၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် မသင်းမြနွေး၏ အကြံပေးချက်များ

ညီမလေး သင်းမြနွေး ဟာ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံတက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့် ပထမဆု ရရှိခဲ့သူ ဖြစ်ပါတယ်... ဒီ Video လေးမှာတော့ နောင်လာမယ့် ကျောင်းသားကျောင်းသူများအတွက် သူမ လိုထူးချွန်အောင် စာလုပ်နည်း စနစ်နှင့် အကြံပေးချက်များကို ပြောပြပေးထားပါတယ်..
နောင်မှာလည်း ကျောင်းစာသာမက ကလေးတွေရဲ့ သင်ယူနည်းစနစ်နဲ့ မိဘတွေအတွက် Parenting Tips လေးတွေကိုလည်း မျှဝေပေးသွားမှာဖြစ်လို့ ဒီ MMtutors Channel လေးကို Subscribe လုပ်ထားပါနော်..

Пікірлер: 2

  • @LiamJack-oz7jb
    @LiamJack-oz7jb Жыл бұрын

    ဟုတ်ကဲ့ 5 Dပါ ... ဒီနေ့အောင်စာရင်းထွက်တော့မယ်ဆိုတော့ မနက်ကစဉ်းစားထားတာက “Jun 17th gonna be my happiest day ”ပါ..ဆရာဆရာမတွေနဲ့မိဘရဲ့ကျေးဇူးကိုဒီနည်းလမ်းနဲ့ပဲဆပ်နိုင်တော့မယ်ဆိုတဲ့အတွေးနဲ့အိပ်လို့မပျော်ခဲ့ဘူး အရမ်းတော်တဲ့သူတစ်ယောက်မဟုတ်ပေမယ့် All Dဆိုတာကိုယ့်အတွက်လို့အမြဲစိတ်ထဲထားခဲ့တယ် ယုံကြည်ခဲ့တယ်ရှင့် ..သမီးရဲ့မေမေကငယ်စဉ်ကတည်းကThe Whole Burma 1-10ဆိုတာနဲ့ရင်းနှီးအောင်လုပ်ပေးခဲ့တယ် သူတို့ကြိုးစားရပုံတွေအကုန်သိအောင်ပြောပြပေးခဲ့တယ် သမီးရဲ့အစ်ကိုကြီးNaing Lin Kyawကလည်း2010မှာThe Whole Burma Top 10 မှာ နံပါတ် ၁၀ ရခဲ့တာဆိုတော့သမီးမေမေကအရမ်းဖြစ်စေချင်ခဲ့တယ် အဲ့စိတ်နဲ့ပဲသမီးအရမ်းကိုကြိုးစားခဲ့တယ်..၉တန်းစာမေးပွဲပြီးလို့နွေရာသီအားလပ်ရက်တွေမှာတောင်ဒီဆယ်တန်းစာကိုပဲ မနက်၆နာရီကနေ ည၉နာရီအထိလုပ်ခဲ့တယ်..Englishစာမှာဆိုရင်လည်းအရမ်းကိုကြိုးစားချင်လွန်းလို့ ၂တန်းကတည်းကGrammar ဆရာကောင်းကောင်းတွေ နဲ့သင်တယ်..၄တန်းမှာလည်းEnglishစာစွမ်းရည်မှာ ရှမ်းပြည်နယ်တစ်ခုလုံးပထမရခဲ့တယ် နှစ်တိုင်းဒီEnglishစာပြိုင်ပွဲတွေဆက်တိုက်ဆိုသလိုပြိုင်ခဲ့တယ် ..