စက်ဘီးအကြောင်းအကြမ်းဖျင်း အာလူးဖုတ်ထားတာလေးပါ။
Спорт
ဒီဗီဒီယိုလေးမှာတော့ စက်ဘီးအမျိုးအစားတွေအကြောင်းကို အကြမ်းဖျင်းလေးပြောပြပေးထားပြီး၊ အဝေးနင်းဖို့အတွက် ဘယ်လိုစက်ဘီးမျိုးတွေ သင့်လျော်မလဲဆိုတာလေးကို ကျနော့် နင်းခဲ့ဖူးတဲ့ ဘီးတွေနဲ့ပတ်သက်ပြီးရရှိလာတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီးပြောပြပေးထားပါတယ်ခင်ဗျာ။
မှတ်ချက် - ဒီဗီဒီယိုလေးထဲမှာ ကျနော်ပြောပြရန်ကျန်ခဲ့သော ဂီယာအကြောင်း၊ ဖရိန်ကိုပြုလုပ်သော သတ္တုအကြောင်းအကြမ်းဖျင်းလေးကို အောက်မှာရေးပြပေးထားပါတယ်ခင်ဗျာ။
၁။ MTB or 700c ဘီးတွေကို ဝယ်တော့မယ်ဆိုရင် Gear set အနည်းဆုံး ရှေ့ ၂ အနောက် ၈ (သို့မဟုတ်) ရှေ့၃ အနောက်၈ အနည်းဆုံးပါသော ဘီးမျိုးကိုသာ ရွေးချယ်ပါခင်ဗျာ။
၂။ ဖရိန်ကိုပြုလုပ်သော သတ္တုထဲတွင် အကြမ်းဖျင်းအားဖြင့် သံနှင့် Alloy ဆိုပြီး ၂မျိုးရှိတတ်သည်။ အကြမ်းဖျင်းကွာခြားချက်မှာ အလေးချိန်ဖြစ်ပါသည်။
ဒီအောက်ကလင့်ခ်လေးကတော့ စက်ဘီးအကြောင်းရေးထားသော Link လေးပါခင်ဗျာ
bit.ly/3znvY0A
Пікірлер: 78
Thanks bro 😇🙏🏻
@lonelywolfcyclist
Жыл бұрын
Welcome par bro yay 🤘
စက်ဘီးအကြောင်းဗဟုသုတရပါတယ်။
@lonelywolfcyclist
Жыл бұрын
ကျေးဇူးပါခင်ဗျာ။ နောက်လည်း စက်ဘီးနဲ့ပတ်သက်လို့ ဗီဒီယိုလေးတွေတင်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးပါဦးနော် 💪
ဂီယာ မပါရင် မစီးတက်😂😂❤😊
@lonelywolfcyclist
2 ай бұрын
ဟုတ်ပြီ ကလေးရေ။
700Cကို Roadbike လက်ကိုင်ပြောင်းလို့ရလားခင်ဗျာ
@lonelywolfcyclist
Жыл бұрын
ရတယ်ဗျ။ ဒါပေမဲ့ Normal ငုပ်ဆို Normal လက်ကိုင်နဲ့မှ အိုဗာငုပ်ဆိုအိုဗာလက်ကိုင်ထည့်မှအိုကေမယ်ဘရိုရေ။
ကိုကြီးရေ မဂ်လာပါ ကိုကြီးတို့ သွားရင် လိုက်လို့ရလားခင်ဗျ
@lonelywolfcyclist
Жыл бұрын
ရပါတယ်ဗျ။
Bro တို့နဲ့လိုက်စီးချင်လို့ပါ
@lonelywolfcyclist
Жыл бұрын
ကျနော့် Facebook Page မှာ လာပြောလို့ရပါတယ်ဘရိုရေ။ facebook.com/LonelyWolfCyclist/?mibextid=ZbWKwL
အကို ရှေ့၃နောက်၉ ဂီယာက ရိုးရိုူဘီး ဖရီဝီးလေငုတ်သလိုဖြစ်နေလို့ ဘယ်လိုုပ်ရလည်းဗျ နောက်ဂီယာအုံလည်းရမှာလားမသိလိုပါ
