COVID-19 Information Burmese (page 4)

သင်ကိုယ်တိုင်နှင့် အခြားသူများကို COVID-19 မှ ကာကွယ်နိုင်ပါတယ်။ အိမ်ပြင်ပထွက်သည့်အခါ နှာခေါင်းစည်းကို နှာခေါင်းနှင့် ပါးစပ်ဖုံးအုပ်အောင် တပ်ဆင်ပါ။ အများသုံးနေရာများအတွင်းတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းဖြင့် သင်နှင့် အခြားသူများကို COVID-19 မှ ကာကွယ်ပါတယ်။ နှာခေါင်းစည်းတပ်လျှင် လေထဲရှိဗိုင်းရပ်စ်ပိုးကို ရှူသွင်းခြင်းကြောင့် ဖျားနာနိုင်ခြေ နည်းပါတယ်။ လူတိုင်းသည် နေမကောင်းဖျားနာသည်ဟု မခံစားရသောကြောင့် COVID-19 ရှိနေသည်ကို မသိခြင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင် နှာခေါင်းစည်းတပ်ခြင်းသည် အခြားသူများထံသို့ ဗိုင်းရပ်စ်ကူးစက်မည့်အဖြစ်မှ လျော့နည်းစေပါသည်။ ဆေးဆိုင်များတွင် အခမဲ့ရနိုင်သောနှာခေါင်းစည်းများ ရှိသလားဟု မေးပါ။
နှာခေါင်းစည်းများကို ထိရောက်မှုရှိအောင် သေချာတပ်ဆင်ရမည် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ဖုံးအုပ် တပ်ဆင်ပါ အပေါ် သို့မဟုတ် ဘေးဘက်များမှ လေအဝင်အထွက်မရှိအောင် သေချာတပ်ဆင်ပါ နှာခေါင်းစည်းများကို သန့်ရှင်းသောလက်နှင့် တပ်ပါ ချွတ်ပါ တပ်ဆင်ပြီးပါက မျက်နှာပေါ်ရှိ နှာခေါင်းစည်းကို မထိပါနှင့် အဝတ်အစားများနှင့် ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်းများကို နေ့စဥ်သန့်ရှင်းရေးလုပ်ပါ။. တစ်ခါသုံး နှာခေါင်းစည်းများကို တစ်ကြိမ်သာ အသုံးပြုပါ စိုပြီး ညစ်ပေသော နှာခေါင်းစည်းများကို သန့်ရှင်းခြောက်သွေ့သော နှာခေါင်းစည်းနှင့် ချက်ချင်းအစားထိုးပါ။ 2 နှစ် နှင့် အထက် ကလေးများကို နှာခေါင်းစည်း တပ်ဆင်ရန် သင်ပေးပါ။.
နေရာကျယ်ကျယ်တွင် အကွာအဝေး ချဲပြီးနေပါ။. COVID-19ကြောင့် ဖျားနာခြင်းမဖြစ်ပွားစေရန် လူထူထပ်သောနေရာများကို ရှောင်ရှားပါ၊ လူတစ်ဦးနှင့် တစ်ဦးကြား အကွာအဝေးချဲပြီးနေပါ။
လက်ဆတ်သော လေကောင်းလေသန့်ကိုရှူပါ။ COVID-19 သည် အဆောက်အဦးပြင်ပ လဟာပြင်ထက် အလုံပိတ် အဆောက်အဦးများအတွင်းတွင် ပိုမိုလွယ်ကူစွာ ပျံ့နှံ့ပါတယ်။ အဆောက်အဦးပြင်ပတွင် နေပါ သို့မဟုတ် အဆောက်ဦးတွင်းသို့ လတ်ဆတ်သောလေဝင်စေရန် ပြတင်းပေါက်များဖွင့်ပါ၊ ပန်ကာများအသုံးပြုပါ။
သင့်_x000B_လက်များကို_x000B_ မကြာခဏဆေးကြောပါ၊ အများသုံးနေရာများသို့ သွားလာသည့်အခါ၊ အထူးသဖြင့် နှာရည်ညှစ်ပြီးသည့်အခါ၊ ချောင်းဆိုး နှာချေပြီးသည့်အခါတွင် မကြာခဏဆိုသလို လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် 20 ကြာအောင် ဆေးပါ။ လက်ဆေးရန် မဖြစ်နိုင်ပါက လက်သန့်စင်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။

Пікірлер

    Келесі