သမီးဘဝမှာအလိုချင်ဆုံး၊ဂုဏ်ထူးအထွက်ချင်ဆုံး နဲ့ ယုံကြည်မှုအရှိဆုံးဘာသာဆိုရင်Englishလို့ပဲပြောရပါမယ်ရှင့်..သမီးအခုကြွားဝါတာတစ်ခုမှမဟုတ်ပါဘူးရှင် သမီးအခုလိုEnglishမထွက်တဲ့အတွက်ဘယ်လောက်တောင်စိတ်ဆင်းရဲရမလဲဆိုတာကိုသိစေချင်ယုံပါရှင့်..သမီးအရမ်းအရမ်းအားနာပါတယ် သမီးကိုမျှော်မှန်းထားတဲ့မေမေနဲ့ဖေဖေ၊ဆွေမျိုးအသိုင်းအဝိုင်း၊ဆရာဆရာမတွေအကုန်လုံးကိုသမီးတောင်းပန်ပါတယ်..သမီးတကယ်အသုံးမကျသလိုခံစားရပါတယ်ရှင်..သမီးရဲ့ဆရာတစ်ယောက်ဆိုရင်သမီးကိုအရမ်းဖြစ်စေချင်လွန်းလို့ သမီးကိုနေ့စဉ်နှင့်အမျှစာကူကျက်ပေးတယ် “ငါ့သမီးခြောက်ဘာသာနဲ့The Whole Burmaဝင်လို့ကတော့ဆရာက ကနေမှာ၊အကုန်လုံးကိုလည်းပတ်ကြွားမှာငါ့တပည့်လေးကို”တဲ့..သမီးကိုအဲ့လောက်မျှော်လင့်ထားတဲ့ဆရာကိုဒီလိုနည်းနဲ့သမီးကကျေးဇူးဆပ်လိုက်မိတာ..ပိုဝမ်းနည်းတာကဆုံးသွားတဲ့ဆရာကြီးဦးလှရွှေအတွက်ပါ..ဆရာကြီးကEnglish ထွက်မယ်ဆိုတာကိုယ့်ကိုအရမ်းယုံကြည်ပေးခဲ့တာ ဆရာကြီးအတွက်ကျေးဇူးမဆပ်နိုင်ခဲ့ဘူး ..ဘယ်တုန်းမှဒီလိုမရေးတင်ခဲ့ပါဘူး..တကယ်အရမ်းကိုခံစားရလို့ပါ..သမီးနဲ့ပေါင်းတဲ့သူတိုင်း သမီးနဲ့ခင်တဲ့သူ ရင်းနှီးတဲ့သူ၊သမီးအကြောင်းသိတဲ့သူတိုင်း သမီးရဲ့ခံစားချက်ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်😔 ဆယ်တန်းကဘဝမဟုတ်ပေမယ့် သမီးအတွက်ကတော့ဘဝပါပဲ သမီးကိုမျှော်လင့်ထားသူတွေအတွက်တော့ သမီးရဲ့resultကတကယ်ကိုဘဝကြီးပါပဲရှင်😞မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်သလိုခံစားရပါတယ်...၅ဘာသာထွက်ပြီးဘာဖြစ်လို့ငိုနေလဲဆိုတော့အများကြီးမျှော်လင့်ခဲ့လို့ပါ..မောင်လေးညီမလေးတွေရှိမယ်ဆိုရင်လည်းအရမ်းမမျှော်လင့်ကြဖို့ပြောချင်တယ်..The more you expect,the more you get hurt! တစ်မိသားစုလုံးစိတ်ဆင်းရဲပြီးပျော်ရွှင်ချိန်လေးတွေတောင်မရနိုင်တော့ဘူး😔အစ်ကိုကြီးကတော်ခဲ့သလောက်သမီးအစွမ်းကုန်မကြိုးစားလိုက်နိုင်ဘူး အရဆုံးဘာသာမှာမှကျန်ခဲ့တဲ့အတွက်ရင်နာလို့မဆုံးတာအမှန်ပါ😞

  • @user-bn4bw6os3h
    @user-bn4bw6os3h Жыл бұрын

    အရမ်းအားကျပါတယ်အစ်မ

Келесі