@lonelywolfcyclist
6 ай бұрын
နောက်ဂီယာအုံတချက်ဖြုတ်စစ်ကြည့်တာပိုကောင်းတယ်ဘရိုရေ။ ဖြစ်နိုင်ရင် Service ကောင်းတဲ့ ဆိုင်မှာ တချက်သွားပြကြည့်တာပိုကောင်းတယ်။
mountain bike gear 3x7ကို1x12ပြန်ချိန်းမို့အဆင်ပြေလောက်လားဗျဖြေပေးပေးပါဥိးဗျ
@lonelywolfcyclist
11 ай бұрын
MTB ဆိုရင် ပြေပါတယ်ဘရိုရေ။ Groupset ကောင်းတာလေးရှာချိန်းပေါ့ဘရိုရေ။
BMX ဝယ်ချင်တာဗျ ဘယ်မှာဝယ်လို့ရလဲ အကြောင်းပြန်ပေးပါအုံး
@lonelywolfcyclist
Жыл бұрын
BMX ကတော့ ကျနော်လည်း မသိလို့ အတတ်ပြောလို့မရဘူးဘရိုရေ။ ဖြစ်နိုင်ရင် Facebook ပေါ်က BMX အရောင်းအဝယ်ဂရုတွေမှာ တချက်လေ့လာပြီးမှသာ ဝယ်ဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။
ရေတံခွန်သွားတဲ့ video link ပေးပါလား idol
@lonelywolfcyclist
Жыл бұрын
ရေတံခွန်က တိုက်ကြီးထဲကပဲ တနေရာထဲမှာ ရေတံခွန်အသေးနဲ့အကြီးဆိုပြီး ၂ခုသွားခဲ့ပါတယ်ဘရိုရေ။ အောက်မှာ လင့်ခ်လေး ၂ခုပေးထားတယ်နော်။ 💪 ရေတံခွန်အသေး kzread.info/dash/bejne/jJ6fqcahgMqZdtI.html ရေတံခွန်အကြီး kzread.info/dash/bejne/eoBkpJaQkZbWndY.html
မြို့ထဲမှာ စက်ဘီး ပြင်ဆိုင် ဘယ်နား ရှိလဲ bro
@lonelywolfcyclist
10 ай бұрын
ကိုကတုံးဆိုင်ရှိပါတယ်ဘရိုရေ။ သိမ်ဖြူဈေးနားက မဂိုသင်္ချိုင်းနံရံကပ်ရပ်ပဲဘရိုရေ။ ကိုကတုံးကနာမည်တူတွေရှိလို့ သူ့ဆိုင်က ဗီနိုင်းအဖြူပေါ်မှာ စက်သွားပုံလေးနဲ့ အမှိုက်ပုံ၂ခုကြားကဆိုင်လေးပါဘရိုရေ။
bro ကျနော်ဘီးက ဟိုးနားဒီနားလေးစီးတာတောင် ဘာလိုလေးတာလဲဗျ ပေါ့အောင်ဘယ်လိုလုပ်ရလဲ ရှေ့ ဂီယာနောက်ဂီယာပါပါတယ် ကျနော်ကတော့ ဂီယာတင်ပြီးမနင်းဖူးဘူး
@lonelywolfcyclist
10 ай бұрын
ပေါ့ချင်ရင်တော့ ဂီယာလေးကစားပြီး စီးကြည့်ကြည့်ပါဘရိုရေ။ နင်းသားကျသွားအောင်လည်း ခဏခဏစီးပေးဖို့တော့လိုမယ်ဘရိုရေ။ 🥰
အစ်ကိုရေ ဖရီးကွင်း6ဆင့်ဖြုတ်တဲ့ အသီးလေး ပူလာ ဝယ်လို့ရလားbro ပြောပြပေးပါနော်
@lonelywolfcyclist
Ай бұрын
အစ်ကို့ရဲ့ Lonely Wolf ဆိုတဲ့ Facebook Page မှာ ပုံလေးတွေပို့ပြီး တချက်မေးကြည့်ပေးပါဘရိုရေ။
