Cing Boih - အနှိုင်းမဲ့တဲ့မေတ္တာရှင်

Mini Gospel Album - အသင့်ပြင်ထား (2018)
အနှိုင်းမဲ့တဲ့မေတ္တာရှင်
တေးရေး ၊ Tracy Kim
တေးဆို ၊ Cing Boih
ဒုစရိုက်ပြည့်နှက်တဲ့လောကမှာ နေထိုင်အသက်ရှင်ရင်း
ဟန်ဆောင်မှုများဖုံးလွမ်းထားတဲ့ဒီကမ္ဘာကြီးမှာ
ဒုက္ခရောက်ခိုက်အားပေးမယ့်သူ မရှိတော့တဲ့အချိန်မျိုးမှာ သင့်ရဲ့အနားနား အမြဲတမ်းရှိသူ
ကိုယ်တော်ဘုရားရှင်ကို
ယုံကြည်ကိုးစားလိုက်ပါလား ရှေ့ဆက်ရမယ့်နေ့ရက်တိုင်းမှာ ကိုယ်တော်ပါရှိရင်
ဘာမှကြောက်စရာမလိုတော့ပါ လုံခြုံစိတ်ချမှုတွေပေးနိုင်တဲ့ သခင့်ကို အစဉ်အမြဲ အားကိုးယုံကြည်လိုက်ပါ
တစ်ပါးတည်းသားတော်ကို စွန့်သည့်တိုင်အောင် သင်နှင့်ကျွန်ုပ်ကို ချစ်သူ
အနှိုင်းမဲ့တဲ့မေတ္တာရှင်သခင် ထိုသားတော်ကို ယုံကြည်လျှင် ထာဝရအသက်ရမည်
ပျက်စီးခြင်းသို့မရောက် ကယ်တင်ခြင်းအမွေပေးမည်
ယုံကြည်အားကိုးလိုက်ပါတော့ ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းမှာ ကိုယ်တော်ပါရှိရင်
ဘာမှ ကြောက်စရာမလိုတော့ပါ တမလွန်အတွက် စိတ်ချနိုင်မယ့်
သခင့်ကို အစဉ်အမြဲအားကိုး ယုံကြည်လိုက်ပါ

Пікірлер: 5

  • @shalomkhai
    @shalomkhai5 жыл бұрын

    Nak sak siam lua Cing Boih.

  • @mungnemministryofficial

    @mungnemministryofficial

    11 ай бұрын

    Lungdam lua ei

  • @SalaiJonahOfficial
    @SalaiJonahOfficialАй бұрын

    Amen

  • @kimmung4904
    @kimmung4904 Жыл бұрын

    Amen

  • @mungnemministryofficial

    @mungnemministryofficial

    11 ай бұрын

    thank you so much