ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကြားက ဆက်ဆံရေး - BBC News မြန်မာ

Ойын-сауық

NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ပါတီနာယက သူရဦးတင်ဦးဟာ ဇွန် ၁ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပါတီစတင်တည်ထောင်သူတွေထဲက ‘အောင်စုတင်’လို့ အများသိကြတဲ့ ဗိုလ်မှူးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့မှာ ခုဆို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက သက်ရှိထင်ရှားကျန်ရှိပါတော့တယ်။ သူရဦးတင်ဦးဟာ ပါတီဥက္ကဋ္ဌ တာဝန်ကို ခေတ္တသာတာဝန်ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တစ်လျှောက်လုံး ထောက်ခံပံ့ပိုးသူနေရာကနေ ရှိခဲ့တဲ့ သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိခဲ့ပါသလဲ။ သူရဦးတင်ဦးရဲ့ သားဖြစ်သူ ဦးသန့်ဇင်ဦး ပြောပြချက် ရုပ်သံမှာကြည့်ပါ။
#ဘီဘီစီမြန်မာပိုင်း #ဒေါ်အောင်ဆန်းစုကြည် #သူရဦးတင်ဦး #ဒီမိုကရေစီ #ပြည်တွင်းစစ် #မြန်မာ

Пікірлер

    Келесі