No video

ဘိုင်ဒန်၏ ယူကရိန်းမူဝါဒက တတိယကမ္ဘာစစ် ဖြစ်စေလိမ့်မည်ဟု ထရမ့်ပြော

ဘိုင်ဒန်၏ ယူကရိန်းမူဝါဒက တတိယကမ္ဘာစစ် ဖြစ်စေလိမ့်မည်ဟု ထရမ့်ပြော
CNI International News
နယူးယောက်၊ ဖေဖော်ဝါရီ ၂၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ယူကရိန်းအရေး မူဝါဒသည် တတိယကမ္ဘာစစ်ကို ဖြစ်စေနိုင်သည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းအရေးနှင့် ပတ်သက်သည့် ဘိုင်ဒန်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၊ နားလည်မည်ဆိုလျှင် သူသည် စနစ်တကျ လုပ်ဆောင်နေသည့်တိုင် ဘာကို လုပ်နေသလဲကို မသိကြောင်း၊ ထိုလုပ်ရပ်က တတိယ ကမ္ဘာစစ်ကြီးအထိ ဖြစ်စေနိုင်ကြောင်း၊ ရူးနှမ်းမှုဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
Website တွင်ဖတ်ရှုရန် - - - cnimyanmar.com/.../poli.../12...
Source: တာ့စ်
#ဒေါ်နယ်ထရမ့် #တတိယကမ္ဘာစစ် #ဘိုင်ဒန် #ယူကရိန်းမူဝါဒ #နိုင်ငံရေး #နိုင်ငံတကာ #CNImyanmar #cninews
CNI Telegram Channel-----t.me/ChannelNewsIndependent
CNI Twitter Link----- / channelnewsind1

Пікірлер: 9

  • @myintkyi819
    @myintkyi819 Жыл бұрын

    တတိယကမ္ဘာစစ်ရဲ့မီးပွားဟာ...ဘိုင်ဒင်ဖြစ်လာနိုင်ပါတယ်။

  • @koaung1464
    @koaung1464 Жыл бұрын

    သေချာတာပေါ့ တတိယကဘာစစ်ကိုဦးတည်နေပြီ

  • @moewar4169
    @moewar4169 Жыл бұрын

    အမေရိကန်က ဂျပန်ကို နျူနဲ့ လူမျိုးတုန်းသက်တုံးက စစ်ပွဲ အဆုံးသက်ပေါ့ အခုလဲ ရုရှားက အဲလိုအဆုံးသက်ရင်သက်နေမှာ

  • @myochitmin6620
    @myochitmin6620 Жыл бұрын

    ရုရှားက မနိုင်တဲ့အဆုံးတော့ ဒုတိယ ကမ္ဘာ စစ် အမေရိကန် နိပွန်ကိုအနုမြူဗုံးနဲ့အဆုံးသတ်သလိုလိုဖြစ်ဘို့များ......သိကြတဲ့အတိုင်း နိပွန်ဖက်ဆစ်က တော်ရုံတန်ရုံရှုံးရုံနဲ့ အရှော့ပေးမဲ့ပုံမပြ......ဇလန်စကီး ကလဲ အနောက်အုပ်စု ကျောထောက်နောက်ခံနဲ့ နိုင်နိုင်မယ်ယူဆ ဆက်တိုက်နေမှာ ရုရှား မခံနိုင်တဲ့အဆုံး....... ပူတင် နေရာဝင်စဥ်းစားကြည့်

  • @aungmyatkyi7929
    @aungmyatkyi7929 Жыл бұрын

    ဖြစ်နိုင်တယ်နော် -- စားလည်းရှူး ဆုပ်လည်း ဆူး" လွယ်တော့မလွယ်ဘူးနော် / သေတာလည်း နည်းတာမဟုတ်ဘူး/နောက်ထပ်လည်း တန်းစီနေတယ်' အခုကတည်းက - အိမ်ထောင်ရေး ကွဲ ရှင်းထားကြ

  • @myochitmin6620
    @myochitmin6620 Жыл бұрын

    ရုရှားက အနုမြူဗုံးသုံးလို့ဆိုပြီး အမေရိကန် ကတခါဝင်ပါရင်.... ကမ္ဘာကြီး......ပွဲသိမ်းပြီ

  • @AungKaungMyat-cf5rx
    @AungKaungMyat-cf5rx Жыл бұрын

    ဒီနေ့မှတ်ချက်အရတော့တကယ်ဖြစ်တော့မယ်ဗျ

  • @user-ml7dd7it3c
    @user-ml7dd7it3c Жыл бұрын

    ဟိုင်းယား ဂျိုးအိုတဲ့ကွ. .ချချ ဂျပန်ကို လက်ဦးမှုယူပြီး အဏုမြူကြဲပစ်တာ .ခုချိန်ထိ ပွကြီးကို အဘခေါ်နေရတယ်.ဟုတ်တယ်ဟုတ်....ဒို့ပွကြီးကွ..စေတနာ.မေတ္တာတွေ လာမပြောနက်..လည်သူစားဘဲ အနောက်ကုန်းသားတွေ ဖိမ့်ဖိမ့်တုံအောင်.ကြောက်တဲ့ ပွပွ.ဟုတ်ဝူးးးး

  • @phoethutaw1405
    @phoethutaw1405 Жыл бұрын

    ထရန့်အနိုင်ပြန်ရမှစစ်မီးငြိမ်းမည်ဗျာဘိုင်ဒင်ကလူစိတ်ပျောက်ခွေးစိတ်ပေါက်နေပြီဗျ

Келесі