ဟားဗတ်တက္ကသိုလ်က ထုတ်တဲ့ Generative AI စာအုပ်

ဟားဗတ်တက္ကသိုလ်က ထုတ်တဲ့ Generative AI စာအုပ်
AI ခေတ်မှာ အနာဂတ်အတွက်
လိုအပ်တဲ့ ကျွမ်းကျင်မှုက
Prompt Engineering တဲ့။
အကောင်းဆုံးအဖြေရဖို့
မေးခွန်းကိုသေချာမေးတာလို့
အလွယ်ဆုံးမှတ်ယူလို့ရတယ်။​
AI က အဖြေမေးဖို့
မေးခွန်း (Prompt = Input) မေးတဲ့အခါ
မေးတဲ့ အကြောင်းအရာကို
တိကျ၊​ ခိုင်မာ ပြီး သုံးသပ်မှုရှိရှိနဲ့မေးလေလေ
အဖြေရတာ ပိုကောင်းလေလေဖြစ်သွားမယ်။​
တိကျ
ကိုယ်မေးမည့်အကြောင်းကို တိတိကျကျမေးနိုင်ရမယ်။
ဘယ်အတွက်၊ ဘာကို၊ ဘယ်လို၊ ဘယ်ပုံစံထုတ်ပေး။
ခိုင်မာ
ခိုင်မာတဲ့အဖြေရဖို့ ဘယ်လို လူမျိုးအနေနဲ့ပြောပေးပါ။
သက်သေပြဖို့လိုရင် ထည့်ဖို့။
သုံးသပ်မှုရှိရှိ
ဒီလို မေးနိုင်ဖို့ ကိုယ်အဖြေရှာတဲ့ အကြောင်းအရာကို
Problem Formulation ကို သေချာသိရမယ်။​
ဘာပြဿနာကို ဖြေရှင်းမလဲ။​
ဒီပြဿနာကို ဖြေရှင်းဖို့
Problem diagnosis
ပြဿနာရဲ့အရင်းအမြစ်ကို အဖြေရှာနိုင်ဖို့လိုတယ်။
ရှုပ်ထွေးတဲ့ ပြဿနာကြီးကို
Problem Decomposition
တစ်စစီဖြုတ် သုံးသပ်တတ်ဖို့လိုတယ်။
မတူညီတဲ့ ရှုထောင့်က ပြဿနာကို မြင်ကြည့်
Problem Reframing လုပ်ဖို့လိုတယ်။
ပြဿနာကို ဖြေရှင်းဖို့
ကိုယ်အသုံးပြုနိုင်တဲ့ ငွေကြေး၊ လူသား
အရင်းအမြစ်၊ လည်ပတ်ပုံကို
ကန့်သတ်ပြီး
Problem Constraint Design လုပ်နိုင်ဖို့လိုတယ်။​
ဥပမာ ငါရောင်းအားတွေကျနေတာ
တက်အောင်လုပ်ပေးလို့မေးလိုက်လို့ရတယ်။
AI ကလဲ ဖြေမှာပဲ။​
ဖုန်းဆိုင်တစ်ဆိုင်မှာ
အရောင်းဝန်ထမ်းငါးယောက်ထွက်သွားတယ်။
ရောင်းအားကျသွားတယ်။​
ဒီလို အရောင်းဝန်ထမ်းထွက်နေတာ
ခဏခဏ ရှိပြီ။
ဒီလို ဝန်ထမ်းထွက်တာက
ကိုယ့်ဆိုင်မှာ တခြား Brand က
Sales rep အရောင်းသမားတွေ
ကောင်တာနဲ့ လာရောင်းမှ ဖြစ်လာတယ်။
ဒါက လွန်ခဲ့တဲ့တစ်နှစ်ထဲက။
ဒီအပေါ်မူတည်ပြီး ကြည့်တဲ့အခါ
ပြဿနာ ရဲ့ အရင်းအမြစ်က
ရောင်းအားကောင်းဆိုသလောက်
မရိုးရှင်းဘူး။
HR ပြဿနာနဲ့ Key Partnership ပိုင်းမှာ
အရင်းခံ ပြဿနာဖြစ်နေပြီ။
ပြဿနာကို Decomposition လုပ်ကြည့်ရင်
အရောင်းသမားသစ်တွေကို
ဘယ်လို ခန့်အပ်လဲ။​
ဘယ်လို သင်ကြားလဲ။​
နောက် တခြားအမှတ်တံဆိပ်က
လာရောင်းတဲ့ ဝန်ထမ်းတွေကို
ကုမ္ပဏီက ပေးတဲ့အတိုင်းပဲယူလား။​
ကိုယ်တိုင်ရွေးချယ်လား။
ရောက်လာရင် သေချာ သင်တန်းပြန်ပေးလား။
လိုက်နာရမည့် စည်းကမ်းတွေ သေချာပြောလား။
ဒါကို problem reframe ပြန်လုပ်ရင်
နောက်ပိုင်း အသစ်ကုမ္ပဏီကချပေးတဲ့
ဝန်ထမ်းတွေကို
ကိုယ့်လုပ်ငန်းက Sales Team က
သူတို့နဲ့ ကိုက်မကိုက်ရွေးပြီးမှ
အလုပ်ခန့်မယ်ဆိုရင် ဘယ်လိုဖြစ်နိုင်မလဲ။
နောက် Problem Constraint Design
အနေနဲ့ဆိုရင်
သတ်မှတ်ထားတဲ့ Job Description နဲ့
Position Agreement တွေကို
အလုပ်ချိန်တွင်း၊ ပေးမည့်လစာ၊
နောက် လိုက်နာရမည့်စည်းကမ်းနဲ့
Sales Team က Sales Leader ဆီကို
တခြားကုမ္ပဏီ brand က sales team က
reporting တက်ဖို့ အသေးစိတ်
ထုတ်ပေးဖို့ကို AI ကို ခိုင်းလို့ရပြီ။​
ဒါကတော့ AI မှာ prompt engineering
အသုံးပြုတဲ့အခါ သူ့တစ်ခုတည်းမဟုတ်ပဲ
problem formulation နဲ့ ပေါင်းစပ်
အသုံးပြုလို့ရတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။
Phyo Paing @ Derek
အသေးစိတ် ဒီလိုစာအုပ်တွေ ကြည့်ရှုလိုပါက
www.insidernote.app မှာ
Toe Tet Insidernote ရှိပါတယ်။

Пікірлер: 5

  • @DrPhyoPaing
    @DrPhyoPaingАй бұрын

    Amazon - /ˈæməˌzɒn/ Monopoly - /məˈnɒpəli/ Benefits - /ˈbɛnɪfɪts/ မြန်မာမှုပြုရင်း အသံထွက်တွေ မြန်မာလိုဖြစ်သွားတယ်။ :D

  • @aaronchen3196
    @aaronchen3196Ай бұрын

    ❤❤love

  • @waiyanaung4173
    @waiyanaung4173Ай бұрын

    ပြသာနာဖြေရှင်းတဲ့နေရာမှာ smart ဖြစ်တာလေး သဘောကျတယ်

  • @EiZarPhyo-ik3tq
    @EiZarPhyo-ik3tqАй бұрын

    AI ကိုကြောက်စရာလို့မြင်နေခဲ့တာ ကျေးဇူးပါရှင့်

  • @tinnan1971
    @tinnan1971Ай бұрын

    broပြောတာတွေ သိပ်မရှင်းဘူး

Келесі