@sanmin2542
Ай бұрын
ကျေးဇူးပါbro ဒိထက်မကအောင်မြင်ပါစေbro
@lonelywolfcyclist
Ай бұрын
@@sanmin2542 ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ။ 💪
Fixie ဘီးကို စစီးမဲ့ Beginnerအတွက် Break တပ်စီးလဲအဆင်ေြပလားဗျ
@lonelywolfcyclist
Жыл бұрын
ပြေပါတယ်ဘရို။ ချိန်းသေကိုသေချာမပိုင်သေးရင် ဘရိတ်လေးတပ်စီးပေါ့။ အသေးစိတ်ကို ဖေ့စ်ဘွခ်ပေါ်က ဖစ်ဂရုတွေထဲတချက်ဝင်မေးကြည့်ကြည့်နော်ဘရို 🤘🤟
@haoyu5656
Жыл бұрын
@@lonelywolfcyclist အိုခေ Bro ရေ ကျေးဇူးးဗျာ
@lonelywolfcyclist
Жыл бұрын
@@haoyu5656 Welcome ပါ bro 🤘💪
@Luffy-mm2eq
Жыл бұрын
အဆင်ပြေပါတယ် ကျနော့်တုန်းက ၁ပတ်လောက် brakeတပ်စီးရတယ်
Bro Fixe bike လေးရှင်းပြပါ
@lonelywolfcyclist
Жыл бұрын
အလျဥ်းသင့်တာနဲ့ ဗီဒီယိုလေးလုပ်ပြီးတော့ရှင်းပြပေးပါ့မယ်ဘရိုရေ။ 💪
အကို ရန်ကုန်ဘယ်နားလောက် မှာ road bike ကောင်းကောင်းလေး ရနိုင်မလဲ ဗျ?
@lonelywolfcyclist
Жыл бұрын
Road Bike အကြောင်းတော့ ကျနော်သိပ်တော့မသိဘူးဗျ။ အသစ်ဝယ်ချင်ရင်တော့ တောင်ဥက္ကလာက The Bike Shop တို့၊ ရွှေဂုံတိုင်က Joy Trading တို့မှာ တချက်မေးကြည့်ကြည့်ပါဘရိုရေ။ 🤘
700 c နဲ့ City Bike က အတူတူပဲလားဗျ
@lonelywolfcyclist
Жыл бұрын
တခြားနိုင်ငံကလူတွေ တော်တော်များများကတော့ 700c တွေကို City Bike လို့ ခေါ်ကြတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ပုံစံအမျိုးမျိုးသော 700c တွေကို နေ့စဥ်အလုပ်အသွားအလုပ်ပြန်နဲ့ ပိတ်ရက်မြို့တွင်းမြို့ပြင် ဘာညာသွားတဲ့အချိန်စီးကြတာများလို့ပါ။ အသေးစိတ်သိချင်ရင်တော့ Google မှာ ဆက်လေ့လာကြည့်ဖို့ အကြံပေးလိုပါတယ်ဘရိုရေ ✌️
52cm 700c မှာပြီးဖြစ်နေလို့ 5'10" အရပ်နဲ့အဆင်ပြေနိုင်လားဗျ။
@lonelywolfcyclist
Жыл бұрын
ပြေလောက်မယ်ထင်တယ်ဗျ။ တကယ်လို့ နည်းနည်းကြီးရင် ထိုင်ခုံနှိမ့်စီးပေါ့။
@htinaungkyaw2383
Жыл бұрын
@@lonelywolfcyclist ကျွန်တော်က ကြီးမှာမစိုးရိမ်ဘူး bro ရေ။ frame size chart ထဲက အတိုင်းဆိုရင် ကျွန်တော့်အရပ်အတိုင်းဆို 54-55 လောက်ရှိရမယ်ဆိုနေလို့ဗျာ။ ခုဟာက 52 ဖြစ်နေလို့ bro
