စစ်ကောင်စီနဲ့ ပျူစောထီးတွေ လူချိန်းနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၂ ဦးထိမှန်ဒဏ်ရာရ

စစ်ကောင်စီနဲ့ ပျူစောထီးတွေ လူချိန်းနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၂ ဦးထိမှန်ဒဏ်ရာရ (ရုပ်/သံ)
စစ်ကိုင်း၊ ဇူလိုင် ၉၊ ၂၀၂၄ ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ အောင်သုခကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ လူချိန်းနေချိန်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ Civil Armed Force တပ်ဖွဲ့ဆီမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်က နားဋောင်းကျရွာက ပျူစောထီးတွေနဲ့ တန့်ဆည်မြို့ပေါ်ကနေ လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောင်သုခဘုန်းကြီး ကျောင်းဝန်းအတွင်းမှာ လူအချိန်းအပြောင်းလုပ်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီး ၃ လုံး နဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသွားကြတာလို့ Civil Armed Force တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“လက်နက်ကြီး ၃ ဖူးပစ်တာ တဖူးက မကွဲဘူး ၂လုံးပဲကွဲတာ အဲဒီ ၂ လုံးထဲမှာမှ တလုံးက သူတို့နေတဲ့ နေရာနားကိုကျတယ်။ တလုံးကတော့ သူတို့နေတဲ့နေရာ နဲ့ မီတာ ၅၀ လောက်အဝေးမှာကျတယ်။ အခုလူလာချိန်းတာကလည်း လောလောဆယ် မတ္တရာဘက်မှာတိုက်ပွဲတွေဖြစ်နေတယ် အဲ့အတွက်လာချိန်းတာလည်းဖြစ်နိုင်တယ်။ နောက်တခုက ပြီးခဲ့တဲ့ရက်မှာ သူတို့ (စစ်ကောင်စီ)သင်တန်းဆင်းပွဲတခုရှိတော့ သင်တန်းသားအသစ်တွေ နဲ့ မြို့ပေါ်က ***တွေ နဲ့ လဲပြီးတော့ ***တွေကို အထိနာနေတဲ့ဘက်တွေကို ပို့မယ်လို့ယူဆတယ် ” လို့ တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး တပ်တွင်းသတင်းအရင်းမြစ်ကနေကြားသိရသလို ရှေ့ကင်းကနေ သတင်းပေးပို့ချက်အရလည်း သိရတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ လာမှာကို သတင်းကြိုရတဲ့အတွက် စောင့်ဆိုင်းပစ်ခတ်တာလို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပြီးနောက် အောင်သုခဘုန်းကြီးကျောင်းဝန်းထဲက စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာနေရာတွေဆီကို ပြန်လည်ထွက်ခွာသွားခဲ့ပြီး အောင်သုခရွာက ဒေသခံတွေလဲ ကြိုတင်ရှောင်ရှားခဲ့တဲ့အတွက် ဖမ်းဆီးခံရသူတွေမရှိဘူးလို့ သိရပါတယ်။
ဇွန် ၂၂ ရက်ကလည်း အင်ကုက္ကားကျေးရွာမှာ ပျုစောထီးတပ်သားတွေ စုဝေးနေချိန် Civil Armed Force - CAF တပ်ဖွဲ့က Drone နဲ့ ပစ်ခတ်ခဲ့လို့ ပျူစောထီးတပ်ဖွဲ့ဝင်တချို့ ထိမှန်သေဆုံးခဲ့ပါသေးတယ်။
သတင်း-နန်းခမ်း ၊ စာတည်း-နွေဦးငြိမ်းချမ်း
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စစ်ကိုင်း #စစ်ကောင်စီ #ပျူစောထီး #လူချိန်းစဉ် #လက်နက်ကြီး #ပစ်ခတ်ခံရ #ထိခိုက် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

Пікірлер: 5

  • @user-bs5ev4uq8d
    @user-bs5ev4uq8d14 күн бұрын

    ကပစ. စက်ရုံတွေကိုများများကိုင်ကြပါဗျ

  • @MyoThu-qw3nb

    @MyoThu-qw3nb

    14 күн бұрын

    စစ်ကိုင်းနဲ့မကွေးကိုပေါင်500များများကျဲပေးပါ😅😅😅

  • @kispywillo6749
    @kispywillo674914 күн бұрын

    မိုက်နေရော ကပစကို dropဗုံးများများ ချ ပေးဒီစစ်‌ေခွးကောင်တွေ ‌ ထောက်ပို့မလုပ်နိုင်ရင် ရှုံးလိမ့်မယ်

  • @myintthein3747
    @myintthein374714 күн бұрын

    မင်အမေလင်ကိုဘာလို့ဆဲတာလဲ

  • @GiorGior-jf6wz
    @GiorGior-jf6wz9 күн бұрын

    aa စောက်စကားမများဘူး.. အသေးစိတ်လဲ မပြောပြဘူး.. ချစရာရှိတာ ချပြီ လန့်ကြောက်နေအောင် အောင်ပွဲယူပြတယ်....အခုပြောပြတော့ ဟိုက နောက်တခါ ဘာလုပ်ရမလဲသိနေပြီ

Келесі