinttinttun26653 ай бұрын

    ဘာသာပြန်ထားတာရှိလားရှင့်

  • @kohtoo3615
    @kohtoo36153 ай бұрын

    ဇွဲကောင်းတဲ့သူဖြစ်ချင်လို့ဘယ်လိုလုပ်ရမလဲဆရာ

  • @shinenaung7559

    @shinenaung7559

    3 ай бұрын

    ကိုယ့်ဟာကိုကြိုးစားလေ အလကားလျောက်မေးနေ

Келесі