@lonelywolfcyclist
Жыл бұрын
@@htinaungkyaw2383 ဒါဆိုထိုင်ခုံပိုက်ရှည်တာမျိုးရှာပြီးမြှင့်စီးကြည့်ပါဘရိုရေ။
700cကယခုပေါက်ဈေးနဲ့ဆိုဘယ်လောက်လောက်ရှိလဲ ဘရားသား
@jackis1233
Жыл бұрын
၂သိန်း နီးပါးလောက်ရှိပါတယ်ဗျ
@lonelywolfcyclist
Жыл бұрын
တချို့ဈေးပေါတဲ့ 700c အမျိုးအစားတွေရှိတယ်ဗျ။ ဒါပေမဲ့ အမျိုးအစားညံ့နိုင်တယ်။ တစ်ခါတလေကံကောင်းရင်တော့ ၁သိန်းခွဲကျော်ကျော်နဲ့ နည်းနည်းကောင်းတာမျိုး ရတတ်သလို၊ အမျိုးအစားကောင်းပြီး လူကြိုက်များတဲ့ Giant Escape ဘရမ်းထဲကဆိုရင်တော့ ၂သိန်းကျော် ၂သိန်းခွဲကျော် စသဖြင့်လောက်က စရှိနိုင်တယ်ဘရိုရေ။
စော်ဘွားကြီးကုန်းက Second တို့ ကွန်တိန်နာကျ တို့ မှာဈေးတန်ပြီးပစ္စည်းကောင်းတဲ့ ဆိုင် လေး သိရင် ညွှန်းပေးပါလား ခင်ဗျ
@lonelywolfcyclist
Жыл бұрын
အဲ့လိုတော့သိတဲ့ဆိုင်မရှိဘူးဘရိုရေ။ စော်ဘွားကြီးကုန်းသွားမယ်ဆိုရင်တော့ နားလည်တဲ့သူနဲ့သွားတာ အကောင်းဆုံးပဲဘရိုရေ။ ဂျင်းတွေလည်းရှိတတ်လို့ပါ။
@kaungsett2159
Жыл бұрын
@@lonelywolfcyclist ဟုတ်ကဲ့ ကျေးဇူးပါ ခင်ဗျ
၃၅၀၀၀၀လောက်နဲ့mtb ကောင်းလေးရနိုင်လား
@lonelywolfcyclist
Жыл бұрын
ကံအလွန်ကောင်းရင်တော့ ရနိုင်ပါတယ်ဗျ။ ဒါပေမဲ့ 29er Size မောင်တိန်းကောင်းကောင်းတစီးကတော့ ၆သိန်းအထက်လောက်ကနေစရှိနိုင်ပါတယ်။
700cc ထဲမှာ သုံးသိန်းနဲ့ဆို brand ကောင်းကောင်းရနိုင်လား bro
@lonelywolfcyclist
10 ай бұрын
ရနိုင်ပါတယ်ဘရိုရေ။ Giant Escape ထဲ ကတချက်ရှာကြည့်နော်။
@Godofass-dk1yl
10 ай бұрын
@@lonelywolfcyclist ဟုတ်ကျေးဇူးပါ bro
Mountsinbikeကိုshock atအစံနဲ့လိုချင်ပါတယ်။
@lonelywolfcyclist
Жыл бұрын
Full suspension ကိုဆိုလိုတာလားဘရိုရေ။
@thitminthitminthetnaingsoe5838
Жыл бұрын
@@lonelywolfcyclist ဟုတ်ပါတယ်
@thitminthitminthetnaingsoe5838
Жыл бұрын
Fullysuspensionsက်ုပြောတာပါကှနာ်ကဝိတ်မိားလ်ုင်္ပြးတော့ျလဖြတ်ခားလို့အောက်ပ်ုင်းမသန်ျသးလ်ု့ပါ.
@lonelywolfcyclist
Жыл бұрын
@@thitminthitminthetnaingsoe5838 အဲ့လို Full suspension ဘီးမျိုးကတော့ ကွန်တိန်နာကျထဲကအရင်မော်ဒယ်တွေဆိုရင်တော့ စျေးသက်သာတယ်ခင်ဗျာ။ ဒါပေမဲ့ အသစ်တွေဝယ်မယ်ဆိုရင်တော့ စျေးတော်တော်တော့မြောက်တယ်ခင်ဗျ။ ဖေ့စ်ဘွခ်ပေါ်က Mountain Bike အရောင်းအဝယ်ဂရုတွေထဲဝင်ပြီးတချက်လေ့လာကြည့်ဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။
@thitminthitminthetnaingsoe5838
7 ай бұрын
ခုလိုရီငါးပြကေးတဲ့brotherကိုကေိးဌူးနင်ပါနယ်ခင်ဗျားntoyherရဲ့lonelywlfchennalsထဲဝင်ကြည့်လိုက်ပါ့မယ်ခင်ဗျား
Mountainsbikesကိုshocksbsorbersစံုနဖဲဆိုရင်ဘယ်လောက်လောက်ုန်ကျမလဲ
@lonelywolfcyclist
Жыл бұрын
Mountain Bike ထဲကဆိုရင် Scott, Giant, Trek, Merida, GT အမျိုးအစားတွေရဲ့ နောက်ပိုင်းထွက်တဲ့ မော်ဒယ်တွေကိုဦးစားပေးရှာပါဘရိုရေ။ မဝယ်ခင်မှာတော့ သေချာလေ့လာပြီးမှသာဝယ်ပါနော်။ 💪
700ccလှျော့်ဘား စျေးက ဘယ်လောက်လောက်ရှိ လည်း စျေးတန်ပြီး သုံးပြီးသားပစ္စည်း ကောင်းကောင်းလေးmdy မှာ လေး
@lonelywolfcyclist
11 ай бұрын
Mdy မှာတော့ကျနော်လည်း ဆိုင်မသိဘူးဗျ။ 700c ရှော့ဘားက တရုတ်ကလာတဲ့ ဆီရှော့တွေဆိုရင် ၆ သောင်းကျော်လောက်ကနေ အထက်လောက်ရှိနိုင်မယ်ထင်တယ်ဘရိုရေ။ ဂျပန်ကျထဲကရရင်တော့ ပိုကောင်းတယ်။
@hlamaung5918
11 ай бұрын
japan ကျက ဘယ်စျေး လောက်ရှိလည်း
@lonelywolfcyclist
11 ай бұрын
@@hlamaung5918 သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ အစားစားရှိတတ်တယ်ဘရိုရေ။ လိုင်းပေါ်မှာ တချက်လေ့လာကြည့်နော်။ လိုင်းပေါ်ကဝယ်မယ်ဆို လူလိမ်လည်းသတိထားပါနော်။
ရှင်းပြပေးလို့ကျေးဇူးပါညီလေး
@lonelywolfcyclist
Жыл бұрын
ဟုတ်ကဲ့။ Welcome ပါခင်ဗျာ။ 💪
MTB ဘီးတွေမှာဘယ်ဟာအကောင်းဆုံးလဲ အကို
@lonelywolfcyclist
Жыл бұрын
ဒါကတော့ အတတ်ပြောရခက်တယ်ဗျ။ သူ့အကြိုက်နဲ့သူမို့ အားလုံးက သူဟာနဲ့သူတော့ကောင်းကြပါတယ်။ ဒါပေမဲ့ MTB တစီး ဝယ်တော့မယ်ဆိုရင်တော့ အဓိကထားရွေးချယ်သင့်တဲ့ Brand တွေကတော့ Scott, Trek, Giant, Merida, GT, Marin အစရှိသဖြင့် Brand တွေထဲက ဂီယာအနည်းဆုံး 2x8 နဲ့အထက်ထဲက ကိုယ့်အရပ်နဲ့ကိုက်မဲ့ဘီးကိုသာ ရွေးဝယ်ဖို့ အကြံပေးလိုပါတယ်ဘရိုရေ။ 💪
ဂီယာ ၆ ချက် လွဲနေတာကို ဂီယာ ပြန်ချိန်နည်းလေး အသေးစိပ် တင်ဆက်ပေးပါဦး ဂီယာမမှန်တော့ရင် ကိုယ်တိုင်မလုပ်တတ်တော့ ဆိုင်ကိုပြေးနေရတယ် ရှေ့ ၁ နောက် ၆ အများလည်း လုပ်တတ်သွားအောင် သိသွားအောင်
@lonelywolfcyclist
Жыл бұрын
ဟုတ်ကဲ့။ ကျနော်လေ့လာပြီး အလျဥ်းသင့်ရင်သင့်သလို တင်သွားပေးပါမယ်ခင်ဗျာ။
@mgkar5841
Жыл бұрын
မဂ်လာပါ ခင်ဗျ ဝါသာနာတူတွေပါ လောဆယ် အပိုပစ္စည်းလိုနေတယ် နယ်ကပါ
@lonelywolfcyclist
Жыл бұрын
@@mgkar5841 ရန်ကုန်က စက်ဘီးပစ္စည်းရောင်းတဲ့ဆိုင်ကြီးတွေကနေ မှာလို့ရနိုင်ပါတယ်။ လိုင်းပေါ်ကနေ တချက်စုံစမ်းကြည့်ပါဘရိုရေ။
ဖားဘီး700ဘီးတို့ဆိုတာဘာကိုသတ်မှတ်ပြီးခေါ်တာလဲဗျဘယ်သူကိုမှမေးမရဘူးသိရင်ရှင်းပြပါလားbroရေမသိလို့ပါ
@lonelywolfcyclist
7 ай бұрын
အကြမ်းဖျင်းပြောပြရရင်တော့ 700c ဘီးဆိုတာကတော့ သူ့ရဲ့တပ်ထားတဲ့တာယာဆိုဒ်က 700c တာယာတွေနဲ့ ပြိုင်ဘီးနဲ့ဆင်တဲ့ မြို့တွင်း/မြို့ပြင်စီး Commute Bike, City Bike တွေကိုခေါ်တာပါဘရိုရေ။ ဖားဘီးကတော့ နိုင်ငံခြားအခေါ် Cruiser Bike လို့ခေါ်တဲ့ စီးရတာငြိမ့်ငြိမ့်ညောင်းညောင်းရှိတဲ့ပုံစံကြီးတွေရှိတဲ့ ဘီးကို ဖားဘီးလို့ ခေါ်တာပါဘရိုရေ။ ကျနော့်ရဲ့ Lonely Wolf ဆိုတဲ့ KZread Channel လေးထဲမှာ ဖားဘီးအကြောင်းရော၊ 700c ဘီးတွေအကြောင်းရော ဗီဒီယိုလေးတွေနဲ့ အသေးစိတ်ရှင်းပြပေးထားတာလေးတွေရှိလို့ စိတ်ဝင်စားရင်တချက်လောက်ဝင်ကြည့်ပေးလို့ရပါတယ်ဗျ။
Fixedတစ်စီးဘယ်လောက်ရှိလဲဗျ
@lonelywolfcyclist
Жыл бұрын
ကျနော်ကဝယ်ရောင်းသမားမဟုတ်တော့ Fixed ဈေးတွေကို အတိအကျတော့မသိဘူးဘရိုရေ။ ဒါပေမဲ့ Fixed Bike ရဲ့ ဈေးတွေကတော့ အခုချိန်တော်တော်မြောက်နေတယ်ကြားတာပဲဗျ။ 😥